၂၀၂၁ နှစ်လယ်ပိုင်း လောက်ကတည်းက အများပိုင် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့တဲ့ Faraday Future ဟာ အခုဆိုရင် တော့ ၂၀၂၂ ပထမ ၃ လ ပတ် အတွက် ရောင်းအားတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ အဆိုပါ မှတ်တမ်း အရတော့ သူတို့ရဲ့ FF 91 ကား အတွက်ကို အစီးရေ ၄၀၁ စီးစာ ကြိုတင်အမှာစာတွေ ရလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ယခင်တုန်း ကလည်း အခု ကားသစ်အတွက် ကြိုတင် စိတ်ဝင်တစား သီးသန့်မေးမြန်းထားမှုပေါင်းက ၁၄,၀၀၀ လောက် အထိကို ရှိထားတယ်လို့ ကုမ္ပဏီဘက်က ဆိုခဲ့ဖူးပါတယ်။ အဆိုပါ ကြိုတင်မှာယူထား သူတွေ ကတော့ အခု Pre Order တင်ကြသူတွေလိုမျိုး Deposit တင် စရံသတ်ထားစရာ မလိုအပ်တာလည်း ဖြစ်ပါတယ်။ အဆိုပါ စရံဈေးနှုန်းကတော့ FF 91 Futurist အတွက် ဆိုရင် $ 1,500 ၊ FF 91 Futurist Alliance Edition အတွက် ဆိုရင် $ 5,000 ကျသင့်တာပါ။

Photo Credit: MotorAuthority

တကယ်တော့ FF 91 ကားသစ်ကို ပထမဆုံး စတင်ပြသခဲ့ ဖူးတာဟာ လွန်ခဲ့တဲ့ ၅ နှစ် ကတည်းကဖြစ်လို့ အခု ရထားတဲ့ Pre Order ပမာဏ ကတော့ နည်းပါးတယ်လို့ပဲ ဆိုရမှာပါ။ ဒါဟာလည်း ကြိုတင် မခန့်မှန်းနိုင်ခဲ့တဲ့ ထုတ်လုပ်ရေး ပိုင်းဆိုင်ရာ ပြဿနာတစ်ချို့ရယ် FF 91 ရဲ့ ဈေးနှုန်းတွေက $ 180,000 လောက်ကနေ စတင်လာမယ် ဆိုတဲ့‌ အတည်မပြု နိုင်ခဲ့တဲ့ သတင်းတွေရဲ့ နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်ပါတယ်။ အခု ရောင်းအား အစီရင်ခံ စာထဲက အခြားသော အချက်အလက်တွေ အနေနဲ့ ဆိုရင်တော့ $ 706 သန်း ရထားတယ် ဆိုတဲ့ အချက်ပါဝင်ပြီး $ 276 သန်းကိုတော့ အသားတင် ငွေသားအဖြစ် မြင်ထား ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနှစ်က အခုလို ကာလ တူမှာ သန်းပေါင်း ၇၆ သန်းလောက် အရှုံးပေါ်ခဲ့တာက အခု ဆိုရင်လည်း ၁၅၃ သန်းအထိ ဆက်အရှုံးပေါ်နေတာကို ပြတယ် လို့ပါ စာရင်း တွေက ဆိုနေခဲ့ပါတယ်။ ဒါတင်မကသေးပဲ ကုမ္ပဏီရဲ့ တာဝန်ယူထားနိုင်မှု တန်ဖိုးက အစ အခုနှစ်ရဲ့ ပထမ ၃ လ ပတ် အစ ကာလက $ 340 Million လောက် ပမာဏကနေ $ 271 Million လောက်အထိကိုတော့ ကျဆင်း နေဆဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဘယ်လိုပဲ ဖြစ်ဖြစ် ကုမ္ပဏီကတော့ FF 91 ကားသစ်တွေကို အမေရိကန်နိုင်ငံ ၊ ကယ်လီ ဖိုနီးယားရဲ့ Hanford စက်ရုံမှာ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး အခုနှစ်ရဲ့ တတိယ ၃ လပတ် ကာလလောက်မှာ စတင် ထုတ်လုပ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒုတိယမြောက် အရေအတွက် အများ အပြား ထုတ်ပေးမယ့် ကားမော်ဒယ်သစ် အနေနဲ့ FF 81 ကလည်း ဆက်လိုက်လာ နိုင်ပြီး အဆိုပါ ကားကိုတော့ ကိုရီးယားမှာ ရှိတဲ့ Myoung Shin စက်ရုံမှာ လာမယ့် ၂၀၂၄ ကနေ စတင် ထုတ်လုပ် လာမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲ တွေကလည်း ဆက်ပြီး ရှိနေဦး မှာဖြစ်ကာ Faraday Future ရဲ့ လက်ရှိ အရှုံးတွေကလည်း ဒေါ်လာ ၃ ဘီလီယံ လောက်အထိ ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကား သစ် ဖန်တီး မှုတွေထုတ်လုပ်မှုတွေကိုပါ ဆက်ပြီး ချဲ့ထွင်နေသေးတာ ဖြစ်တာကြောင့် အနာဂါတ် မှာလည်း ဒီထက်ပိုပြီးတော့ သိသာတဲ့ ဆုံးရှုံးမှု တစ်ချို့ကိုတော့ ဆက်ပြီး ကြုံတွေ့ နေနိုင်သေးတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority