Ferrari 488 GTB အတွက် ကာဗွန်ဖိုက်ဘာကိုယ်ထည်အသစ်ကို တရုတ် Tuner ဖြစ်တဲ့ Zacoe ကဖန်တီး ပေးလိုက်ပြီး ၅ ခုသာ ထုတ်လုပ်လာမှာဖြစ်ပါတယ်။ အဆိုပါ ဒီဇိုင်းကိုတော့ တရုတ်နိုင်ငံရဲ့ သမိုင်းဝင် ဝတ္ထုနဲ့ နာမည်ကျော် ဗွီဒီယို ဂိမ်းထဲက တရုတ်စစ်ခေါင်းဆောင် Lu Bu ရဲ့ စစ်မြင်းနဲ့ Armor ဝတ်စုံကို အခြေခံ ဖန် တီးထားခြင်းဖြစ်ပြီး Ferrari ရဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ Zacoe ကဆို ထားတာပါ။ အဆိုပါ 488 ကားအတွက် Package ကိုတော့ ၁၄ ရာစု ဂန္ဓဝင် ရုပ်ရှင်ကားဖြစ်တဲ့ Romance Of The Three Kingdoms ထဲက ChiTu အမည်ရှိ စစ်မြင်းရဲ့ အမည်ကို မှည့်တွင်ပေးထားပါတယ်။

Photo Credit: AllAutoExperts

ကာဗွန်ဖိုက်ဘာ အစိတ်အပိုင်းတွေက စစ်မြင်းရဲ့ ဝတ်စုံကို အမှတ်ရစေမှာဖြစ်ပြီး အဆိုပါ ဒီဇိုင်းမှာတော့ Dynasty Warriors 9 ဗွီဒီယိုဂိမ်းထဲက Lu Bu ရဲ့ Equipment ပုံစံတွေလွှမ်းမိုးထားတာ တွေ့ရမှာပါ။ ကား ရဲ့ Front Splitter၊ Side Skirt၊ Rear Diffuser Expansions တွေနဲ့ Rear Spoiler တွေကသိသာထင် ရှား သလို အခြားသော အပိုအစိတ်အပိုင်းတွေက Aerodynamics ကိုကောင်းမွန်စေပြီး အပူလွန်ကဲမှုနဲ့ တုန်ခါမှုတို့ကို လျော့ချပေးနိုင်အောင် အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် ကာဗွန်ဖိုင်ဘာ အိတ်ဇောပိုက် တွေနဲ့ Valvetronic Catback အိတ်ဇောစနစ်ကလည်း ပိုမို လေးနက်တဲ့အသံကို ပေးစွမ်းနိုင်အုံးမှာ ဖြစ်ပါ တယ်။

Photo Credit: AllAutoExperts

ကြီးမားတဲ့ Aftermarket ဘီးတွေကြောင့် 488 GTB ကားက အတော်လေး နိမ့်ကျသွားသလို ထင်မှတ်ရပါ သေးတယ်။ ကားရဲ့ Chassis နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွေကို Zacoe ကထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေမယ့် 661 hp နဲ့ 561 lb-ft Torque အထိ စွမ်းဆောင်နိုင်မယ့် Twin-Turbo 3.9 Liter V8 အင်ဂျင်ကိုတပ်ဆင်ပေးလာမယ်လို့ ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts