အခုနှစ်ရဲ့ SEMA ကားပြပွဲ ကြီးမှာတော့ Ringbrothers Tuning Company ကနေ 1948 Chevrolet Super Truck ကားကို ပြန်လည်မွမ်းမံထားတဲ့ Enyo အမည်ရှိ ထူးထူးခြားခြား ကားတစ်စီးကို ပြသလာခဲ့ပါ တယ်။ ကုမ္ပဏီ အနေနဲ့ အဆိုပါ အလန်းစား Pickup Truck ကားကြီးကို နာရီပေါင်း ၁၀,၀၀၀ ကျော်အထိ အချိန်ကုန်ခံကာ ပြင်ဆင် ထုတ်လုပ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ကားမှာတော့ Ahlman Engineering And Roadster Shop ဆီက ကိုယ်ပိုင်ပြုပြင် ထုတ်လုပ်ထားတဲ့ Chassis ကို အသုံးပြုထားပြီး ၁၉၄၈ ခုနှစ်ထုတ်က စတီးကိုယ်ထည်ပိုင်းထက် ပိုပြီးလည်းရှည်၊ ကျယ်လည်းကျယ်အောင် ဖန်တီးထား ပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် အခု အထူးပြုပြင်မွမ်းမံထားတဲ့ ကားမှာတော့ Ohlins TTX Coilovers တွေကို Swift Spring တွေနဲ့အတူ ပြောင်းလဲ တပ်ဆင်ပေးထား ပြီး အရှေ့ဘက်နဲ့ အနောက်ဘက်တို့ မှာ Cantilever Independent Suspension အမျိုး အစားကိုလည်း ထည့်သွင်း အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ကားသစ်ရဲ့ ဘရိတ်တွေကိုလည်း Piston Calipers ၆ လုံးအထိ ပါဝင်တဲ့ Brembo ဘရိတ် အမျိုးအစားတွေ အဖြစ် ပြောင်းသုံးထားပါသေးတယ်။ အဓိက‌ ကတော့ ကားကြီး ဘယ်နေရာမှာပဲမောင်းမောင်း ခပ်မြန်မြန်နဲ့ လိုသလို ရပ်တန့်ပေးနိုင်အောင် ဘရိတ်ကို ပိုအလေး ပေးထားတာ ဖြစ်ပါတယ်။ All-New Goodwin Competition Racing Engine အမျိုးအစားကိုလည်း အသုံးပြုထားပြီး LS V8 Engine ကြီး ဖြစ်တာကြောင့် ကားရဲ့ ၅၁၀ ကုဗလက်မ လောက်အထိကို နေရာယူထားတာလည်း တွေ့ရပါတယ်။ ပိုပြီး အံ့အားသင့်ဖို့ ကောင်းတာကတော့ အခုကားကြီးရဲ့ အင်ဂျင်နဲ့ တွဲဖက်ပြီး Eight-Stack Kinsler LS-Sprint Injection အပြင် Holley Fuel Management စနစ်ကိုလည်း ထည့်သွင်း ပေးထားတာကြောင့် ကားရဲ့ စွမ်းဆောင်ရည် ပိုင်းက 1,000 hp အထိကို ရှိလာခဲ့ပါတယ်။

Photo Credit: AllAutoExperts

V8 အင်ဂျင်နဲ့ ပိုပြီး လိုက်ဖက်တာကတော့ Bowler Performance 4L80 Automatic ဂီယာဖြစ်ပြီး တိုက်တေနီယမ်ဘေးပိုက်တွေ၊ Stainless Steel Header တွေကလည်း အခု အင်ဂျင်ကြီးကို ပိုကောင်းစေတဲ့ တစ်ချက် ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းကတော့ တစ်စီးမှာ တစ်မျိုးတည်းသာ ရနိုင်မယ့် Unlimited Upholstery အပိုင်းတွေ အပြင် Gemini ရဲ့ နည်းပညာ စနစ်တွေ အကောင်းဆုံး ပေါင်းစပ်ထားတာကြောင့် တော်တော်လေးကို အချိုးကျ လှပ နေပါပြီ။ ဒါ့အပြင် ကားရဲ့ ဆီတိုင်ကီကိုလည်း Stainless Steel သားနဲ့ပဲ ဖန်တီးပေးထားပြီး အဲကွန်းစနစ်ကလည်း Vintage Air Gen II နည်းပညာကို အသုံး ပြုပေးထားတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts