Feifan F7 လျှပ်စစ်သီးသန့် Midsize Sedan ကားသစ်ကတော့ တရုတ်နိုင်ငံအတွင်း ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင်ထွက်ရှိလာတော့မှာဖြစ်ပြီး ဘက်ထရီ ဖြုတ်လဲလို့မရတဲ့ Model နဲ့ ဖြုတ်လဲနိုင်တဲ့ Model ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာပါ။ အဆိုပါကားကတော့ ထိုင်ခုံ ၅ လုံးပါဝင်လာမယ့် 3-Box Sedan ကားတစ်စီးဖြစ်ကာ လေခွင်းအားကောင်းစေမယ့် Sharp-Edged Lines တွေနဲ့ Pronounced Fenders တွေပါဝင် လာပါတယ်။ ဒါ့အပြင် Split Headlights တွေ၊ Pop-Out တံခါးလက်ကိုင်တွေနဲ့ Sport ဆန်တဲ့ အလွိုင်းဘီးတွေတပ်ဆင်ပေးထားတဲ့အပြင် မှန်တွေ၊ အရှေ့ဖက် Fender နဲ့ Winshield ရဲ့ အနောက်ဖက် အပြင် Bumper မှာလဲ ကင်မရာတွေနဲ့ ဆင်ဆာတွေ တပ်ဆင်ပေးထားပါသေးတယ်။

Photo Credit: CarNewsChina

အနောက်ဖက်မှာတော့ Illuminated R Logo ပါဝင်တဲ့ Light Unit က အမြင်အာရုံကို စွဲဆောင်နိုင်စေမှာဖြစ်ပြီး အမိုးပေါ်မှာ ကင်မရာတစ်လုံးနဲ့ Bumper မှာတော့ ဆင်ဆာ ၄ ခုပါဝင်လာမှာ ဖြစ်ကာ ဘီးတွေက တော့ ၁၉ လက်မ ဘီးတွေကို အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ အတွင်းပိုင်းမှာတော့ Feifan R7 လိုတူညီတဲ့ ဒီဇိုင်းအတိုင်း ထွက်ရှိလာတာကြောင့် ကြီးမားတဲ့ Triple Screen ကြီးတစ်ခုပါဝင်လာကာ နောက်ဆုံးပေါ် Qualcomm Snapdragon 8155 Chip ကိုမှ RISING Operating System ကိုတွဲဖက်ပေးထားတာပါ။

Photo Credit: CarNewsChina

စွမ်းဆောင်ရည်ပိုင်းအရတော့ 216 kW နဲ့ 450 Nm Torque ရှိပြီး RWD စနစ်နဲ့ မောင်းနှင်နိုင်မယ့် မော်တာ တစ်လုံးထဲတပ်ဆင်ထားမယ့် Model နဲ့ 150 kW နဲ့ 250 Nm Torque စွမ်းဆောင်ရည်ရှိတဲ့ အရှေ့ဖက် ဝင်ရိုးပေါ်က မော်တာ တစ်လုံးအပိုပါဝင်လာမယ့် Dual-Motor Model ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာပါ။ မော်တာ တစ်လုံးထဲနဲ့ Version မှာတော့ Lithium Iron Phosphate ဘက်ထရီတပ်ဆင်ထားပြီး ၆၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်မှာ ဖြစ်ကာ Dual-Motor Version ကတော့ Ternary Lithium ဘက်ထရီ တပ်ဆင်ထားပြီး ၆၆၆ ကီလိုမီတာ အကွာအဝေးအထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Feifan က ဖြုတ်လဲနိုင်တဲ့ ဘက်ထရီနဲ့ ဖြုတ်လဲလို့ မရနိုင်တဲ့ Version ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်အုံးမှာ ဖြစ်ကာ ဖြုတ်လဲနိုင်တဲ့ Version ကတော့ Station တွေမှာ ဘက်ထရီအုံတစ်ခုလုံးကို ဖြုတ်လဲနိုင်မှာပဲ ဖြစ် ပါတယ်။ တရုတ်နိုင်ငံအတွင်းမှာတော့ ဖြုတ်လဲနိုင်တဲ့ ဘက်ထရီ Version က ခေတ်စားနေတာကြောင့် ကားထုတ်လုပ်သူတွေက ဖြုတ်လဲနိုင်တဲ့ ဘက်ထရီတွေကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင် ဖန်တီးနေကြ တာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina