ဒီဇိုင်နာ Afzal Kahn ကတော့ Ferrari GTC4Lusso 2+2 Supercar ရဲ့ Coach-Built Version ကို ထုတ်ဖော် ပြသ လာခဲ့ပါတယ်။ အဆိုပါ ကားမော်ဒယ်ကတော့ ထပ်မံထုတ်လုပ်ခြင်းမရှိတော့ပဲ Purosangue SUV နဲ့အစားထိုး ခံထားခဲ့ရတာပါ။ ၂၀၁၈ ခုနှစ်မှာ စတင်ပုံဖော်ခဲ့တဲ့ ကားက အရှေ့ဖက်မျက်နှာပြင်ကို အဆင့်မြှင့်တင် ပြင်ဆင်ထားပြီး စိတ်ကြိုက်ပြင်ဆင်ထားတဲ့ အချက်အလက်တွေ ပါဝင်လာတဲ့ One-Of-A Kind မော်ဒယ်တစ်မျိုးအဖြစ် ထွက်ပေါ် လာခဲ့တာပါ။ အဆိုပါ ဒီဇိုင်နာက နေ့စဉ်မောင်းနှင်နိုင်မယ့် Four-Seater Supercar တစ်စီးကို ရှာဖွေနေခဲ့တာဖြစ်ကာ Ferrari GTC4Lusso ရဲ့ Shooting Brake တွေကို သဘောကျခဲ့ပေမယ့် အရှေ့ဖက် အဆုံးသတ်တွေကိုတော့ နှစ်သက်ခြင်းမရှိခဲ့တာကြောင့် Ferrari ရဲ့ သမိုင်းကြောင်းကို ထင်ဟပ်စေမယ့် ကိုယ်ပိုင် Version ကားတစ်စီးကို ဖန်တီးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit: AllAutoExperts
ကားတစ်စီးလုံးရဲ့အသွင်ကို ပိုမိုထင်ရှားသွားစေတဲ့ Front Fenders တွေကတော့ Ferrari GTC4 Grand Edition နဲ့ GTC4Lusso တို့အကြား အဓိက ကွာခြားမှုဖြစ်ပါတယ်။ ပြန်လည် ဒီဇိုင်းဖန်တီးထားတဲ့ Panels တွေက Hammer ပုံစံရှိနေသလို ပိုမိုပါးလွှာတဲ့ Headlights တွေပါဝင်လာပြီး Side Gills တွေက Wheel Arches တွေနဲ့ ပေါင်းစပ်သွားတာ တွေ့ရပါတယ်။ ဒါ့အပြင် အပို Circular Lights တွေတပ်ဆင် ပေးထားသလို Grille အပေါ်မှာတော့ ပိုမို ထင်ရှားတဲ့ Front Splitter ကိုလည်းတွေ့မြင်ရအုံးမှာပါ။ ကားကိုတော့ အပြာရောင် ဆေးသားနဲ့ အဖြူရောင် Accents တွေနဲ့ ခြယ်သထားပြီး အဝါရောင် Brake Calipers တွေတပ်ဆင်ထားတာပါ။ Diamond Cut Fordged Wheels တွေက အရှေ့ဖက်မှာ အချင်း လက်မ ၂၀ ရှိပြီး အနောက်ဖက်မှာတော့ ၂၁ လက်မရှိကာ Continental ContiSportContact 5 P တာယာတွေ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။
အခုကြေညာမှုထဲမှာ Drivetrain နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေမယ့် Grand Edition ကားက မူလ စက်ရုံထုတ်အတိုင်းဖြစ်တဲ့ Naturally Aspirated 6.3 Liter V12 အင်ဂျင်ကို တပ်ဆင်ထားပြီး 681 hp နဲ့ 513 lb-ft Torque အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် Seven-Speed Dual-Clutch Gearbox ကို Four Wheels Drive စနစ်နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ကာ 0-62 mph အထိ အရှိန်တင်နိုင်ဖို့ အချိန် ၃.၄ စက္ကန့်သာ လိုအပ်မှာဖြစ်ပြီး အမြင့်ဆုံး အရှိန်အနေနဲ့ကတော့ 208 mph အထိ မောင်းနှင်နိုင်မှာပါ။ Ferrari GTC4 Grand Edition ရဲ့ ဈေးနှုန်းကို ထုတ်ဖော်ပြောကြား ထားခြင်းမရှိသေးပေမယ့် သီးသန့် ဖန်တီးထားတဲ့ ကားတစ်စီးဖြစ်တာကြောင့် ဈေးနှုန်းကတော့ သက်သာ မှာမဟုတ်တာ သေချာနေတာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts