Mini ကတော့ သူတို့ရဲ့ ကားလေးတွေကို ကမ္ဘာ့ ‌ဈေးကွက် အတော်များများမှာ အခုထက်ပိုပြီး နေရာရလူသိ များလာ စေဖို့ အတွက် ရည်ရွယ်ပြီး အခုနှစ်ထဲမှာပဲ အမေရိက ဈေးကွက်အတွက် အထူးထုတ် Special Edition အသစ်တွေ မိတ်ဆက်ပေးသွားမယ်လို့ ပြောထားခဲ့ဖူးပါတယ်။ ‌တကယ်လည်းပြောထားတဲ့ အတိုင်း ပဲ Cooper S Hardtop ၊ အမိုးဖွင့်နဲ့ SE Electric Models တွေ အတွက် Resolute Edition အသစ်တွေ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ Compact ကားလေးတွေကို ချည်း သီးသန့် ထုတ်လုပ်လာခဲ့တဲ့ အဆိုပါ ကား ကုမ္ပဏီကတော့  အဆိုပါ Edition အသစ်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို တော့မချပြ ခဲ့သေးပေ မယ့် အမိုးဖွင့် ကားတစ်စီးအနေနဲ့ ဘယ်လိုရှိလာမလဲ ဆိုတာကိုတော့ မြင်လာရပါတယ်။ ဂျာမနီပိုင် အဆိုပါ အင်္ဂလန် အခြေစိုက် ကားကုမ္ပဏီကတော့ Mini Cooper အမိုး ဖွင့် ကားလေးကို ပိုလန်းသွားစေမယ့် အဆို ပါ $ 1,000 တန် Special Edition Package ကို ချပြလာခဲ့တာပါ။ အဆိုပါ Package ကတော့ လာမယ့် ၂၀၂၃ မော်ဒယ် ကားသစ် အတွက်ပဲ ရနိုင်မှာ ဖြစ်ပြီးအမိုးဖွင့် ဒီဇိုင်းကိုမှ ယခင် JCW Models တွေမှာပဲ ရနိုင်ခဲ့ဖူးတဲ့ Rebel Green ကိုယ်ထည် အရောင်ကိုပါ ထည့်ပေးလာတာ တွေ့ရပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ကားကိုယ်ထည် အရောင်နဲ့ ဆန့်ကျင်ဘက် ဖြစ်စေမယ့် Resolute Bronze Trim ဆိုတဲ့  ကြေးဝါ ရောင် အစင်း လေးတွေကို မူလ Chrome Finish တွေနေရာမှာ အစားထိုး ပေးလာခဲ့ ပါသေးတယ်။ အဆိုပါ Trim အရောင် လေးတွေကိုတော့ Headlight မီးလုံး ပတ်ပတ်လည် ၊  Radiator Grille ၊ အနောက်ဘက် မီးလုံးတွေနဲ့ ဘေးဘက်က ခြေနင်းတွေ ၊ တံခါး လက်ကိုင်တွေနဲ့ အခြား နေရာအတော် များများမှာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားရဲ့ တံဆိပ် နေရာတွေ ၊ အတွင်းပိုင်း ကိုယ်ထည်နဲ့ အတွင်းပိုင်း Frame တစ်ခုလုံးအပြင် Radiator Crossbar နဲ့  Exhaust Tailpipe Trimmings နေရာတွေမှာတော့ အနက် ရောင် Piano Gloss Black အရောင်လေးတွေနဲ့ ခြယ်သပေးထားတာတွေ့ရမှာပါ။ ဒါ့အပြင် အပိတ်အဖွင့် လုပ်လို့ရတဲ့ ကားရဲ့ အမိုးမှာ ဆိုရင်တော့ အနက်ရောင် Fabric သားနဲ့ ပြီးပြည့်စုံအောင် ဖန်တီးပေးထားပါ တယ်။ ကားရဲ့ အတွင်းခန်းမှာတော့ Resolute ဆိုတဲ့ အရသာ လေးပဲ ဆက်ရနေအောင် ပုလဲ နက်ရောင် လေးပဲ နေရာ အနှံ့ လွှမ်းမိုး ပေးထားပြီး Fabric နဲ့ လယ်သာ နည်းနည်းစီ ပေါင်းစပ် ထားတဲ့ Sports ထိုင်ခုံ တွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။ ကား ရဲ့ Cabin တစ်လျှောက်မှာတော့အပြင်ဘက် က ဒီဇိုင်း အရသာတွေနဲ့ ပိုပြီး ဆင်တူတဲ့ တသမတ်တည်း အရသာလေးကို ‌ခံစားနိုင်အောင် အရောင်ဆင်တူတွေပဲ ထည့်သွင်း ပေးထားပါတယ်။

Photo Credit: CARBUZZ

အခု Mini Cooper S အမိုးဖွင့် ရဲ့ Resolute Edition အသစ် မှာတော့ ဈေးပိုကြီးတဲ့ LED Ambient Lighting Package ကို Standard အနေနဲ့ပဲ ထည့်သွင်းထားပြီး Nappa Leather သားနဲ့ Upholstery ကို လည်း ကားရဲ့ စတီယာတိုင်မှာ ဖန်တီးပေးထားပါသေးတယ်။ ဒါ့အပြင် စတီယာတိုင် အောက်ခြေမှာ အထူး ထုတ်ကားမှန်း သိသာနေအောင် Resolute ဆိုတဲ့ စာသားလေးကိုလည်း စမတ်ကျကျ ထည့်သွင်းပေးထား တာ ဖြစ်ပါတယ်။ အခု Resolute Edition အသစ် ကတော့ ယခင်တုန်းက သီချင်း ကုမ္ပဏီတစ်ခုရဲ့ နှစ် ၆၀ ပြည့် အတွက် David Brown Automotive ကသေချာ ဖန်တီးပေးထား ခဲ့တဲ့ Classic Marshall Edition ဆိုတဲ့ သီးသန့်ကားကိုတော့  မယှဉ်နိုင်သေးတာ တွေ့ရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် $ 140,000 လောက် ထပ် ပေးရမယ့် အဆိုပါ သီးသန့် Edition ထက်စာရင်တော့ အခုချပြလာ တဲ့အထူးထုတ် ကားလေးက ပိုပြီး ရွေး ချယ်လို့ကောင်းမှာသေချာပါတယ်။ တကယ်လို့ အခု Resolution Edition Package အသစ်ကို လိုချင် တယ် ဆိုရင်တော့ $ 850 Destination Charge တွေ မပါဝင်သေးပဲနဲ့ $ 40,400 အထိ MSRP နှုန်းတွေ ကျသင့်မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com