လျှပ်စစ် ကားဆိုတာကို ဝယ်ဖို့လက်တွန့်နေမှုတွေ အများအပြား ရှိနေသေးတယ် ဆိုပေမယ့် အမေရိကလိုကား ဈေးကွက် ထဲမှာတော့ ဝယ်လိုအားက သိသိသာသာ မြင့်တက်လာနေပါပြီ။ အခုနေ ရောင်းအားတွေကို ကြည့်လိုက်မယ် ဆိုရင်တော့ Tesla Model Y ၊ Ford Mustang Mach-E စတဲ့ လျှပ်စစ်ကားတွေ ကသာ ကားသစ် ဈေးကွက်တွေကို လွှမ်းမိုးထားနိုင်တာ တွေ့ရမှာပါ။ အခုလိုမျိုး နည်းပညာ တွေနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကအစ တိုးတက်လာတာကြောင့် ကာဗွန်ထုတ်လုပ်မှု မရှိတဲ့ လျှပ်စစ်ကားတွေရယ် ဆိုပြီး နာမည်ရလာ ခဲ့ပေ မယ့် Emissions Analytics ဆိုတဲ့ အဖွဲ့ကရလာတဲ့ အစီရင်ခံစာအရတော့ လျှပ်စစ်ကားတွေဟာလည်း ထင်ထားသလောက် ပတ်ဝန်းကျင် နဲ့ မကိုက်ညီသေးဘူး ဆိုတာကို သိလိုက်ရပါတယ်။ အဓိက ကတော့ သာမန်အင်ဂျင်နဲ့ ကားတွေလိုမျိုး ကာဗွန် ထုတ်လုပ်နေတာ မဟုတ်ပဲ တာယာတွေက တစ်ထောင့်တစ်နေရာက အကျိုးဆက် ဖြစ်လာတာပါ။ ‌လေ့လာ ထားချက် အရတော့ နေ့စဉ် မောင်းနှင်နေတဲ့ ကားတွေရဲ့ တာယာတွေက ကာဗွန်ထုတ်လုပ်မှုတွေဟာ ၁,၈၅၀ ဆ လောက်ကို ပိုများလာနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လျှပ်စစ် ကားတွေမှာ ဆိုရင် ပိုကြီးမားတဲ့ ဘက်ထရီ တွေ ကို သယ်လာရတာကြောင့် ကားရဲ့ အလေးချိန်ကို ပိုစီးလာစေပြီး တာယာတွေပေါ် ဝန်ပိုပိစေတာ ဖြစ် တယ်လို့လည်း သိရပါတယ်။

Photo Credit: CARBUZZ

၁,၁၀၀ ပေါင် လောက်ရှိတဲ့ ဘက်ထရီဆိုရင် သာမန် အိတ်ဇောပိုက်က ထွက်လာတဲ့ ကာဗွန်ထက်တောင် အဆ ၄၀၀ နီးပါးလောက် ပိုများ နေပြီး သေချာပြန်တွက်ကြည့်ရင် သာမန်အင်ဂျင်ကားရဲ့နှုန်းနဲ့ အတူတူပဲလို့ လေ့လာချက်အရ သိရပါတယ်။ ဒါပေမယ့်လည်း အခု လေ့လာ ချက်တွေကတော့ ခပ်ပေါ့ပေါ့ပဲ အသွားအလာနည်းကြသူတွေနဲ့ Regenerative စနစ်တွေကနေ တာယာဆီ ဆက်စပ်တာတွေ ကိုပဲလေ့လာ ထားတာဖြစ်ပြီး ကားရဲ့ အလေးချိန်ကြောင့် တာယာ Brake တွေဆီပိုပြီး ပွတ်တိုက်မိနေစေတာက ကာဗွန်ပိုထွက်စေတဲ့ အဓိက အကြောင်း ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ တာယာနဲ့ အိတ်ဇောပိုက်လိုင်းတွေရဲ့ကွာခြားချက်ကိုပါ သေချာသိထားဖို့ လိုလာပြီ ဖြစ်ပါတယ်။ တာယာ တွေ ဆိုတာက မြေကြီးနဲ့ ရေဆီကိုတိုက်ရိုက် ထိတွေ့ဝင်သွားရတဲ့ အပိုင်းတွေဖြစ်ပြီး အိတ်ဇော ပိုက်လိုင်းတွေ ဆိုတာကတော့ လေထဲကိုပဲ လွယ်လွယ်ကူကူ ပျံ့နှံ့လွယ်လို့ လေထုကိုပိုပြီး တိုက်ရိုက် ထိခိုက်နိုင်တာ ပါပဲ။ ဒါပေမယ့် စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုကတော့ တာယာ တွေ ဆီက ကာဗွန် ထုတ်လုပ်မှုရဲ့ ၁၁ % ကတော့ အချင်းအရ ၂.၅ မိုက်ခရွန် လောက်ပဲရှိတဲ့ အမှုန်တွေ ဖြစ်တာကြောင့် သာမန်ဖုန်မှုန့်တွေ လောက်နဲ့ အတူတူပဲလို့ ဆိုလို့ ရပါတယ်။

Photo Credit: CARBUZZ

လေ့လာချက်က ပိုပြီး အသေးစိတ်ရဦးမယ် ဆိုပေမယ့် လောလောဆယ် အနေအထား အရတော့ လျှပ်စစ် ကားတွေဟာ တစ်ချို့သော အင်ဂျင်သုံးထားတဲ့ ကားတွေထက် ကိုကာဗွန်ထုတ်လုပ်မှု ပိုများနိုင်သေးတယ် ဆိုတာတော့တွေ့ထားခဲ့ရပါပြီ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခုလိုမျိုး တာယာကနေ ကာဗွန်ထုတ်လုပ်မှု ဖြစ်နိုင်တယ်ဆိုတာ ကလည်း ပေါ့သေးသေး ကိစ္စ မဟုတ်တာ ကြောင့် လျစ်လျူ မရှု သင့်‌တာ တော့ သေချာ ပါတယ်။ ဒါကြောင့် အခု ဆိုရင်လည်း ကမ္ဘာ့ထိပ်တန်း တာယာဖန်တီး သူတွေပါ ပတ်ဝန်းကျင်ကို လုံးဝထိခိုက်မှု မရှိမယ့် တာယာတွေ စမ်းသပ် ဖန်တီးလာနေပြီဖြစ်ပြီး Michelin ရဲ့ e.Primacy တာယာဆိုရင် ကာဗွန်ထုတ်လုပ်မှု လုံးဝမရှိတဲ့ ကမ္ဘာ့ ပထမဆုံး တာယာ အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် နာမည်ကြီး Goodyear တာယာ ကုမ္ပဏီ ကလည်း သဘာဝနဲ့ကိုက်ညီမယ့် Biodegradable တာယာတွေကို ဖန်တီးနေသလို နောက်ထပ် နာမည်ကျော် Continental တို့ကပါ ၅၀ % သော ပြန်လည် သုံးစွဲထားတဲ့ ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ တာယာတွေကို စမ်းသပ် ထုတ်လုပ် နေကြပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု လေ့လာချက် ရလဒ်ကတော့ ကား တွေနဲ့ ပတ်သက်တဲ့ အတွေးတွေ ကိုပါ ပြောင်းလဲ ပစ်နိုင်လောက်ပြီး ကာဗွန်ထုတ်လုပ်မှု လုံးဝကို မရှိတော့မယ့် ယာဉ်တွေရဲ့ အနာဂါတ် ဆိုတာကတော့ အလှမ်း ဝေးနိုင်သေးတယ် ဆိုတာပါ သိလိုက်ရပြီပဲ ဖြစ်ပါတယ်။
Ref: carbuzz.com