Mini လို့ ကြားလိုက်ရင်တော့ မြို့တွင်းသွားရလွယ်ကူတဲ့ ကားသေးသေးလေးတွေကိုပဲ ချစ်စရာ ကောင်း အောင် အကန့် အသတ် လေးတွေနဲ့ ထုတ်လုပ်ပေးတတ်တဲ့ ကုမ္ပဏီအဖြစ်ပဲ မြင်မိ ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ မြို့တွင်း က ကျော်လို့ နယ်ဝေးတွေ ခရီးကြမ်းတွေ သွားရတော့မယ် ဆိုရင်တော့ အခက် အခဲတွေ ရှိလာနိုင်တာ အမှန်ပါပဲ။ နောက်ပိုင်းမှာ‌တော့ ဒီလို ခရီးစဉ်တွေ အတွက် Mini Countryman ဆိုတဲ့ အမျိုးအစားလေး ပေါ်လာခဲ့ပြီး အခု ဆိုရင် သက်တမ်းက ၁၂ နှစ်တောင် ကြာခဲ့ပါပြီ။ ဒါကြောင့် Mini ကားလေးတွေကို လမ်းကြမ်းပိုင်းအတွက် စဉ်းစားတယ် ဆိုရင် တော့ သူတို့ရဲ့ Countryman ကားလေး ကသာ သာမန်ထက် ပိုပြီး စွမ်းဆောင်နိုင်တဲ့ ကားဖြစ်လာပါလိမ့်မယ်။ အခု ဆိုရင်တော့ အဆိုပါ လမ်းကြမ်း ပိုင်းတွေ အတွက် ရည်ရွယ်ဖန်တီးထားတဲ့ Countryman Untamed Edition ဆိုတဲ့ အထူးထုတ် ကားတစ် စီးကို စမြင်ရပြီ ဖြစ်ပြီး Mini ကိုမှ မြို့ပြနဲ့ဝေးရာ ဘယ်လို လမ်းကြမ်းတွေ အတွက်မဆို အသုံးဝင်မယ့် အနေ အထားမျိုးနဲ့ တွေ့လာရပါတယ်။ ကားရဲ့အပေါ်မှာတော့ အမိုးပါတဲလေးကိုတောင် ခေါက်ပြီး ထည့်ထားသေး တာ တွေ့ရလို့ အတော်တော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Photo Credit: CARBUZZ

အရင်ဆုံး ကားမှာ သိသိသာသာ အဆင့်မြင့်လာတာတွေနဲ့ စကြည့်ကြရအောင်ပါ။ ကား ရဲ့ တာယာတွေက တော့ Grabber AT3 အမျိုးအစားတွေ ဖြစ်ပြီး ဘယ်လို လမ်းရာသီဥတုမဆို သွားနိုင်မယ့် ၁၈ လက်မ အရွယ်ဘီး တွေနဲ့ ပေါင်းစပ် ပေးထားတာပါ။ တာယာတွေ ကလည်း ဘီးတွေလိုမျိုး ဘယ်လိုလမ်း၊ ရာသီဥတု မှာမဆို သွားနိုင်တဲ့ All Terrain အမျိုးအစားတွေလား ဆိုတာတော့ မပြောထားပေမယ့် Mini ကတော့ တာယာပေါ်မှာ Tread ပုံစံ Pattern လေးတွေက သာမန် Open-Sided Tread Pattern တွေထက် ပိုပြီး စိုစွတ်ချောနေတဲ့ လမ်းတွေမှာ မြဲမြံနေ စေပါလိမ့်မယ် ‌ဆိုထားပါတယ်။ ဒါပေမယ့် ဒီ Mini ကားလေးဘယ် လိုမှဆက်ဝင် မောင်းလို့မရတော့မယ့် လမ်းပိုင်း ရောက်လာ ခဲ့ ရင်တောင် ကားအနောက်မှာ ပါလာပြီးသား စက်ဘီးလေးက ကောင်းကောင်း အထောက်အကူ ပေးနိုင် မှာပါ။  ကားရဲ့ အနောက်ဘက်မှာ နေရာပြင်ဆင် ပေးထားတာကြောင့် စက်ဘီး ၂ စီး စာလောက်ကို လွယ်လွယ်ကူကူ တပ်ဆင်ထားလို့ ရမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခု Untamed Edition အသစ်ရဲ့ အလန်းဆုံး အပိုင်း ကတော့ အမိုးပေါ်က Roof Tent လေးပါပဲ။ Mini ကတော့ အဆိုပါ တဲလေးရဲ့ အရွယ်အစားက 6’9″×4’3″× 3’1″ ရှိတယ်လို့ ဆိုထားပါတယ်။ ကားခေါင်မိုးပေါ်က အဆိုပါ တဲလေးရဲ့ အရွယ်အစားကတော့ လူ နှစ်ယောက်စာ အတွက် မလုံလောက် ပေမယ့်လည်း တစ်ယောက်စာတော့ ကျယ်ကျယ်ဝန်းဝန်း အနားယူလို့ ရပါတယ်။

Photo Credit: CARBUZZ

Mini ကတော့ အဆိုပါ အမိုးပေါ်က တဲလေးကလည်း တော်တော်ကို ဖြုတ်ရတပ်ရ လွယ်ကူတယ်လို့ ဆို ထားပြီး ၁၂၇ ပေါင် အလေးချိန် ရှိကာ ဖြုတ်တပ်ဖို့ကတော့ သူငယ်ချင်း တစ်ယောက်လောက်နဲ့ ဝိုင်းလုပ်မှ ရမှာပါ။ ကားခေါင်မိုး ပေါ်တပ်ပြီး အဖြုတ်အတပ် လုပ်ဖို့ကလည်း အလူမီနီယံ လှေကားလေးတစ်ခု ပါသေး တာကြောင့် အတော်လေး အဆင်ပြေပါသေးတယ်။ ကားရဲ့ အတွင်းခန်းမှာတော့ Autohome တွေရဲ့အတိုင်း အိတ်တွေ အများအပြားနဲ့ Overload LED မီးရောင်တွေကိုလည်း ထည့်ပေးထားသေးတာ တွေ့ရပါတယ်။ Mini ကတော့ အခု ကားလေး ဖန်တီးရာမှာ ပတ်ဝန်းကျင်ကို ပိုပြီး အထောက်အကူ ပြုနိုင်ဖို့ အတွက် တဲလေးကို ပလတ်စတစ်ဗူးတွေ သုံးကာ ဖန်တီးထားတာ ဖြစ်ပါတယ်။ တဲလေးရဲ့ တစ်မီတာ ပတ်လည်ကို ပလတ်စတစ် ဗူးလေး ၅ လုံးနဲ့ ဖန်တီးထားတာဖြစ်ပြီး တဲထဲက မွေ့ယာလေးကလည်း ပတ်ဝန်းကျင်နဲ့ ကိုက် ညီတဲ့ Polyurethane ပစ္စည်းတွေနဲ့ ဖန်တီး ပေးထားတာပါ။ Mini ကတော့ အဆိုပါ အထူးထုတ် ကားလေး မှာ ထည့်ထားတဲ့ အပိုပစ္စည်းတွေကို သီးသန့်ဝယ်လို့ ရမရ ဆိုတာတော့ သေချာ မပြောထား သေးပါဘူး။ ဒါ့အပြင် ကားထွက်ရှိမယ့် ရက်နဲ့ ဈေးနှုန်း အသေးစိတ် အချက်အလက်တွေ ကိုလည်း မကြေညာ သေးတာ ဖြစ်ပါတယ်။ ကားလေးက သေးတယ် ဆိုပေမယ့် ကျစ်ကျစ်လစ်လစ် ရှိတာကြောင့် ပစ္စည်းတွေ အစုံအလင် နဲ့ Camp လေး ထွက်ဖို့ကိုတော်တော် အဆင်ပြေမယ့် ကားလေး ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Mini ကားလေး တွေရဲ့ ယခင်ပုံစံ ကကွဲထွက်လာပြီး အခုလိုမျိုး ပြန်လည် ဖန်တီးမှုလေးတွေနဲ့ ဆန်းသစ်လာတာ မျိုးကို တော့ ကြိုဆိုရမှာပါ။

Ref: carbuzz.com