လမ်းမထက်က ကားပြိုင်ပွဲတွေ အတွက် နာမည်ကျော် Ferrari တို့မှာ ကားအမျိုးအစား စုံနေအောင် ရှိပေမယ့်လည်း အခုမြင်ရမယ့် ပြိုင်ကားကတော့ တစ်စီး အပါအဝင် မဟုတ်နေခဲ့ပါဘူး။ အကြောင်းကတော့ ပြိုင်ကားလို့ ဆိုပေမယ့်လည်း အခုလို ၁၉၈၀ ဝန်းကျင်က တကယ့် Icon ကားတွေကို ကုမ္ပဏီက ပြိုင်ပွဲတွေမှာ မသုံးခဲ့ပဲ 1989 Ferrari F40 “Competizione” ဆိုတဲ့ အခု ကားအမျိုးအစား ဆိုရင် သီးသန့်ကို ထားရှိ ခဲ့တာပါ။ အခု ဆိုရင်တော့ အဆိုပါ ကားကို RM Sotheby’s ရဲ့ လေလံ‌ပွဲကနေတစ်ဆင့် သီးသန့် ရောင်းချဖို့ ရှိလာခဲ့ပြီး နှစ်အတော် ကြာမြင်ခဲ့ရတဲ့ Privateer F 40 ပြိုင်ကား တွေထဲက တစ်စီးအဖြစ် ရှားရှားပါးပါး ဝယ်ယူ နိုင်တော့မှာပါ။ အခု ကားကတော့ Chassis Number 80782 နဲ့ ထွက်ထားတာဖြစ်ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာမှာ ထုတ်လုပ်ခဲ့ကာ နယ်သာလန်အတွက် တရားဝင် Ferrari တင်သွင်းသူ ကုမ္ပဏီဖြစ်တဲ့ Kroymans BV ထံကို တင်ပို့ခဲ့ပါတယ်။ နောက်ပိုင်း ၃ နှစ် အကြာမှာတော့ အဆိုပါ Kroymans BV ရဲ့ ပြိုင်ကား လုပ်ငန်းအခွဲတစ်ခု ဖြစ်တဲ့ Cavallino Tuning Company ကနေ ကားကို ပြိုင်ကားတစ်စီး အဖြစ်အ သွင် ပြောင်းလိုက်ပါတော့တယ်။

Photo Credit: MotorAuthority

အဆိုပါ အချိန်ကစလို့ ပြိုင်ကားတစ်စီး ဖြစ်လာခဲ့တဲ့ ကားလေးက ၂၀၀၉ ခုနှစ် အထိ ခရီးဆက်ခဲ့သလို သာမန် F40 တွေ ထက်လည်း ပြင်ဆင်မွမ်းမံမှု ပေါင်းစုံကို ပြုလုပ်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ပြိုင်ကားတွေ အတွက် သုံးတဲ့ Racing Shocks တွေထပ်ထည့်တာ ၊ Stack Instrument တွေ ၊ ဘရိတ်အသစ်တွေ ထပ်ထည့်တာတွေနဲ့ အပြင် ကိုယ်ထည် ကိုပါ အပြောင်းအလဲလုပ်ခဲ့သေးတာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ကတည်း ကတော့ ကားမှာ Roll Hoop နဲ့ Air Jacks တွေ ကို ထပ်ထည့်ထားခဲ့ သေးပါတယ်။ အင်ဂျင်ကတော့မူလ ကတည်းက Twin-Turbo 2.9 Liter V8 အတိုင်းပဲ ဖြစ်ပေမယ့် အဆင့်မြှင့်တင်မှု တစ်ချို့တော့ ရှိထားခဲ့ သေးတာကြောင့် 700 hp နဲ့ 1,000 hp အကြား စွမ်းဆောင်ရည် အထိကို ရှိထားတာလည်း ဖြစ်ပါတယ်။ တကယ်တော့ မူလတုန်းက 471 hp သာ ရှိထားတဲ့ ကားဖြစ်တာကြောင့် အတော်လေး တိုးတက်လာတာ တော့ မြင်သာပါတယ်။ တကယ်တော့ စထွက်လာတုန်း ကလည်း အဆိုပါ ကားက တစ်နာရီကို မိုင် ၂၀၀ အထိ မောင်းနှင်နိုင်တာကြောင့် အဆိုပါ ခေတ်ရဲ့ လက်တွေ့ထုတ်လုပ် ဖြစ်တဲ့ ကားတွေထဲ ကမ္ဘာ့အမြန်ဆုံး ကား အဖြစ်တောင် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ပြေးလမ်းတွေပေါ်မှာ ကားလေးက အချိန်ကုန်ခဲ့ရပေမယ့်လည်း အခုထိကို အသစ်အတိုင်း ရှိနေဆဲဖြစ်တာကို အံ့အား သင့်စရာ မြင်ရမှာဖြစ်ပြီး ယခင် ပိုင်ရှင်ကလည်း စက်ပိုင်းဆိုင်ရာ ပြန်လည်ပြုပြင် ထိန်းသိမ်းတာ တွေကို ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကမှ ပြုလုပ်ထားခဲ့ ပါသေးတယ်။ အထူးသဖြင့် Suspension ပိုင်းတွေ သေချာပြန်စစ်ထားတာ၊ မီးသတ် ဆေးဗူး အသစ် ပြန်ထည့်တာနဲ့ ဆီတိုင်ကီတွေပါ အသစ်ပြန်လဲ ပေးထားပါတယ်။ လက်ရှိ ကားပိုင်ရှင်ကတော့ ကားကို အမြင် ပိုင်း ပိုကောင်းအောင် ပြင်ဆင်မှုတွေ ပြုလုပ်ပေးထားပြီး Grigio Nardo လို့ ခေါ်တဲ့ မီးခိုးရောင်လေးကိုပဲ ပိုလှအောင် ဆေးထပ်သုတ် ပေးထားပါသေးတယ်။ လက်ရှိ လေလံပွဲမှာတော့ အခုကားရဲ့ရနိုင်မယ့် ကြိုတင်ခန့်မှန်း ဈေးနှုန်းကို မဖော်ပြထား သေးပေမယ့်လည်း F40 လို ခေတ်ဟောင်း ရှားပါး ကားတစ်စီး အဖို့တော့ တန်ကြေး ကမသေးနိုင်တာ သေချာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကဆိုရင် Fast N Loud ဆိုတဲ့ အစီအစဉ်မှာ ပြသခဲ့တဲ့ F40 အပျက်ကို ပြန်ပြင် ပြီး လေလံတင်ခဲ့တာတောင်မှ $ 742,500 အထိ ရခဲ့တာကြောင့် အခုလိုမျိုး ကောင်းပြီးသား တကယ့်ဂန္ဓဝင် ကားစစ်စစ် ဆိုရင် သေချာပေါက် ဈေးပိုရနိုင်မှာပါ။

Ref: MotorAuthority