နာမည်ကြီး Jaguar ကားကုမ္ပဏီ ကတော့ တဖြည်းဖြည်းနဲ့ ဇိမ်ခံ လျှပ်စစ်ကား ကုမ္ပဏီကြီးတစ်ခု အဖြစ်ကို ကူးပြောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ပြောင်းလဲလာခြင်းရဲ့ နောက်ဆက်တွဲတွေ အနေနဲ့ကတော့ ကုမ္ပဏီ က ထွက်သမျှကားအားလုံးဟာ လျှပ်စစ်ကားတွေအဖြစ်နဲ့ ခေတ်သစ်တစ်ခုဆီကို ဦးတည်နေပြီပဲ ဖြစ်ပါတယ်။ Jaguar ကတော့ အခု လက်ရှိမှာလည်း Bespoke Electric ကားတွေကို အနာဂါတ်မှာ ဖန်တီးနိုင်ဖို့ အတွက် Platform အသစ် တစ်ရပ် ကြိုးစား ဖန်တီးနေတာပါ။ အခုလို နည်းပညာ အသစ်တွေနဲ့ ခေတ်သစ် တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေစဉ်မှာ ပဲ သူတို့ရဲ့ အင်ဂျင်နဲ့ ကားတွေကိုလည်း အမှတ်တရ နှစ်ပတ်လည် ဖန်တီးမှုလေးတွေ ပြုလုပ်ပေးနေတာ ဖြစ်ကာ အခုလည်း နှစ်ကုန်ပိုင်း လောက်မှာ F-Type အထူးထုတ် ကားသစ်တစ်မျိုး ကိုချပြပေးလာ ဦးမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

သူတို့ရဲ့ သာမန် အင်ဂျင်နဲ့ နာမည်ကြီးခဲ့တဲ့ ကားတွေကို ကောင်းကောင်း ဂုဏ်ပြုပေးဖို့ အတွက် ကုမ္ပဏီ ဘက်က စီစဉ် နေခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း Internal Combustion Engine သုံး Sports ကားတွေထဲ မှာ နောက်ဆုံး ဖြစ်လာမယ့် Jaguar F-Type Special Edition တစ်မျိုးကို မြင်တွေ့လာရပါတော့မယ်။ Jaguar Land Rover ရဲ့ CEO Thierry Bollore ကတော့ Auto Express သတင်းကို ပြောကြားချက် အရ လာမယ့် ၂၀၂၃ ဆိုရင် သူတို့ရဲ့ Jaguar Sports Car တွေဟာ ၇၅ နှစ် တိုင်ခဲ့ပြီ ဖြစ်ပြီး F-Type အသစ်က တော့ Internal Combustion Engine သုံး Jaguar Sports ကားတွေရဲ့ နောက်ဆုံးပဲ ဖြစ်လာတော့မယ် လို့ အတည်ပြုပေးခဲ့ကာ တကယ့်အံ့အားသင့်စရာတွေနဲ့ ဂုဏ်ပြု ပေးထားတာမျိုး ဖြစ်လိမ့်မယ်လို့လည်း ဆိုထား ပါသေးတယ်။ Bollore ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ Jaguar ဟာ Brand New EV Platform အသစ်တစ်ခုကို ကြိုးစားဖန်တီး ထားပြီး မိုင်ပေါင်းများစွာ စမ်းသပ်ထားနိုင်ပြီ ဖြစ်လို့ လမ်းမတွေ ထက် မကြာခင် ရောက်လာနိုင်တော့မယ်လို့လည်း သိရပါတယ်။ အဆိုပါ Platform ကပဲ Jaguar ကိုလည်း အဆင့်မြင့် လျှပ်စစ်ကားတွေ ရောင်းချမယ့် အနာဂါတ် ခေတ်သစ် ကုမ္ပဏီကြီး အဖြစ်ကို တွန်းပို့ပေးမှာ ဖြစ် ကာ ဈေးကွက်တန်ဖိုး $ 100,000 လောက် အထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit: motor 1.com

ဒီ သတင်းတွေ မတိုင်ခင် တုန်းကတော့ Jaguar ဟာ သူတို့ရဲ့ လျှပ်စစ်ကားတွေ အနာဂါတ်နဲ့ ပတ်သက်ပြီး ရှိတယ်လို့ မထင်ရလောက်အောင် တိတ်ဆိတ်နေခဲ့တာပါ။ Bollore ကတော့ JLR အနေနဲ့ EV Platform အပေါ်မှာသာ တိတ်တဆိတ် ကြိုးစားအားထုတ် နေခဲ့တာဖြစ်ပြီး ထိုင်ခုံ ၃ တန်းပါ SUV အသစ် တစ်စီး ဖြစ်တဲ့ Land Rover Defender 130 ကားကိုလည်း မိတ်ဆက်ဖို့ အတွက် ကြိုးစားနေတာ ဖြစ်တယ် ဆိုပြီး ရှင်းပြထားပါတယ်။ Juguar ကတော့ လက်ရှိ ကား Line Up တွေထဲမှာ လျှပ်စစ်စွမ်းအင်သုံး i-Pace SUV တစ်စီးတည်း‌သာ ကျန်နေခဲ့မှာ ဖြစ်ပြီး ဒီကား ကိုလည်း သူတို့ရဲ့ လျှပ်စစ်ကား အနာဂါတ် အတွက် ပေါင်းကူး အနေနဲ့ အသုံး ပြုသွားတော့မှာပါ။ ဒါပေမယ့် လက်ရှိ Jaguar ရဲ့ ကားမော်ဒယ် အကုန်လုံးကို လျှပ်စစ်ကား အသွင်ပြောင်းပေးမှာလား ဒါမှမဟုတ် အကုန်လုံးပဲ ပျောက်ကွယ် သွားတော့မှာလား ဆိုတာကတော့ စောင့် ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com