လျှပ်စစ် ကားတွေ တစ်ဟုန်ထိုး များပြားတိုးတက်လာတယ် ဆိုပေမယ့် ဈေးသက်သာပါတယ် ဆိုတဲ့ လျှပ်စစ် ကားတွေ တောင်မှ သာမန် ဂတ်စ်အင်ဂျင်သုံး ကားတွေထက် သိသိသာသာ ဈေးကြီးနေတုန်း ဖြစ်ပါတယ်။ ဒီလို ဈေးတွေ နဲ့ ချည်း လျှပ်စစ် ကားတွေ ထွက်လာနေကြတာ ဖြစ်ပေမယ့် ဈေးနှုန်းပိုင်းအရ $ 30,000 အောက်နဲ့ ထုတ်လုပ်ပေးလာ မယ်ဆိုတဲ့ စိတ်လှုပ်ရှားစရာ လျှပ်စစ်ကားကောင်း တစ်စီး ရှိနေပါသေးတယ်။ အဲ့ဒါကတော့ 2024 Chevrolet Equinox အသစ်ပါပဲ။ အဆိုပါ အသစ် ထွက်လာမယ့် လျှပ်စစ် Crossover အတွက်ကို ကုမ္ပဏီ ဘက်ကလည်း ပိုစတာတွေ တစ်ခု ပြီး တစ်ခုချပြကာ ကြော်ငြာနေခဲ့ပြီး အထူးသဖြင့် ခေတ်လွန်ဒီဇိုင်း ဖြစ်မယ့် Sport ဆန်ဆန် RS Trim ရဲ့ အပြင်ဘက် ကား ဒီဇိုင်းကိုပိုပြီး အလေးပေးဖော်ပြ နေတာပါ။ ဒါပေမယ့် အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ကားနဲ့ ပတ်သက်တဲ့ Teaser Video အသစ်မှာတော့ ကားရဲ့ အတွင်းခန်းကို ကောင်းကောင်း လှမ်းမြင်လိုက်ရပြီပဲ ဖြစ်ပါတယ်။ Touchscreen ခပ်ကြီးကြီးလို အရာမျိုးတွေကတော့ Silverado EV ဆီက ယူဆောင်လာပုံရပြီး Cabin တစ်ခုလုံး ကတော့ Digital Instrument Cluster အပြည့် သုံးပေးထားတာမျိုးပဲ ဖြစ်တော့မှာပါ။ ဒါ့အပြင် GM ရဲ့ နောက်ဆုံးပေါ် Hands-Free Super Cruise စနစ်လည်း ပါလာဖို့ ရှိနေပါတယ်။

အခု Video အသစ်ထဲမှာတော့ ကားရဲ့ Dashboard ကို ယာဉ်မောင်းနေရာကနေ မြင်ရတဲ့ ပုံစံမျိုးနဲ့ ခပ်မြန် မြန်ပဲ တွေ့လိုက်ရပြီး X ပုံစံ အဲကွန်းပေါက် တွေနဲ့ Ambient Lighting တွေကိုလည်း ‌မြင်လိုက် ရပါတယ်။ Video ထဲမှာတော့ အဆိုပါ မီးရောင်လေးတွေက အဖြူကနေ အပြာကို ပြောင်းသွားတာ တွေ့ရပေမယ့် စိတ် ကြိုက် အရောင်တွေ ရွေးပြောင်းလို့ ရမှာလား ဆိုတာကတော့ မသေချာသေးပါဘူး။ ဒါ့အပြင် အရှေ့ဘက် ထိုင်ခုံ ၂ လုံး ကြားက ခွက် တင်စရာနေရာ ခပ်ကျယ်ကျယ်နဲ့ လက်တင်ခုံကိုလည်း အနီးကပ် မြင်လိုက်ရပြီး USB-C အပေါက် ၂ ပေါက် ၊ Climate Control အတွက် သာမန် ခလုတ်တွေ အပြင် အပေါ်ဘက်နဲ့ အောက် ဘက်မှာ ပစ္စည်းထားစရာ နေရာတွေ တော် တော် စုံတာကို တွေ့ရပါတယ်။ Digital Gauge Cluster ပေါ်ကို ကြည့်မယ်ဆိုရင်တော့  Odometer မှာ ပြထားတာက ထူးခြားနေပြီး ၄၈,၂၁၁ မိုင်လို့ ပြနေတာပါပဲ။ တမင်တစ်ခုခု ရည်ရွယ်ပြီးပြတာလား ဒါမှမဟုတ် ဒီတိုင်းပဲ အရေးမကြ သလို ထည့်ထားတာလား ဆိုတာက တော့ မသေချာသေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ခြုံကြည့်ရမယ်ဆိုရင်တော့ အတွင်းခန်း တစ်ခုလုံးက လျှပ်စစ် ကားတစ်စီး အတွက် သက်သာတဲ့ ‌ဈေးတန်းက ကား အတွက်တော့ တော်တော် လေးတန်တဲ့ ရလဒ်ကို ပြန်ရ တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။

Photo Credit: CARBUZZ

ဘယ်လိုပဲ ဖြစ်ဖြစ် အခု Video Teaser တွေထဲမှာ ပြသွားတဲ့ ပုံရိပ်တွေက နမူနာသာ ရှိသေးတာကြောင့် နောက်ပိုင်း မှာတော့ အပြောင်းအလဲတွေ ရှိလာနိုင်သေးပြီး တကယ်တမ်း ထုတ်လုပ်တဲ့ အဆင့် ရောက်မယ့် Equinox EV ကို မြင်ရင်တော့ တစ်ချို့အပိုင်းတွေ ကွဲပြားလာ နိုင်ပါသေးတယ်။ ဒါကြောင့်လည်း လာမယ့် ၂၀၂၄ မတိုင်ခင် အခု လျှပ်စစ် ကားသစ် မထွက်လာနိုင်လောက် သေးဘူးဆိုတာ သေချာနေပါတယ်။ နောက် ထပ် လျှပ်စစ်စွမ်းအင်သုံး Blazer ကားသစ်ကိုလည်း အများပြည်သူကိုအနည်းအကျဉ်းသာ ချပြထားနိုင်သေး ပြီး လုံးဝတရားဝင် မိတ်ဆက်ဖို့အချိန် လို နေသေးတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုပါ လျှပ်စစ်ကား အတွက်ကိုလည်း ကြိုးစားနေပြီ ဖြစ်ကာ ၂၀၂၃ မတိုင်ခင်တော့ ထွက်မလာနိုင်သေးပေမယ့်လည်း ကုမ္ပဏီရဲ့ ခြေလှမ်းတွေကတော့ တော်တော်လေး စိပ်လာပြီလို့ပဲ ဆိုရတော့မှာပါ။

Ref: carbuzz.com