2023 Tokyo Auto Show ကားပြပွဲကြီး အတွက် Subaru ကုမ္ပဏီကနေ Crosstrek ဆိုတဲ့ Crossover ကားသေး တစ်မျိုး နဲ့ REX Urban SUV Boost Gear ဆိုတဲ့ Concept ကားတစ်မျိုး ကိုချပြလာခဲ့ပါတယ်။ အဆိုပါ ကား ၂ မျိုးလုံး မှာ ထူးခြားတာကတော့ လမ်းကြမ်းပိုင်းအတွက် အတော်ကောင်းတဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ပေးလာတာပါပဲ။ Subar Crosstrek Boost Gear Concept မှာဆိုရင် လက်ရှိမျိုးဆက် Crosstrek ကိုပဲ အမျိုးမျိုးသော Accessories တွေ ထပ်ထည့်ကာ လမ်းကြမ်းပိုင်းအတွက် ‌စွမ်းဆောင်ရည် ပိုမြင့်လာအောင် ရွေးချယ်လို့ ရလာတာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ထပ်ထည့်လို့ရမယ့် အပိုင်းတွေထဲက အသိသာဆုံး တစ်မျိုးကတော့ တကယ့်အကြမ်းဆုံး လမ်းကြမ်းတွေမှာတောင် All-Wheel Drive နဲ့ တွဲဖက်ပြီး မြဲနေစေမယ့် Mud-Terrain Yokohama Geolander တာယာတွေပါပဲ။ ဒါ့အပြင် တရားဝင် ထုတ်ပြထားတဲ့ အခြားသော Accessories အစုံအလင်ကလည်း ကားကို တကယ့်ပုံစံ ပြောင်းစွမ်းဆောင်ရည် ကောင်း တစ်စီးအဖြစ်ပြောင်းသွား စေပါလိမ့်မယ်။ အဆိုပါ Accessories တွေထဲမှာ ဆိုရင်တော့ အင်ဂျင်စက်ဖုံး အပေါ်နဲ့ Grille ပေါ်က အနက်ရောင် စတစ်ကာ ၊ Fog Lights တွေ ဘေးနားက LED မီး အသစ်တွေလည်း ပါဝင်လာ ပါတယ်။ Boost Gear Concept မှာဆိုရင်တော့ အလူမီနီယံ Skidplate နဲ့ Fenders ‌တွေ ၊ တံခါးပေါ်တွေက Protective Plastic Coating တွေ ၊ ဘေးဘက် Side Stairs တွေ၊ လမ်းကြမ်းစတိုင် Mudflaps ၊ Rhino အမိုးကိုင်း ကိုမှ LED Bar တွေနဲ့ အများကြီး ထပ်ပြင်ဆင် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု Concept ကားတွေ ရဲ့ အသေးစိတ် စက်ပိုင်းဆိုင်ရာ အချက်အလက် တွေကိုတော့ လျှို့ဝှက်ထားဆဲ ဖြစ်တာ ကြောင့် သာမန် e-Boxer Hybrid အမျိုးအစားကိုပဲ သုံးဖြစ်မလား ၊ ဒါမှမဟုတ် အင်ဂျင်အသစ်နဲ့ လာမလား ဆိုတာ ကတော့ အတည်ပြုရဦးမှာပါ။ လက်ရှိ Crosstrek နဲ့ ယှဉ်မယ် ဆိုရင်တော့ Rex Boost Gear Concept ကားမှာ သိပ်ပြီး များများစားစား ပြောင်းလဲလာဖို့ မရှိနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ ကားမှာ အသစ်ပါလာ နိုင်တာတွေဆိုလို့ အနက်ရောင် Yokohama Geolander တာယာတွေ ၊ Mudflaps တွေ ၊ အလူမီနီယမ် သားနဲ့ Skid Plate တွေ ၊ Matte အရောင် ၊ Matte အသွင်အပြင်နဲ့ အနက်ရောင် အမိုးတို့အပြင် Blue Highlights လေးတွေ အနည်းငယ် ဖောက်ပေးထားတာတို့ ရှိလာမှာပါ။ Boost Gear Concept ကားရဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ လာမယ့် 2023 Tokyo Auto Show ကား ပြပွဲကြီးမှာ စတင်ချပြလာပါလိမ့်မယ်။ အဆိုပါ ပွဲကြီးမှာတော့ Subaru အနေနဲ့ အခုကား ၂ စီး အပြင် STI က ထုတ်တဲ့ အစိတ်အပိုင်းတွေ ၊ သီးသန့် ထုတ်ပေးထားမယ့် Levorg STI Sport နဲ့ အတူ နောက်ထပ် ပြိုင်ကား ၃ မျိုး လောက်ကို ချပြလာဦးမယ်လို့ သိရပါတယ်။

Ref: AllAutoExperts