Daihatsu Tanto ကားလေးတွေ ရဲ့ ၄ ခု မြောက်မျိုးဆက် ကားတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက ဂျပန် ဈေးကွက်ထဲ စတင် ရောင်းချနေခဲ့တာဖြစ်ပြီး Brand ရဲ့ ရောင်းအားအကောင်းဆုံး ကားလေးတွေလည်း ဖြစ်ခဲ့ ပါတယ်။ အခုဆိုရင် ကုမ္ပဏီကတော့ Kei Car လို့ လူသိများတဲ့ ဂျပန်ကားသေးလေး ဈေးကွက်ထဲက အဆိုပါကားလေးကို ပိုပြီးစွန့်စားမှုဆန်တဲ့ အပြင်အဆင် အလန်းစားတွေနဲ့ Special Version အသစ်တစ်ခု ချပြလာခဲ့ ပြန်ပါပြီ။ အခုအသစ် ထွက်လာတဲ့ ကားကတော့ ယခင်ရှိထားပြီးသား Standard Tanto ၊ Tanto Custom X နဲ့ Tanto Custom RS တို့ နဲ့ စက်ပိုင်းဆိုင်ရာတွေ အတူတူပဲဖြစ်လာပေမယ့် ရွေးချယ်စရာ မျိုးကွဲတွေ ပိုများလာပြီး ဒီဇိုင်းပိုင်းလည်း အပြောင်းအလဲတွေ ရှိလာခဲ့ပါတယ်။ ယခင် ကားတွေနဲ့ ယှဉ်ရင်တော့ အခု Fun Cross ကားသစ် လေးမှာ အရှေ့ဘက် Fascia ကို SUV ပိုဆန်တဲ့ ဘန်ဘာနဲ့ ပြင်ဆင် ပေး ထားပါတယ်။ ယခင် Tanto တွေမှာ မြင်ခဲ့ ရတဲ့ Lexus ဒီဇိုင်းလိုလို Grille ကို အခုကားမျိုးကွဲသစ်မှာ မမြင်ရတော့ပဲ ပိုကြမ်းတဲ့ ဘန်ဘာအသစ်ကို အလူမီနီယံ Protective Bar နဲ့ အစားထိုး ပေးလာတာ ဖြစ်ပါတယ်။ Fascia ရဲ့ အပေါ်ဘက် Grille ကလည်း ယခင်ကားတွေနဲ့ ပုံစံကွဲလာခဲ့ပြီး Headlights တွေထဲမှာလည်း နည်းနည်းပုံကွဲတဲ့ Internal Graphics ပိုင်းတွေ တွေ့လာရပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းမှာတော့ သိပ်အပြောင်းအလဲမရှိပဲ Dashboard ပေါ်က လိမ္မော်ရောင် Accents လေးတွေနဲ့ ရွေးချယ်စရာ Upholstery ပိုင်း ပိုများလာတာ လေးတွေပဲ သိသာပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ အတွင်းခန်း ရွေးချယ်စရာ အပြင်အဆင် အသစ်တွေဟာ ကားမှာ အသစ်ပါလာတဲ့ အပြင်အရောင်အတိုင်းနဲ့ ကိုက်နေမှာ ဖြစ်သလို Green နဲ့ Beigue Hues အရောင်တွေနဲ့လည်း အတွင်းခန်းကို ရနိုင်ပါသေးတယ်။ လက်ရှိ Tanto ကားလေးတွေ ကိုတော့ ၂၀၁၉ ကတည်းက ထုတ်လုပ်ထားတယ် ဆိုပေမယ့် Daihatsu ရဲ့ Kei Car တွေထဲမှာတော့ နည်းပညာ ပိုင်းအရ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ Daihatsu ရဲ့ Global Architecture Platform အသစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကားလည်းဖြစ်ပြီး စတင် ပွဲထုတ် ခဲ့ကတည်းက အတော်လေး နာမည်ရခဲ့တာပါ။ 0.65 Liter Three-Cylinder Engine ကို တပ်ဆင်ထားပြီး Naturally Aspirated ဒါမှမဟုတ် Turbocharged နဲ့တောင် ရနိုင်ပါသေးတယ်။ အဆိုပါ နှစ်မျိုးထဲက ပိုကောင်းတဲ့ Turbo နဲ့ ဆိုရင်တော့ 64 hp အထိ စွမ်းဆောင်နိုင်ပြီး သာမန် အင်ဂျင်ကတော့ 52 hp အထိ စွမ်းဆောင်နိုင်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ အင်ဂျင် ၂ မျိုး ရွေးချယ်စရာကိုမှ Continuously Variable Transmission ဂီယာနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ ဂျပန်ရဲ့ အခြားသော Kei Car တွေလိုပဲ ရွေးချယ်လို့ ရဦးမယ့် All-Wheel Drive စနစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ရွေးဝယ်လို့ရမယ့် စနစ်လား ၊ ဒါမှမဟုတ် အခုကားသစ်မှာကို တစ်ပါတည်း ပါတာလားတော့ မသိရသေးပေမယ့် ကားရဲ့ သဘာဝနဲ့ ပုံစံတွေအရ ဖြစ်သင့်တယ်လို့ ဆိုရမှာပါ။ အခု ကားသစ် လေးတွေကိုတော့ ဂျပန် ဈေးကွက်ထဲမှာပဲ Entry-Level Model တွေအနေနဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး $ 9,555 ကနေ စတင်လာ နိုင်ပါတယ်။ Range ပိုမြင့်တဲ့ မော်ဒယ်အမြင့်တွေ ဆိုရင် တော့  $ 14,900 လောက်အထိ ရှိလာ နိုင်တာပဲဖြစ်ပါတယ်။

Ref: motor 1.com