ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့တုန်းက အမေရိကန် နိုင်ငံ ၊ တက္ကဆက် ပြည်နယ် ၊ Austin အနားက စက်ရုံ အသစ်ကို ဖွင့်လှစ်ရင်း CEO Elon Musk က ကုမ္ပဏီရဲ့အနာဂါတ်အစီအစဉ် တစ်ချို့အကြောင်းကို ပြောဆိုသွားခဲ့ပါ တယ်။ Musk ကတော့ နှောင့်နှေး နေခဲ့တဲ့ Cybertruck ၊ Roadster နဲ့ Semi တို့ကို လာမယ့် ၂၀၂၃ က စ ထုတ်လုပ်သွားတော့မှာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Tesla Design Boss ဖြစ်သူ Franz က ထုတ်လုပ်လာမယ့် Prototype Cybertruck ကားကို တစ်ပါတည်း ချပြခဲ့ပြီး ယခင် ၂၀၁၉ တုန်းကလို တော့ မဟုတ်တော့ပဲ တကယ်ပဲ မှန်လုံးဝ မကွဲတော့တဲ့ ကားအနေနဲ့ မြင်လိုက် ရပါတယ်။ အခုနှစ် ဇန်နဝါရီ တုန်းက Musk ပြောကြားခဲ့ရာမှာတော့ အခုနှစ် ထဲမှာ Tesla အဖို့ ကားသစ်ထုတ်လုပ်ဖြစ်ဦးမှာ မဟုတ်သေး သလို လာမယ့် ၂၀၂၃ မှာလည်း Cybertruck ထုတ်ဖြစ်မယ် ဆိုတာကို အတည်မပြုပေးခဲ့သေးပါဘူး။

Photo Credit: MotorAuthority

တကယ်တော့ Cybertruck ကို စထုတ်ဖို့ စီစဉ်ခဲ့တာ ၂၀၂၁ ကတည်းကဖြစ်ပြီး ဈေးနှုန်းကိုတော့ $ 39,900 က စတင် မယ်လို့ ဖော်ပြထားခဲ့တာပါ။ ဒီဇင်ဘာ ၂၀၂၁ မှာတော့ ပထမပြခဲ့တဲ့ ကားရဲ့အဆက် မော်တာ ၄ လုံးပါ မျိုးကွဲ တစ်ခု ကို ဆက်လက်ပြသခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့ရဲ့ Website ကနေ Cybertruck Page ကို ရုတ်တရတ် ဖြုတ်ချ လိုက်တာကြောင့် ကားရဲ့ အနာဂါတ်က ဝေဝါး ခဲ့ရပြန်ပါတယ်။ Roadster ကား နဲ့ ပတ်သက်လို့ ကတော့ ဒုတိယမြောက် မျိုးဆက်ကို ၂၀၁၇ မှာချပြခဲ့ပြီး တစ်နာရီ မိုင် ၆၀ နှုန်း ရောက် အောင် ၁.၉ စက္ကန့်ပဲ အချိန်ယူ ရပါတယ်။ ၂၀၂၀ အထိ ဆက်လက် ထုတ်လုပ်ဖို့ စီစဉ်ထားခဲ့ပြီး အမှာစာတွေ ကိုလည်း Standard Version ကို $ 200,000 ၊ Founders Series ကိုဆိုရင် $ 250,000 နဲ့ တစ်ပါတည်း သတ်မှတ်ပေးခဲ့တာပါ။ ဒါပေမယ့် မနှစ်က Musk ရဲ့ အဆိုအရတော့ အဆိုပါ ကားထုတ်လုပ်မှုကလည်း လာ မယ့် ၂၀၂၃ အထိကို နောက်ကျသွားဖို့ ရှိနေခဲ့ပြန်တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၇ ကတည်းက ကြေညာ ခဲ့တဲ့ Tesla Semi Tractor Truck ကားသစ်ကလည်း ၂၀၁၉ မှာ ကတည်းက ထုတ်လုပ်ဖို့ ရည်ရွယ်ထား ခဲ့တာဖြစ်ပါတယ်။ အဆိုပါကုန်ကားကိုတော့ စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်ကြတဲ့ Wal-Mart ၊ Anheuser -Busch ၊ Pepsi ၊ UPS နဲ့ DHL တို့က စိတ်ဝင်စားနေခဲ့ကြပါတယ်။ အဆိုပါ Semi နဲ့ Cybertruck ကား ၂ မျိုး စလုံးကိုတော့ အခု တက္ကဆက် က စက်ရုံကြီးမှာ တည်ဆောက်နေခဲ့တာပါ။

Photo Credit: MotorAuthority

ဒါ့အပြင် နောက်ထပ် ထူးခြားတာကတော့ အခုစက်ရုံသစ်ကြီးကနေ အနာဂါတ် ဆန်တဲ့ Robotaxi ကိုလည်း ထုတ်လုပ် ဦးမယ် ဆိုပြီး ကြေညာခဲ့ပါတယ်။ မောင်းသူမဲ့ Tesla ကားတွေ ဆိုတာကို Elon Musk က ၂၀၁၆ ကတည်းက ကတိ ပေးခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ Driver Assist နည်းပညာတွေကြောင့် နောက်ပိုင်းမှာ ကား ပိုင်ရှင်တွေဟာ သူတို့ ကားတွေ ကို Robotaxi လိုတောင် ငှားထားလို့ ရဦးမှာဖြစ်တယ်လို့ ဆိုခဲ့ဖူးတာ ဖြစ်ပါ တယ်။ လက်ရှိမှာ Tesla က Full Self-Driving စနစ်ကို ကြေညာထားပေမယ့်လည်း အပြည့်အဝ မောင်းသူ မဲ့ စနစ်တော့ မဟုတ်သေးပါဘူး။ ဒါ့အပြင် ယခင် ကလည်း Humanoid Robot လို့ ခေါ်တဲ့ လူသားပုံစံတူ စက်ရုပ်ကို ကြေညာ ခဲ့ဖူးပြီး နောက်နှစ်မှာပဲ စတင် ထုတ်လုပ် လာနိုင်ပြန်ကာ Prototype ကိုတောင် မချပြရသေးပဲ ၂၀၂၁ တုန်းကတော့ လူတစ်ယောက်ကပဲ အဆိုပါ စက်ရုပ် အသွင် ဟန်ဆောင်ပြခဲ့တာပါ။ လက်ရှိမှာတော့ အဆိုပါ စက်ရုံ အသစ်ကနေ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ Model Y Crossover ကား ကိုပါ ချပြခဲ့ပြီး အခု စက်ရုံကနေ တစ်နှစ်ကို ကား အစီးရေ ၅၀၀,၀၀၀ လောက် အထိ ထုတ်လုပ်နိုင် မှာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ တုန်းကတော့ Tesla အနေနဲ့ ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာ စက်ရုံသစ် ဖွင့်ခဲ့ သလို တရုတ်မှာလည်း ဒုတိယမြောက် စက်ရုံသစ် ဖွင့်နိုင်ဖို့ လေ့လာမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority