ကားတွေထဲမှာတော့ နေရာစုံကို အိမ်တစ်လုံးလို သွားလို့ရနိုင်မယ့် ဒီဇိုင်း ခပ်တုံးတုံး RV တွေကို ငြီးငွေ့လာပြီ ဆိုရင် တော့ အခုကားက တကယ်ကို အမြင်ဆန်း အသွင်ဆန်းစေမှာ သေချာပါတယ်။ အခု ကားကြီးကတော့ မြင်ဖူးသမျှ RV ကားတွေထဲ အထူးခြားဆုံးနဲ့ တီထွင် ဆန်းသစ်မှု အရှိဆုံးလို့ ဆိုနိုင်ပြီး Elemment Palazzo လို့   အမည် ရထားတာပါ။ အဆိုပါ ကားကြီးကိုတော့ စူပါကားတွေမှာသာတွေ့ ရလေ့ ရှိတဲ့ အကောင်းဆုံးသော သတ္တုတွေ ၊ Aerodynamic ပိုင်း သေချာတွက်ချက် ထားမှုတွေနဲ့ အခြားသော စွမ်းဆောင်ရည် ပြိုင်ဘက် ကင်းစေမယ့် အင်ဂျင်နီယာပိုင်းတွေကို ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ကားကြီးကတော့ လက်ရှိ ဒီကနေ့ခေတ် လမ်းမတွေပေါ်က ကားတွေနဲ့ လုံးဝ တစ်ခြားစီ ဖြစ်ပြီး နောက်တစ်ချက် ကောင်းတာကတော့ သာမန် RV ကားတွေရဲ့ ဒီဇိုင်းကနေ ခွဲထွက် လိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အထူးသဖြင့် ကားရဲ့ ဒီဇိုင်းနဲ့ အတွင်းခန်းမှာ နေရာအကျယ်ဆုံးတွေ ဖန်တီးနိုင်ဖို့ကို ကောင်းကောင်း ဦးစားပေးထားတာ ‌ဖြစ်ပြီး ဒီလောက် စိတ်ဝင်စားဖို့ ကောင်းတဲ့ RV ထပ်မတွေ့နိုင်တော့ ဘူးလို့တောင် အပိုင်ပြောလို့ရတဲ့ အထိ ထူးခြားကောင်းမွန်ပါတယ်။ တကယ်ကတော့ အခု ကားကြီးမှာ သုံးထားနဲ့ Aerodynamic အပိုင်းတွေ ကတော့ လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ် တွေဆီက အင်ဂျင်နီယာတွေ ဖန်တီးထားခဲ့တဲ့ Semi-Truck တွေရဲ့ အခြေခံ နည်းစနစ်တွေ ကို ယူထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက် အများနဲ့ လုံးဝမတူ‌တာကတော့ သာမန်နေရာ မှာ မဟုတ်တဲ့ ယာဉ်မောင်းနေရာ Cockpit ပါပဲ ၊ ပိုကောင်းလာတဲ့ အပြင်အဆင်တွေနဲ့အတူ အရှေ့ဘက် မှာ သပ်သပ် ထွက်နေတာ ကြောင့် သာမန် ကားတစ်စီး ဆိုတာထက်ဇိမ်ခံ ရွက်လှေတစ်စီး နဲ့တောင်ပိုပြီး ဆင်တူ နေပါသေး တယ်။

Photo Credit: motor 1.com

အဆိုပါ ကားကြီးကတော့ ပြင်ဆင် ရွေးချယ်စရာ ပေါင်း ၅ မျိုးအထိ ရမှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းတွေ သုံးဖို့ ကနေ ဇိမ်ခံ ခရီးတွေအထိ သုံးနိုင်အောင် စီစဉ် ပေးထားပါတယ်။ အကြိုက်ဆုံးအပြင်အဆင် ကတော့ အဆိုပါ ကားရဲ့ Range အမြင့်ဆုံးဖြစ်တဲ့ Luxury RV ကားပါပဲ။ အဆိုပါ ကားကြီးမှာ ဆိုရင် ကားရဲ့ အမိုးအပေါ်မှာမှ မိုးမျှော် တိုက်တွေအပေါ်ဆုံးမှာ အနားယူနိုင်သလို Sky Lounge ပါ ပါဝင်လာတာ ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို မြင်ကွင်းကျယ် မြင်နိုင်တာမျိုးက အတော်လေးကို မခံစားဖူးတဲ့ အတွေ့အကြုံ ဖြစ်စေတော့မှာပါပဲ။ ဒါ့အပြင် ရွက်လှေ တွေရဲ့ စတိုင် ပြတင်းပေါက်တွေလည်း ပါဝင်လာပြီး ဈေးကြီးလွန်းတဲ့ Carbon Fiber တွေကိုလည်း သုံး ပေးထားပါ တယ်။ နောက်တစ်ချက်ကတော့ ယာဉ်မောင်းအခန်းမှာ ဘယ်လည်းမဟုတ် ညာလည်း မဟုတ်တဲ့ အလယ်မောင်းစနစ်ဖြစ်ပြီး ရဟတ်ယာဉ် တွေရဲ့ ယာဉ်မောင်းခန်းလိုမျိုး စီစဉ်ပေး ထားတာကြောင့် ကားမောင်းနေရတယ်လို့တောင် ထင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သာမန် RV တွေကနေ အကွဲထွက်ဆုံး RV ကား ခပ်ကြီးကြီးကိုပြပါဆိုရင်တော့ ဒီကား ကြီးကိုပဲ ရွေးချယ်ဖို့ သေချာပေါက် ပြသရတော့မှာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com