အင်ဂျင်သံ ခပ်ကြမ်းကြမ်း စွမ်းဆောင်ရည်မြင့်မြင့်နဲ့ မြင်ခဲ့ကြားခဲ့ရတဲ့ Dodge Charger ကားတွေကိုတော့ အင်ဂျင်သံ မပါတော့မယ့် လျှပ်စစ်ကားတွေ အဖြစ် မြင်ရတော့မှာဖြစ်ပြီး  အခု ဆိုရင်ပဲ Electric Charger Concept ကို စတင်မြင်ရပြီ ဖြစ်ပါတယ်။ အခု လောလောလတ်လတ် မြင်တွေ့လိုက်ရတဲ့ Dodge Charger Daytona Concept EV ကတော့ သေချာပေါက် Brand ရဲ့ အနာဂါတ် လျှပ်စစ်ကားတွေကို ဖော်ကျူးပေး နိုင်မှာပါ။ ဘယ်လိုပဲ လျှပ်စစ်မော်တာနဲ့ လာမယ် ပြောပြော Fratzonic Chambered ဆိုတဲ့ အိတ်ဇောစနစ်ကို ထည့်ပေးထားသေးတာကြောင့် သာမန် အင်ဂျင်ကားတွေလို အသံမျိုး‌တော့ ထွက်လာ နိုင်ပါသေးတယ်။ အခုလိုကား Concept ထွက်လာလာ ချင်းပဲ Stellantis ကတော့ Concept ကားရဲ့ ပုံရိပ်တွေအပြင် Video ပါ ရိုက်ကူးထားလိုက် နိုင်ပါ သေးတယ်။

 

Video ထဲမှာတော့ အဆိုပါကားရဲ့ အိတ်ဇောစနစ်ကနေ ထွက်ပေါ်လာတဲ့ အသံက ရင်းရင်းနှီးနှီး ရှိနေပြီး Knight Rider ကားထဲက KITT ကား အသံမျိုးပါပဲ။ ဒါပေမယ့် လျှပ်စစ်ကားနဲ့ မတူပိုပြီး ပေါက်ကွဲ အားပြင်း ကာ ခပ်ကျယ်ကျယ်ဖြစ်နေတဲ့ အတွက် လီဘာနင်းတိုင်းမှာ ပိုကျယ်တဲ့ အသံ ထွက်နေတာကတော့ အရသာမပျက်ပါဘူး။ Video ထဲက နောက်ထပ် လျှပ်စစ်ကားအသံ ကိုလည်း ကြားရလိုက်သေးပြီး ကားရဲ့ အသံ အစစ်လား ဆိုတာတော့ မသေချာသေးပါဘူး။ Dodge ကတော့ အခု လျှပ်စစ်ကားမှာ ထည့်ပေးထားတဲ့ အိတ်ဇောစနစ်ကို ဘယ်လို အလုပ်လုပ် ပေးထားလဲ ဆိုတာ အသေးစိတ် မဖော်ပြထား သေးပါဘူး။ ဒါပေမယ့် အိတ်ဇောအသံကို တိုင်းတာ ကြည့်ကြရာမှာ 126 dB အထိ ရှိတာကြောင့် Hellcat V8 အသံလောက် အထိကို ရှိလာနိုင်ပါတယ်။ Dodge ကတော့ အခု လျှပ်စစ် Concept ကားအသစ်ကို စွမ်းဆောင်ရည်အပြည့်နဲ့ ထူးခြားတဲ့ အသံအရသာကို ခံစားနိုင်မယ့် Muscle ကား ခေတ်သစ်ဆိုပြီး တင်စားထားပါတယ်။

Photo Credit: motor 1.com

စွမ်းဆောင်ရည် ပိုင်းအရလည်း ဘာမှတော့ တိတိကျကျ ပြောကြားထားခြင်း မရှိ သေးပေမယ့်လည်း အတိအကျ အချက်အလက်တွေ အရတော့ အခုကားက ယခင် Hellcat ထက် ပိုမြန်မယ် ဆိုပြီး Dodge က အတည်ပြုပေးထားပါတယ်။ စက်ပိုင်းဆိုင်ရာရဲ့ အခြေခံ အချက်အလက် တွေကိုလည်း အတိအကျ မသိရသေးသလို နှိုင်းယှဉ်စရာ လျှပ်စစ်ကား မျိုးတူလည်း မရှိသေးတာပါ။ ဒါပေမယ့် သာမန် ထုံးစံအတိုင်း Hellcat ရဲ့ တံဆိပ်တွေကတော့ ကားမှာ ပါဝင်လာမှာ သေချာပါတယ်။ သေချာတဲ့ တစ်ချက်ကတော့ Dodge တို့က သူ့ရဲ့ လျှပ်စစ်ကား ဈေးကွက်တွေအတွက် စတင် ပြင်ဆင်နေပြီ ဆိုတာ ဖြစ်ပြီး စွမ်းဆောင်ရည် ကောင်းမယ့် ကားတွေဖြစ်တာကြောင့် လက်ရှိ ဈေးကွက်ထဲ ရောက်နေတဲ့ လျှပ်စစ်ကားတွေနဲ့တော့ ကွဲပြားနေဦးမှာ သေချာပါတယ်။ Concept မှာ တင် ဝမ်းသာစရာ တစ်ချက် မြင်လိုက်ရတာ ကတော့ ကားရဲ့ အပြင်ဘက်အပိုင်းက ယခင်ကား အဟောင်းတွေရဲ့ Retro Design ကိုပြန်လည် ယူဆောင်ပေးလာတာပါပဲ။ ဒါကြောင့် ဒီပုံစံအတိုင်း ထုတ်လုပ်တဲ့ အဆင့်အထိ ယူဆောင်လာ နိုင်ဖို့ကိုပဲ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com