တရုတ်ကားကုမ္ပဏီကြီး BYD ကတော့ Denza N7 SUV ကားရဲ့ တရားဝင်ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။ ကားရဲ့အပြင်ပိုင်းကတော့ ယမန်နှစ် ဩဂုတ်လ တုန်းကချပြခဲ့တဲ့ Denza Inception Concept နဲ့ တူညီနေကာ အခုနှစ်အတွင်း ဈေးကွက်ထဲ ဝင်ရောက်လာလိမ့်မယ်လို့သိရပါတယ်။

Photo Credit: CarNewsChina

တရားဝင်ထွက်ပေါ်လာတဲ့ ပုံရိပ်တွေအရတော့ Denza N7 ကားက Inception Concept ကားနဲ့ နီးစပ်စွာတူညီနေတာ တွေ့ရပါတယ်။ ယခင်ကတည်းက Denza ကားက Inception Concept ကားနဲ့တူညီလိမ့်မယ်လို့ဆိုထားတာ ဖြစ်ပေမယ့် သိသိသာသာကွဲပြားတဲ့အချက်အချို့တော့ ရှိနေဆဲပါပဲ။ N7 ကားရဲ့ အရှေ့ဖက် ဘန်ဘာက Sporty ဆန်လာသလို Taillight Unit တွေကိုလည်း ကွဲပြားနေပါတယ်။ အခြားသော အပြင်ပိုင်းသွင်ပြင်တွေကို ကြည့်မယ်ဆိုရင် တော့ Sport ဆန်တဲ့ Roof Spoiler ၊ အနည်းငယ်စောင်းထားတဲ့ D-Pillar ၊ ဆွဲထုတ်သိမ်းနိုင်တဲ့ တံခါးလက်ကိုင်တွေ၊ အရှေ့ဖက် အပိတ်ဒီဇိုင်းနဲ့ Side Mirrors အစစ်တွေပါဝင်လာပါတယ်။ ဒါ့အပြင် အရှေ့ဖက် ဘန်ဘာမှာ LiDAR Sensor တွေတပ်ဆင်ပေးထားသလို Front Pillar ပေါ်မှာတော့ ကြီးမားတဲ့ Floating Screen တစ်ခုနဲ့ Face ID Sensor တစ်ခုပါဝင်လာပြီးအတွင်းပိုင်းကတော့ Inception နဲ့အတော်လေး တူညီနေတာဖြစ်ပါတယ်။

Photo Credit: CarNewsChina

အပြင်ပိုင်းသွင်ပြင်ကို အကျဉ်းချုံးကြည့်မယ်ဆိုရင်တော့ Denza N7 ကားက Porsche Cayenne Coupe နဲ့အတော်လေး ဆင်တူတယ်လို့ဆိုနိုင်ကာ EV နဲ့ PHEV Version တွေ အနေနဲ့ ရရှိနိုင်မှာဖြစ်ပြီး 0-100 kmh အထိ အရှိန်တင်နိုင်ဖို့ အချိန် ၃ စက္ကန့်သာ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ N7 ကားကတော့ ဈေးကွက်အတွင်း ယခုနှစ်အတွင်း ဝင်ရောက်လာမှာဖြစ်ပြီး AITO M5 နဲ့ NIO EC7 တို့ကို အဓိက ယှဉ်ပြိုင်လာမှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina