လွန်ခဲ့တဲ့ ၂ နှစ် အကြာတုန်းက ‌ Delage ကနေ D 12 ဆိုတဲ့ Hybrid Hypercar အသစ်တစ်စီးကို ချပြမိတ်ဆက်ခဲ့ဖူးပါတယ်။ အခု နောက်ပိုင်းမှာတော့ အဆိုပါကုမ္ပဏီကနေပဲ ကားရဲ့ နောက်ဆက်တွဲ အမျိုးအစား အသစ် တွေ အဖြစ် Speedster နဲ့ F 1 ကားတွေကို ထပ်မံချပြလာခဲ့ပါပြီ။ နှစ်မျိုးလုံးကတော့ အပေါ်ဘက်ကနေဖွင့်ပြီး ဝင်မောင်းရတဲ့ ကားပုံစံတွေပဲ ဖြစ်ကာ လက်ရှိဈေးနဲ့ ဆိုရင်တော့ $ 190,000 လောက် အထိရှိ ပါတယ်။ ဒါပေမယ့် နှစ်စီးလုံးယူမယ် ဆိုရင်တော့ $ 260,000 ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ Speedster ကားကတော့ အရှေ့လေကာမှန် အသေးလေးပါဝင်ပြီး ယခင် Canopy အပိတ်နေရာ အစားထိုးလာခဲ့တာပါ။ F 1 ကားမှာကတော့ Wind deflector အသေးစားလေး ပါဝင်လာ ခဲ့ပြီး ဝယ်ယူမယ့် သူတွေကို ကားမောင်းရာမှာ သုံးရမယ့် Halo နဲ့ Helmet ခေါင်းကာတွေပါ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ယခင် D 12 တုန်းက အတိုင်းပဲ အခုကားတွေအတွက်လည်း ‌ရွေးချယ်စရာ Canopy အသစ် ၂ မျိုး ထုတ်လုပ်ပေးထားပါသေးတယ်။

Photo Credit: motor 1.com

အဆိုပါ ကားမှာတော့ Hybrid အမျိုးအစားနဲ့ Naturally Aspirated V12 Engine ‌တွေကို ပေါင်းစပ်ပေးထားတာ ကြောင့် GT Version မှာဆိုရင် 1,100 hp အထိကို စွမ်းဆောင်လာနိုင်ပါတယ်။ Club Model မှာ ဆိုရင်တော့ 1,010 hp အထိ ရှိထားပြီး ကားကတော့ ပေါင် ၂၀၀ လောက် အထိကို ပိုပေါ့သွားပါတယ်။ D 12 Club ကားကတော့ 2,888 ပေါင်လေးပြီး GT ကားကတော့ 3,086 ပေါင် အထိလေးတာ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာတော့ Eight-Speed Single- Clutch Gearbox ကို တွဲဖက်ဖန်တီး ပေးထားပြီး တစ်နာရီ ၆၂ မိုင် ပမာဏကို အရှိန်တင်နိုင်ဖို့ ဆိုရင် ၂.၄ စက္ကန့် အတွင်း ရအောင် စွမ်းဆောင်နိုင်ပါတယ်။ Nurburgring ပတ်လမ်းမထက်က စမ်းသပ်မှုမှာလည်း အခြားကားတွေထက် ပိုကောင်းတဲ့ စံချိန်သစ်တင်နိုင်ဖို့ ကုမ္ပဏီဘက်က မျှော်လင့်ထားပါတယ်။

Photo Credit: motor 1.com

အဆိုပါ D 12 ကားတွေကိုတော့ အမေရိက တစ်ဝန်း လိုက်လံပြသကာ အစီးရေကလည်း စုစုပေါင်းမှ အစီး ၃၀ ပဲ ထုတ်လုပ်သွားမှာပါ။ အဆိုပါ ကားတွေထဲကမှ အမေရိကဈေးကွက်အတွက်ကို ၉ စီး ဖန်တီးပေးမှာ ဖြစ်ပြီး ၎င်းတို့ထဲက ၄ စီး ကမှာယူထားပြီးပါပြီ။ ကားကိုတော့ Monterey Car Week မှာ စတင်ပြသခဲ့ပြီး နောက်ပိုင်းမှာ Laguna Seca ၊ Las Vegas ၊ Atlanta ၊ Miami နဲ့ New York တွေဆီကို ဆက်လက် ခြေဆန့်ပြသသွားဦးမှာ ဖြစ်ပါတယ်။ D 12 ကား ဆိုတာကတော့ ဒီဇိုင်းရော ထိုင်ခုံအနေအထားရောက တကယ်ကို အကြမ်းစားဖြစ်ကာ ယာဉ်မောင်းရော ခရီးသည်ရောကို ဂျက်လေယာဉ် တစ်စီးထဲ ရောက်နေသလို တစ်ပုံစံတည်း ခံစားချက်ပေးနိုင်မယ့် Supercar လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကားကို ပြင်သစ်မှာရှိတဲ့ Magny-Cours Formula One ပွဲ လမ်းကြောင်းပေါ်မှာ ထုတ်လုပ် စမ်းသပ်လျက် ရှိပါတယ်။ ကားကို စမ်းသပ်တဲ့သူတွေကလည်း ပြီးခဲ့တဲ့ FIA ကမ္ဘာ့အဆင့်ဆု ၁၆ ခုအထိ ရထားတဲ့ Veteran Racers အဖွဲ့ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ အဆိုပါကားကို ဘယ်အချိန်မှာ စတင်ထုတ်လုပ် ပြီး ပိုင်ရှင်တွေ လက်ထဲ ဘယ်တော့လောက် အရောက်ထည့်ပေးနိုင်မလဲ ဆိုတာကို မပြောကြားထားသေးပေမယ့် လည်း သိပ်ပြီးမစောင့်ဆိုင်းရဘူးလို့တော့ မျှော်လင့်ရပါတယ်။

Ref: motor 1.com