ဂျပန် Tuner တစ်ခု ဖြစ်တဲ့ Veilside ကနေ အသစ်လွင်ဆုံးသော Tuning ဖန်တီးမှုပိုင်း တစ်ရပ်ကို ချပြခဲ့ပါတယ်။ အဆိုပါ ဖန်တီးမှုကတော့ Fast And Furious ရုပ်ရှင်ထဲက Nissan Z ကားလေး ဖြစ်တာကြောင့် ပိုပြီး ထူးခြားလာ စေပါတယ်။ အခု ဇန်နဝါရီ ၁၄ ရက် ကနေ ၁၆ ရက် အတွင်းကျင်းပမယ့် 2023 Tokyo Auto Salon ကားပြပွဲကြီးထဲမှာ အခု Nissan Z ကားလေးကို ချပြလာမှာဖြစ်ပြီး ကားကို ဖန်တီးထားတဲ့ Kang ကတော့ ကားလေးရဲ့ နာမည်ကို Han’s 400Z ဆိုပြီး တကူးတက ပေးထားတာ တွေ့ရမှာပါ။ ပြပွဲထဲက အဆိုပါ ကားလေးရဲ့ နာမည်ကတော့ FFZ 400 ဖြစ်ပြီး ကားမှာမြင်ရမယ့် အပြောင်းအလဲတွေ ‌အနေနဲ့ဆိုရင်တော့ အပြင်ဘက် ပုံစံကအစ ထူးခြားနေတာ တွေ့ရပါလိမ့်မယ်။ 

Photo Credit: AllAutoExperts

အထူးသဖြင့် ကားရဲ့ဘေးဘက် Side Skirts ‌တွေအပို ထပ်ထည့် ပေးထားတာဖြစ်ပြီး မူလဒီဇိုင်း တုန်းကထက်ကို ပိုကြီးမားတဲ့ Fender Extension တွေကလည်း ကားကို ပိုပြီး ကြွရွပြောင်းလဲ သွားစေပြန်ပါတယ်။ ကားရဲ့ ကိုယ်ထည် Kit တစ်ခုလုံးမှာလည်း သိသာထင်ရှားတဲ့ Spoiler က မြင်သာထင်သာ ရှိနေခဲ့ပြီး  ထောင့်ချိုးဖြစ်တဲ့ ဒေါင်လိုက် Winglets ‌တွေကိုလည်း ကားအမြီးပိုင်းမှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းကတော့ 3.0 Liter VR 30DDTT အင်ဂျင်ဖြစ်ပြီး Base Nissan Z Model တစ်စီး အနေနဲ့တော့  400 hp  အထိ စွမ်းဆောင်နိုင်တာဖြစ်ကာပိုလည်း ကောင်းလာဖို့ ရှိနေပါသေးတယ်။ 

Photo Credit: AllAutoExperts

 

နောက်ထပ် အပြောင်းအလဲတွေ အနေနဲ့ကတော့ ကားရဲ့ Air Suspension စနစ်သစ် ၊ DIECOCK အသံ စနစ်တို့အပြင် လက်မ ၂၀ အရွယ်ရှိတဲ့ VeilSide Andrew Forged ဘီးတွေကလည်း အားဖြည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Nissan Z ဆိုတာကို ပိုပြီးပြီးပြည့်စုံတဲ့ ကားကောင်းတစ်ရပ်အဖြစ် ပိုပြီးပုံဖော်စေနိုင်မယ့် Bridgestone Potenza တာယာတွေကပါ ကားသစ်နဲ့ လိုက်ဖက်နေပြန်တာပဲ ဖြစ်ပါတယ်။ 

Ref: AllAutoExperts