ကားလုပ်ငန်း အတော်များများ ထူးထူးခြားခြားနဲ့ ဆန်းဆန်းပြားပြား ကြော်ငြာကြတဲ့ Super Bowl LVI ပွဲကတော့ လာမယ့် ရက်သတ္တ ပတ် အနည်းငယ်ထဲမှာ ကျင်းပတော့မှာပါ။ Kia ကတော့ အခုဆိုရင် သူတို့ရဲ့ ပထမဆုံးသောကြော်ငြာတစ်ပုဒ်ကို စတင်ချပြလာခဲ့ပြီ ဖြစ်ပြီး ထူခြားတာကတော့ All-New Kia EV6 All-Electric Crossover ကား အသစ်နဲ့အတူ စက်ရုပ်ခွေး သေးသေးလေးကလည်း တစ်ပါတည်း ပါဝင်နေတာ ဖြစ်ပါတယ်။ Kia ရဲ့ ၁၃ ကြိမ်မြောက် Super Bowl ကြော်ငြာကတော့ အရေးကြီးတဲ့ ဈေးကွက် ကမ်ပိန်းတစ်ခုဖြစ်ပြီး အထူး သဖြင့် ဒီဂျစ်တယ် နည်းပညာ ပိုင်းတွေရော ၊ လူမှု ဆက်ဆံရေး ပိုင်းတွေရောနဲ့ အခြားသော ထူးထူခြားခြား CSR Program တွေကိုပါ ချပြသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ပိုထူးခြားတာကတော့ The Petfinder Foundation နဲ့လည်း လက်တွဲပြီး လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ Kia အမေရိက ရဲ့ ဈေးကွက်ပိုင်း ဒုတိယဥက္ကဌ ဖြစ်သူ Russell Wager က ဆိုထား ပါတယ်။
ဒါပေမယ့် ဒီကြော်ငြာလေးက ဘာကို ဒါမှမဟုတ် ဘယ်သူ့ကို ရည်ရွယ် ထားတယ်ဆိုတာ သေချာမပြောထား သေးပါဘူး။ ခန့်မှန်းလို့ရမယ့် တစ်ချို့ သဲလွန်စတွေမှာတော့ စက်ရုပ်ခွေးလေးကို ချစ်စဖွယ် ထည့်သွင်းထားတာ လေးရယ် ၊ The Petfinder Foundation နဲ့လည်း ပူးပေါင်းထားတယ်ဆိုတဲ့ အချက်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် အဆိုပါ အချက် ၂ ချက် အရဆိုရင် Kia Pet Adoption Grants ဆိုတဲ့ လေလွင့်တိရိစ္ဆာန်လေးတွေ သခင်ရနိုင်ဖို့ နေစရာလေးတွေရနိုင်ဖို့အတွက် စီစဉ်ပေးမယ့် အစီအစဉ်ထဲ ပါဝင်လာနိုင်တာဖြစ်ပြီး အသေးစိတ် အချက်အလက် တွေကိုတော့ နောက်ပိုင်း သိလာရတော့မှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ လာမယ့် ရက်သတ္တပတ် အနည်းငယ်ထဲမှာတင် Kia EV6 ကို စတင်ဝယ်ယူလို့ ရနိုင်တော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကား ကတော့ Brand ရဲ့ Plan S နည်းဗျူဟာ အသစ်အောက်မှာ ထွက်ပေါ်လာမယ့် ပထမဆုံး ကား တစ်စီးဖြစ်ပြီး အနာဂါတ် လျှပ်စစ်ကား စီမံ ကိန်းတွေအတွက်လည်း တကယ်ကိုခြေလှမ်းသစ်တစ်ရပ် ဖြစ်ပါတယ်။ ကားကတော့ အမျိုးမျိုးသော ရွေးချယ်စရာတွေအဖြစ် ရရှိလာတော့ မှာဖြစ်ပြီး အမြင့်ဆုံးသော EV 6 GT ကားမှာ ဆိုရင်တော့ 577 hp ( 430 kW ) နဲ့ 546 lb-ft ( 740 Nm ) Torque အထိကို စွမ်းဆောင် ထားနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ ကားကိုတော့ အမေရိက ဈေးကွက်ထဲမှာ $ 42,115 နဲ့ စတင် ရောင်းချတော့မှာ ဖြစ်ပြီး Federal Tax တွေတော့ ထပ်မံ ပေးဆောင် ရဦးမှာပါ။ အဓိက အခု ကြောငြာထဲမှာ ပါတဲ့ ခွေးရုပ်လေး ကလည်း Hyundai Motor Group က ပြီးခဲ့တဲ့ ၂၀၂၀ အကုန်ပိုင်းလောက်မှာ Boston Dynamics စက်ရုပ် နည်းပညာပိုင်းကို ဝယ်ယူခဲ့တာ ကိုပါ ဂုဏ်ပြုထားတာ ဖြစ်နိုင်ပါတယ်။ အထူး သဖြင့် အခု Kia ကုမ္ပဏီ အနေနဲ့ကလည်း စက်ရုပ်အပြည့်နဲ့ အနာဂါတ် ကို ကောင်းကောင်း ရည်မှန်းထားတာကြောင့် အဆိုပါ အိပ်မက်ကို လာမယ့် ရက်သတ္တပတ်ထဲမှာပဲ စတင် ပြသနိုင်တော့မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြရတော့မှာ ဖြစ်ပါတယ်။
Ref: motor1.com