စက်ရုံထုတ် ဖြူဖြူလှလှ သီးသန့် Ferrari လေးထဲမှာတော့ Ferrari Enzo ဟာ တစ်စီးတည်းသော ရှားပါး ကားလေး ဖြစ်ပြီး အဆိုပါ ကားလေးကို လာမယ့် ဇွန်လ ၂၉ ရက်နေ့ က စတင် ကျင်းပမယ့် ၂၄ နာရီကြာ RM Sotheby’s အွန်လိုင်း လေလံပွဲ တစ်ခုမှာ စတင်ရောင်းချတော့မှာပါ။ တကယ်တော့ အခုလို Enzo ကားပေါင်း အစီးရေ ၄၀၀ အထိ Ferrari က ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး Extracampionario ဆိုတဲ့ သီးသန့် အရောင်တွေနဲ့ အစီးရေ ၂၀  လည်း ပါဝင်ခဲ့ ပါသေးတယ်။ အခု လေလံတင်မယ့် ကားလေးကတော့ စက်ရုံ ကထုတ်ထားခဲ့ဖူးတဲ့ Bianco Avus White ဆိုတဲ့ အဖြူရောင် ကားလေးတွေထဲ နောက်ဆုံးသော ကျန်ရှိတဲ့ တစ်စီးတည်းသော ကားပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ထုတ်လုပ် ပြီးစီး ခဲ့တဲ့ အဆိုပါ ကားလေးကတော့ အတွင်းမှာဆိုရင် Nero ဆိုတဲ့ လယ်သာသား တွေကိုမှ Rosso Corsa အရောင် Instrument တွေလည်း ပါဝင်လာ ပါတယ်။ ပိုထူးခြားတာ ကတော့ တကယ် ကြီးမားတဲ့ ကာဗွန်ဖိုက်ဘာ Bucket ထိုင်ခုံတွေကို 3 D အနက်ရောင် Cloth လေးတွေနဲ့ တွဲဖက်ပေးထား တာပါပဲ။

Photo Credit: MotorAuthority

Enzo ကတော့ ၂၀၀၀ ခုနှစ် အစောပိုင်းတွေ တုန်းက Ferrari ရဲ့ တကယ့် Flagship Supercar တွေ ဖြစ်ခဲ့ဖူးပြီး ယခင် F 40 နဲ့ F 50 တွေနေရာမှာ ဝင်လာတဲ့ ကားဖြစ်ပါတယ်။ ကားမှာတော့ Carbon Fiber Monocoque ဝင်ရိုးနဲ့ အတူ Paddle နဲ့ ထိန်းရတဲ့ 6-Speed Transmission ဂီယာကို သုံးထားတာ‌ဖြစ်ပြီး အဆိုပါ ခေတ်မှာတော့ အတော် ကောင်းတဲ့ အတွဲအစပ်ပါပဲ။ အင်ဂျင်ပိုင်းကတော့ Naturally Aspirated 6.0 Liter V 8 Engine ကို သုံးထားတာ ဖြစ်ပြီး 650 hp နဲ့ 485 lb-ft Torque အထိ ကို စွမ်းဆောင် ထား နိုင်ပါတယ်။ ဒါပေမယ့် Rear Wheel Drive အနေနဲ့ ပဲမောင်းနိုင် သေးတာဖြစ်ပြီး အင်ဂျင်ကို အလယ်မှာ တပ်ထားတဲ့ အဆိုပါ စူပါကားကတော့ တစ်နာရီ မိုင် ၆၀ နှုန်း ရနိုင်ဖို့ဆိုရင် ၃.၆ စက္ကန့် ပဲ အချိန်ယူရပါတယ်။ အမြင့်ဆုံး မြန်နှုန်း ကတော့ ၂၁၇ မိုင် အထိ ရှိတာဖြစ်ပြီးဒီကနေ့ခေတ် စူပါကားတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ယှဉ်ရင် အနည်းငယ်တော့ အထင်ကြီးစရာ မကောင်းဘူးဆိုပေမယ့်လည်း သူ့ ခေတ်သူ့ အခါမှာ တော့ Enzo က တကယ် အကြမ်းစား ကားတစ်စီး ပါပဲ။ အဆိုပါ ကားရဲ့ အခုလိုအင်ဂျင် အတွဲအစပ် အတိုင်း Maserati MC 12 မှာ ဆက်သုံးလာခဲ့တာ ဖြစ်ပြီး ပြိုင်ကားသီးသန့် အတွက်ပဲ ထုတ်ပေးခဲ့ကာ Ferrari ကလည်း အဆိုပါ Enzo ကားလေးကို ပြေးလမ်းတွေအတွက် ဖန်တီးပေးခဲ့ ပါသေးတယ်။

Photo Credit: MotorAuthority

အခု ကားမှာသုံးထားတဲ့ Chassis 133023 ကားကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀၁၂ ကပဲ Ferrari Classiche Certification ဆိုတဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဟောင်ကောင်မှာရှိတဲ့ Ferrari အသိအမှတ်ပြု Dealer ဆီမှာ တစ်နှစ်တာ အပြည့်အဝ ပြန်ပြင်ပေးတာတွေအထိ အကျိုးခံစားခွင့် ဆက်ရ နေခဲ့ ပါတယ်။ တကယ်တော့ ၂၀၁၆ တုန်းက လေလံပွဲ တစ်ခုမှာ ကျိုးပဲ့ပြီး ပျက်စီးနေတဲ့ Enzo ကားကို တောင် မှ $ 1.75 သန်း အထိရခဲ့တာကြောင့် အခု အကောင်းတိုင်း ကျန်နေသေးတဲ့ အဖြူရောင် ကားသန့် လေးကတော့ တကယ်ကို ‌ဈေးအများကြီးရမှာ သေချာပါတယ်။ Ferrari ကတော့ Enzo ရဲ့ နောက်မျိုးဆက် အဖြစ် LaFerrari ဆိုတဲ့ ကားကို ထုတ်လုပ် ခဲ့ပြီး နောက်ထပ် စုဆောင်းချင်စရာ ကားကောင်းတစ်စီး ဖြစ်ခဲ့ ပြန်ပါတယ်။ Ferrari ကလည်း လတ်တလောမှာတော့ Flagship အဆင့် Supercar ကား တစ်စီးကို ချပြဖို့ နီးစပ်နေပါပြီ။ Ferrari ဟာ အခုလို ထူးခြားတဲ့ စူပါကားမျိုးကို ဆယ်နှစ် တစ်ကြိမ်လောက် ချပြလေ့ ရှိတာကြောင့် အခုဆိုရင် LaFerrari ကားထွက်လာတာကလည်း ၁၀ နှစ် ပြည့်လာခဲ့ပြီဖြစ်လို့ နောက်ထပ် မျိုးဆက်သစ်ကား ရလာတော့မလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

Ref: MotorAuthority