Ferrari တို့ အတွက် ပထမဆုံးသော SUV ကားလောကထဲ ခြေချစေတဲ့ ကားတစ်စီးအဖြစ် Purosangue ဆိုတဲ့ ကားကို အခုလ အစောပိုင်းလောက်တုန်းက မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါကားကတော့ အဓိက ပြိုင်ဘက် တွေအဖြစ် Lamborghini Urus ၊ Aston Martin DBX တို့ကို အဓိက ယှဉ်လာရနိုင်ဖို့ရှိကာ အဆိုပါကားတွေရဲ့ Super SUV ပုံစံနဲ့လည်း အနည်းငယ်တော့ ကွဲပြားမှု ရှိလာပါတယ်။ အဆိုပါ ကားတွေထဲကမှ Purosangue ကို ပိုပြီး မြင်ကြည့်ချင်ကြတဲ့ Truck Version နဲ့ ဒီဂျစ်တယ်ပုံကြမ်း ဖော်ကြည့်တဲ့ အခါမှာတော့ အတော်လေးကို အံ့အား သင့်စရာ ပုံရိပ်တွေ မြင်လာရပါတယ်။ ဟန်ဂေရီနိုင်ငံ အခြေ စိုက် X-Tomi Design က ဖန်တီးထားတဲ့ အခုကား ပုံကြမ်းတွေမှာ တံခါး ၂ ပေါက်ပဲပါမယ့် Purosangue Truck ကို မြင်ရမှာဖြစ်ပြီး ဩစတြေးလျနဲ့ နယူးဇီလန် ဈေးကွက်တွေထဲ အတွေ့ရများတဲ့ ကားပုံစံလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့ဘက်မှာ တံခါး ၂ ပေါက်ပါပြီး အနောက်ဘက်မှာ ခရီးသည် လိုက်ချင်လိုက်လို့ ရသေးတဲ့ နောက်တွဲနဲ့ Utes လို့ခေါ်တဲ့ ကားအမျိုးအစားတွေ ပုံစံ ပါပဲ။

Photo Credit: motor 1.com

သေချာတာကတော့ အခုကားပုံကြမ်းက Ferrari လို ကုမ္ပဏီမျိုးအတွက် ဘယ်လိုမှကို ထုတ်ပေးဖို့ မဖြစ်နိုင် သလောက် ရာခိုင်နှုန်းနည်းတဲ့ ကားဖြစ်ပေမယ့်လည်း ဒီဇိုင်းကတော့ တကယ် ချီးကျူးချင်စရာပါ။ အဓိက က Truck Version ဖန်တီးလိုက် ချိန်မှာတောင် အတော်လေး အချိုးကျကျနဲ့ ကိုက်ညီနေတဲ့ Purosangue ရဲ့ ကိုယ်ထည် ကို အသိအမှတ်ပြုရမှာဖြစ်ပြီး အထူးသဖြင့် Overhang ခပ်တိုတိုတွေနဲ့ အရှေ့ဘက်က ခပ်လျှောလျှော လေကာမှန် လေးတွေက အသက်လို့တောင် ဆိုလို့ရပါတယ်။ ကားပုံတွေကို ရုတ်တရက် ကြည့်လိုက်ရင်တောင် Hyundai Santa Cruz နဲ့ ခပ်ဆင်ဆင်လို့ ဆိုလို့ရနိုင်ပေမယ့် ဆင်တူတာမျိုးသာ ပိုဖြစ်နိုင်ပါတယ်။

Photo Credit: motor 1.com

အခုလို ကားအတွက်တော့ မူလ Purosangue ကားမှာကတည်းက 6.5 Liter Naturally-Aspirated V12 Engine ပါဝင်ထားတာ ဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 715 hp နဲ့ 528 lb-ft Torque အထိ ရှိထားတာ ဖြစ်ပါတယ်။ တကယ်သာ ထုတ်လုပ်ဖြစ်မယ် ဆိုရင်တော့ ဒီ အနေအထား အတိုင်းကိုပဲ ကမ္ဘာ့အကောင်းဆုံးနဲ့ အမြန်ဆုံး Truck တွေထဲက တစ်စီး ဖြစ်လာပါလိမ့်မယ်။ အကြောင်းကတော့ တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်ရဖို့ ဆိုရင်တောင် ၃.၃ စက္ကန့် အတွင်း စွမ်းဆောင်နိုင်မှာ မို့လို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခု အချက်အလက်တွေနဲ့ ကားရဲ့ ပုံရိပ်အလန်းတွေက စိတ်ကူးယဉ် သက်သက်ဆိုတဲ့ အဆင့်ထက်တော့ မပိုသေးတာ ဖြစ် ပါတယ်။ ဒါပေမယ့်လည်း အခု မြင်ရတဲ့ Truck ကိုယ်ထည်နဲ့ မဟုတ်တာတောင် မူလ Purosangue SUV ကို အားပေး ကြမ်းနေကြပြီး လောလောဆယ်မှာ ဝယ်လို အား များနေလို့ ကြိုတင်အမှာစာတွေတောင် ခေတ္တပိတ်ထားရဖို့ အတွက် စီစဉ်နေရတဲ့ အထိပါပဲ။ အဆိုပါ ကားသစ်တွေကိုတော့ ကုမ္ပဏီကနေ တစ်နှစ်ကို အစီးရေ ၃,၀၀၀ အထိ ထုတ်လုပ်ပေးဖို့ စီစဉ်ထားပြီး အခုဆိုရင်တော့ ပထမဆုံးနှစ်အတွက် ကားအစီးရေ က ကုန်သွားပြီလို့တောင် ယူဆလို့ ရနိုင်နေပြီပဲ ဖြစ်ပါတယ်။

Ref: motor 1.com