Mini ကတော့ သူတို့ရဲ့ မျိုးဆက်သစ်ကားတွေ အတွက်ကို Design Language အသစ်နဲ့ ပုံစံအသစ်တွေ ဖန်တီး ပေးတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ဒီဇိုင်းအသစ်နဲ့ ကားတွေထဲ ပထမဆုံး ဖြစ်လာမှာကတော့ လာ မယ့်နှစ်မှာ ပေါ်ထွက်လာမယ့် Redesigned Electric Hardtop ကားသစ်ပါပဲ။ Charismatic Simplicity လို့ အမည်ရတဲ့ ဒီဇိုင်းအသစ် ကိုတော့ အခု လျှပ်စစ်စွမ်းအင်သုံး Crossover Cocept မှာ စမြင်ရမှာဖြစ်ပြီး အခုလ အကုန်ပိုင်းလောက် မှာ Mini ဘက်က စတင်ချပြလာ နိုင်ပါတယ်။ Concept အတွက် Teaser ပုံရိပ်တစ်ချို့ကိုလည်း အခု အင်္ဂါနေ့မှာပဲ စတင် ပြသခဲ့ပြီး သန့်ရှင်းကြွရွတဲ့ ပုံစံလေးကို မြင်ထားရတာ ဖြစ် ပါတယ်။

Photo Credit: MotorAuthority

Countryman အမျိုးအစား အောက်ကနေ ထွက်လာမယ့် အဆိုပါ ကားသစ်အတွက် အခု Concept ကို အကြို ပြသလာတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဆိုပါ လျှပ်စစ် စွမ်းအင် သုံး Crossover ကားအသစ် ကိုတော့ Paceman ဆိုတဲ့ နာမည်ပေးထားနိုင်ပြီး လာမယ့် နှစ်မှာတင် မြင်ရဖို့ များနေတာပါ။ ဒါ့အပြင် နောက်နှစ်ထဲမှာတင်ပဲ ဒီဇိုင်း ပြန်ပြောင်းထားမယ့် ပုံစံအသစ်နဲ့ Countryman ကားကိုပါ မြင်ရနိုင်ပါတယ်။ ဘယ်လိုပဲ ဒီဇိုင်းပုံစံ အသစ်တစ်ခုကို ပြောင်းပြီ ဆိုပေမယ့် လုံးဝကို မတူညီတဲ့ ပုံစံတွေ ဖြစ်မယ်လို့တော့ မျှော်လင့်လို့ မရသေးပါဘူး။ Mini အနေနဲ့ ကလည်း Alec Issigonis Design လို့ အမည်ရတဲ့ သူတို့ Brand ရဲ့ အမှတ်တရ ပုံလေးတွေကို ရအောင် ထိန်းသိမ်း ပေးထားဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကားသစ် တွေမှာတော့ ဒီဇိုင်းပုံစံ အတော်ပြောင်းသွားတာမျိုးတွေ မျှော်လင့်လို့ ရနိုင်ပါသေးတယ်။

Photo Credit: MotorAuthority

ပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ဒီဇိုင်းပုံစံ အသစ်တွေ ဘက်ကိုလည်း ပိုပြီး ဦးလှည့်လာခဲ့ပြီး လယ်သာသားတွေ နဲ့ Chrome Trim တွေလိုမျိုးကို မပါတော့တာမျိုး ဒါမှမဟုတ် လျှော့ချလာတာမျိုးတွေ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် အခု လတ်တလော ကားအမျိုးအစား အတော်များများမှာ မြင်လာနေရတဲ့ ထုတ်လုပ်မှု ပုံစံတွေကိုပဲ ဖန်တီးပေးလာနိုင်ပြီး Touchscreen ပတ်ပတ်လည်သုံးထားတဲ့ Dashboard လိုမျိုးလည်း ပါလာဖို့ များနေ ပါပြီ။ ဒါပေမယ့်လည်း အရေးကြီးပြီး နာမည်လည်း ရထားတဲ့ အထိန်းအချုပ် ခလုတ်တစ်ချို့ကိုတော့ ဒီတိုင်း ထားပေးလာ နိုင်သေးတာ ကြောင့် မဆိုးဘူးလို့ပဲပြောရတော့မှာ ဖြစ်ပါတယ်။

Ref: MotorAuthority