ဇန်နဝါရီ လ ၃၀ ရက်နေ့တုန်းက Exeed အနေနဲ့ M3X Platform အပေါ် အခြေခံ ဖန်တီးထားတဲ့ Yaoguang Flagship SUV ကို တရားဝင် အကြိုရောင်းချမှု စတင်လာခဲ့ပါပြီ။ အကြိုရောင်းချမှုမှာတော့ ဒေါ်လာ ၂၄၈၀၀ ကနေ ၂၆၆၀၀ အကြားကျသင့်လာမယ့် မော်ဒယ် ၂ မျိုးရွေးချယ် ဝယ်ယူနိုင်မှာပါ။ Yaoguang က Mid-Size SUV ကားတစ်စီးဖြစ်ပြီး Suspended အမိုး ဒီဇိုင်း၊ မြုပ်ထားတဲ့ တံခါးလက်ကိုင်တွေနဲ့ Petal-Stlye Rims တွေပါဝင်လာပါတယ်။ Exeed Yaoguang ကားမှာ စိန်ပွင့်သဏ္ဍန် ပုံပေါ်ထားတဲ့ ဘောင်မဲ့ Grille ပါဝင်လာတာကြောင့် ရုတ်တရက်ကြည့်ရင် လျှပ်စစ်ကားတစ်စီး အဖြစ်ထင်မှတ်မှားစေနိုင်တာ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

 

အတွင်းပိုင်းအတော်တော်များများနေရာတွေကိုတော့ Nappa Leather တွေဖုံးလွှမ်းထားပြီး Wood Veneer နဲ့ Chrome-Plated Trim တွေနဲ့ တန်ဆာဆင်ပေးထားပါတယ်။ ဒါ့အပြင် ၁၂.၃ လက်မ အသီးသီး ရှိတဲ့ မှန်ကွေး Dual Screen ပါဝင်လာပြီး Qualcomm Snapdragon 8155 Chip နဲ့တွဲဖက်ပေးထားသလို Double-Spoke အောက်ခြေပြား စတီယာတိုင် နဲ့ Head-Up Display တွေပါဝင်လာတာ ဖြစ်ပါတယ်။ အခြား အစိတ်အပိုင်းတွေအနေနဲ့ကတော့ Panoramic Sunroof တစ်ခု၊ လျှပ်စစ် Trunk တစ်ခု၊ Sony စပီကာ ၈ လုံး တပ်ဆင်တားတဲ့ အသံစနစ်နဲ့ Ambient Lights တွေလည်း ပါဝင်လာပါသေးတယ်။ ထိုင်ခုံတွေအားလုံး၊ ခြေတင်ခုံနဲ့ Headrest တွေကတော့ လျှပ်စစ်ပိုင်းနဲ့ ချိန်ညှိနိုင်မှာဖြစ်ပြီး နောက်ကျောကို နှိပ်နှံပေးနိုင်မယ့် Modes ၅ မျိုးပါဝင်လာအုံးမှာပါ။ လုံခြုံရေးစနစ်ပိုင်း တွေကတော့ အခြေခံ အဆင့် ၂၁ မျိုးနဲ့ Advanced Driving Assistance Function ၁၁ မျိုးအထိ ထောက်ပံ့ပေးနိုင်မယ့် Level 2 အဆင့် ယာဉ်မောင်းအကူစနစ်ထည့်သွင်းပေးထားပါတယ်။

Photo Credit: CarNewsChina

Exeed Yaoguang ကားရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ 261 hp နဲ့ 400 Nm Torque အထိ စွမ်းဆောင်နိုင်မယ့် 2.0 TGDI Turbo အင်ဂျင်ကို တပ်ဆင်ပေးထားပြီး 7-Speed Wet Dual-Clutch Gearbox နဲ့တွဲဖက်ပေးထားပါတယ်။ အဆိုပါကားကို  Two-Wheel Drive ဒါမှမဟုတ် Four-Wheel Drives အနေနဲ့ ရွေးချယ်နိုင်အုံးမှာဖြစ်သလို 0-100 km/h အထိ အရှိန်တင်နိုင်ဖို့ အချိန် ၈.၆ စက္ကန့်ကြာမြင့်မှာပါ။ Driving Modes ၇ မျိုးနဲ့ PHEV Version တို့ကတော့ နောက်ပိုင်း ဆက်လက် ထွက်ရှိလာမယ်လို့ သိထားရတာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina