ခေတ်ပေါ် DeLorean ကားကတော့ လျှပ်စစ် စွမ်းအင်နဲ့ တစ်ကျော့ ပြန်လာတော့မှာဖြစ်ပြီး အခုဆိုရင် တွစ်တာလူမှု ကွန်ရက် ပေါ်ကနေ အဆိုပါ ကားသစ်ကို မေလ ၃၁ ရက် နေ့မှာ တရားဝင် ထုတ်ဖော်ပြသလာ မယ်လို့ အသိပေးထား လိုက်ပါပြီ။ အဆိုပါ ပွဲကို ကြည့်ချင်တဲ့ သူတွေကလည်း အခုကတည်းက မှတ်ပုံတင် ထားပြီးပွဲ မထုတ်ခင် ၂၄ နာရီ စောပြီး အွန်လိုင်းက ကြည့်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလို သတင်း အတည်ပြုပေးလိုက်တာနဲ့ အတူ ပေါ်ထွက်လာခဲ့တဲ့ Teaser ပုံလေးမှာ ဆိုရင်လည်း ကားရဲ့ အနောက်ဘက် ပြတင်း ဘက်မှာ လေဝင်ပေါက်လေးတွေနဲ့ မီးရောင်ကလည်း နောက်ဘက်အပြည့် LED Taillight Design ကို ဖန်တီးပေးထားတာ မြင်လိုက် ရပါတယ်။ ဒါ့အပြင် DeLorean ဆိုတဲ့ Brand နာမည်လေးကိုလည်း ကားရဲ့ အနောက်ဘက်မှာ လှလှပပလေး ထည့်ပေးထား ပါသေးတယ်။ ပြီးခဲ့တဲ့ လပိုင်း တုန်းကလည်း အခု ကားသစ်ရဲ့ Teaser ပုံရိပ်တစ်ခုကို ချပြခဲ့ဖူးပြီး ဒီထက်တောင် ပိုထင်ထင် ရှားရှား မြင်ခဲ့ ရပါသေးတယ်။ အခု ကားကို အွန်လိုင်းက အရင် မိတ်ဆက် ပြီးရင်တော့ လာမယ့် ဩဂုတ်လ ၁၈ ရက်နေ့မှာ တကယ့် ကားအသစ် ကို လက်တွေ့ချပြဖို့ ရှိပါတယ်။ အဆိုပါ ကားကိုတော့ 2022 Pebble Beach Concours d’Elegance ပွဲကြီးမှာ ချပြမှာဖြစ်ပြီး ဩဂုတ် ၂၁ ရက် အထိ ပြသထားဖို့ ရှိပါတယ်။ အဆိုပါ Pebble Beach ပြပွဲကြီးမှာ လည်း အခု ကားကို ပြသမယ့် စာရင်းထဲမှာ တွေ့ထားရပေမယ့် DMC-12 ဆိုတဲ့ ယခင်သိထားတဲ့ နာမည်နဲ့ တော့ မဟုတ်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ DeLorean ဟာ သူတို့ရဲ့ ဒုတိယမြောက်ဘတ်ဂျတ် အသုတ် ကာလကို ကျော်ဖြတ် နေရတာဖြစ်ပြီး ပိုကြီးတဲ့ အစီအစဉ် တစ်ချို့ အတွက်တော့ ဘဏ္ဍာရေးအပိုင်းက ပိုလိုအပ်နေတာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီကို အများပိုင်အနေနဲ့ သီးသန့် ကြီးကြီးမားမား ရပ်တည်လာဖို့အထိ အစီအစဉ်တွေ ရှိထားပြီးသား ဖြစ်ပေမယ့်လည်း လက်ရှိ အချိန် အထိတော့ အတိအကျ ချပြလို့ မရသေးတာ ဖြစ်တယ်ဆိုပြီး CEO ဖြစ်သူ Joost De Vries က ပြောထားဖူးပါတယ်။

Photo Credit: MotorAuthority

အခု ထွက်ပေါ်လာမယ့် ကားအသစ်ကတော့ မိုင် ၃၀၀ လောက် အထိကို Range ရှိမှာ ဖြစ်ပြီး ဘက်ထရီ ကလည်း 100 kWh ထက်ကိုများမှာ ဖြစ်ကာ ၁၅၀ ကီလိုဝပ် ရှိတဲ့ အမြန်အားသွင်း စနစ်လည်း ပါဦးမှာပါ။ အဆိုပါ ကားကတော့ All-Wheel Drive စနစ်ဖြစ်ပြီး လျှပ်စစ် မော်တာ ၂ လုံးအထိ ပါဝင်မှာ လည်း ဖြစ်ပါ တယ်။ ဒါ့အပြင် DMC 12 တုန်းကလိုမျိုး Gullwing Door အတောင်ပံ ပုံစံ တံခါးတွေလည်း ပါဝင်လာမှာ ပါ။ အခု ကားရဲ့ ဒီဇိုင်းပိုင်း အတွက်ကိုတော့ Italdesign က တာဝန်ယူထားတာ ဖြစ်ပြီး ကားရဲ့ ကိုယ်ထည် ပိုင်း တည်ဆောက်မှု ကိုတော့ Carbon Fiber နဲ့ ဖန်တီးထားတဲ့ Chassis အသစ်ကို အခြေခံ ထားပါတယ်။ အဆို ပါ ကားမှာတော့ နဂို စက်ရုံထုတ် ပစ္စည်းတွေ အနေနဲ့ပဲ ပါဝင်လာမှာ ဖြစ်ပေမယ့် တစ်ချို့သော Software တွေနဲ့တော့ ပြန်လည် ပြင်ဆင် ခြယ်သတာမျိုးတွေ လုပ်နိုင်မယ်လို့ သိရပါတယ်။ သေချာတာက တော့ အဆို ပါ ကားရဲ့ဈေးက $ 150,000 နဲ့ $ 200,000 လောက်အတွင်း ကျသင့်လာမှာဖြစ်ပြီး ၂၀၂၃ ‌လောက်မှာ တော့ ဈေးကွက်ထဲ စရောက်လာ နိုင်ပါတယ်။

Ref: MotorAuthority