ပြီးခဲ့တဲ့ ၂၀၂၀ နှောင်းပိုင်း လောက်တုန်းကပဲ Renault တို့က Kangoo ကားသစ်ကို ချပြ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ကားပြီး ကတည်းက နောက်ဆက်တွဲ တွဲဖက်ကားအနေနဲ့ Camper Van Concept တစ်စီး ဖြစ်တဲ့ Hippie Caviar Motel ဆိုတဲ့ ကားကို ချပြနေခဲ့ပါတယ်။ အဆိုပါ ကားကိုတော့ လာမယ့်လ ဂျာမနီနိုင်ငံ ၊ ဟန်နိုဗာမှာ ကျင်းပမယ့် IAA Transportation ပြပွဲကြီးမှာ ချပြမိတ်ဆက်သွားဖို့ ရှိနေခဲ့ပါပြီ။ ကုမ္ပဏီကတော့ အဆိုပါကားရဲ့ အပြင်ဘက် အခြမ်းကိုပဲ ပြသနေသေးတာဖြစ်လို့ အတွင်းခန်းနဲ့ အသေးစိတ်ပုံရိပ်တွေ မြင်ရဖို့တော့ ခက်ခဲနေပါသေးတယ်။ တကယ်တမ်း ကတော့အဆိုပါ ကားက Kangoo Van ကို အခြေခံကာ ထုတ်လုပ်ထားတာဖြစ်ပြီး 120 hp ရှိ လျှပ်စစ် မော်တာနဲ့ 45 kWh Battery တို့ ပါဝင်လာမှာပါ။ အဆိုပါ Electric Camper Van လေးကတော့ တစ်ခါ အားသွင်းထားရုံနဲ့တင် ၁၇၇ မိုင် အထိ ပို့ဆောင် ပေးနိုင်လိမ့်မယ်လို့ ဆိုထားပေမယ့် WLTP Cycle အရတော့ အခု ပမာဏတွေက တရားဝင် အတည်မဖြစ်သေးပါဘူး။ ကုမ္ပဏီ ဘက်ကတော့ နာရီဝက် အားသွင်းတာနဲ့တင် ၁၀၅ မိုင်ခန့် မောင်းနှင်စရာ ဘက်ထရီအား ပမာဏကို ရလိမ့်မယ်လို့ ဆိုထားပါသေးတယ်။

Photo Credit: motor 1.com

အခု ကားလေးကတော့ Motel ဆိုတဲ့ နာမည်အတိုင်း Hotel လောက်တော့ မကြီးကျယ်မခန်းနားဘူးဆိုတဲ့ အနေအထားလေးမှာ ရှိပါတယ်။ Hotel ကားကတော့ နာမည်အတိုင်းပဲ ခေါက်လို့ရတဲ့ ခုတင် ၊ ဆွဲဆန့်လို့ ရတဲ့ အိပ်ယာနဲ့ အခြားသော အသုံးအဆောင်တွေ အကုန်ကို အဆင့်မြင့်မြင့်နဲ့ ပါဝင်ထားတာပါ။ Hotel ဆိုတဲ့ ကားမှာ တော့ အပေါ်အထိ တက်နေလို့ရဦးမယ့် Rooftop Terrace တောင် ပါလာသေးပြီး ထိုင်ခုံနဲ့ ကော်ဖီတင် စားပွဲလေး လည်းပါဝင်လာပါတယ်။ Renault ကတော့ အဆိုပါ ကားလေးကို Five Star Hotel အခန်းတွေရဲ့ ပုံစံတွေ အတိုင်း ရေချိုးခန်းတွေကအစ စုံလင်နေအောင် ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု Motel ကားမှာတော့ တစ်ဆင့် နှိမ့်ထားတဲ့အတိုင်း အိပ်ယာအဖြစ် ပြောင်းပေးနိုင်တဲ့ ခေါက်ထိုင်ခုံတန်းတွေပဲ ထည့်ပေးထားပါတယ်။ ဒါပေမယ့် အားကစားပစ္စည်းလို အရာမျိုး‌တွေအထိပါ သိမ်းဆည်း နိုင်မယ့် နေရာ‌အတော်များများတော့ ပါဝင်လာတယ်လို့ သိရပါတယ်။ ကားရဲ့အတွင်းနဲ့အပြင် တို့ကို လိုက်လျောညီထွေရှိစေမယ့် အပြင်အဆင်တွေကို ဦးစားပေးအသုံးပြုထားပြီး Panoramic အမိုးကို အနှောင့် အယှက် မဖြစ်စေမယ့် Ski Rack ကိုလည်း ထပ်တပ်ပေးထားပါသေးတယ်။ ကားရဲ့ ကြမ်းခင်းတွေနဲ့ စင်တွေအပြင် အခြားသော အတွင်းခန်းထဲက လိုအပ်တဲ့ ပစ္စည်း လေးတွေကိုလည်း Recycle ပစ္စည်းတွေ နဲ့ ရအောင် ဖန်တီး ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု Motel ဒါမှမဟုတ် Hotel ကားတွေကို တကယ်ပဲ ထုတ်လုပ်လာဖို့ အစီအစဉ် ရှိမရှိ ဆိုတာကတော့ မသေချာ သေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီကတော့ လတ်တလော ဈေးကွက်ထဲ ရှိပြီးဖြစ်တဲ့ Trafic SpaceNomad Van ကားနဲ့ Hotel ဆိုတဲ့ကားကိုယှဉ်ကာ ချပြထားခဲ့တာတော့ ရှိဖူးပါတယ်။ Camper Van ကားတွေကလည်း ဈေးကွက်ထဲ ပိုပိုပြီး ရောင်းကောင်းလာတာနဲ့အမျှ အခုလိုကားအသစ်တွေ ထပ်ရောက် လာတာလည်း မဆန်းဖူးလို့တောင် ဆိုလို့ ရပါတယ်။ တစ်ဖက်မှာလည်း နာမည်ကျော် Volkswagen တို့က သူတို့ရဲ့ ID.Buzz လျှပ်စစ်ကားသစ် လေးကိုပဲ Camper Van Version အသစ်အနေနဲ့ လာမယ့် ၂၀၂၅ အကျော်မှာ ချပြလာမယ်လို့ ဆိုထားပြီးဖြစ်ပါတယ်။

Ref: motor 1.com