ပြေးလမ်းပေါ်မှာမောင်းရတဲ့ ပြိုင်ကားတွေအဖို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ချရတဲ့နေ့ဆိုတာ မရှိသလောက်ပါပဲ။ တကယ်ကို လုံခြုံစိတ်ချရပါတယ် ဆိုတဲ့ ပြေးလမ်းတွေပေါ်မှာ အရှိန်အနိမ့်ဆုံး နဲ့ပဲ အေးဆေးလေး မောင်းနေပါတယ်ဆိုတဲ့ ကားတွေ အဖို့တောင် အန္တရာယ်ဆိုတာ ပြောလို့ မရနိုင်ပါဘူး။ ဒီအချက်ကိုတော့ Willow Springs ဆိုတဲ့ ပြေးလမ်းပေါ်က C7 Corvette Z06 တစ်စီးက သက်သေပြလို့ နေပါတယ်။ ကား ရဲ့ ကင်မရာတွေကနေ တစ်ဆင့် ထွက်ပေါ်လာတဲ့ အခု Video မှတ်တမ်းကတော့ ဘယ်လို အခြေအနေမျိုးမှာမဆို အန္တရာယ်ရှိတယ် ဆိုတာ မီးမောင်းထိုး ပြနေသလိုပါပဲ။ အခုထွက်ပေါ်လာတဲ့ Video ကတော့ အဆိုပါ ပြေးလမ်းပေါ်က Corvette Z06 ရဲ့ ဖြစ်ရပ်ဖြစ်ပြီးကားပိုင်ရှင် နဲ့ ယာဉ်မောင်းကတော့ Steve ဆိုတဲ့ သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ သူတို့အနေနဲ့ ပြေးလမ်း‌ပေါ်ကားကို မမောင်းမှီ Corvette ရဲ့ Performance Data Recorder ( PDR ) စနစ်ကို အသုံးပြုခဲ့ ကြပါတယ်။ ဒါကြောင့် ဘေးက ပါလာတဲ့ ခရီးသည်က ရိုက်ကူးရေး မှတ် တမ်းတင်နေခဲ့သလို Video အစမှာတော့ ကားက ပြေးလမ်းပေါ်ကိုစထွက်လာခဲ့ပြီး ပထမဆုံး အကွေ့နားအရောက် ကားအရှိန်က တစ်နာရီ ကို ၆၇ မိုင်နှုန်း လောက် ရှိနေတာတွေ့ရပါတယ်။

 

တကယ်ကတော့ ပထမကွေ့ထက် ဒုတိယကွေ့ အရောက်မှာမှ မတော်တဆမှု ဖြစ်ခဲ့တာဖြစ်ပြီး Video ထဲမှာတော့ ကား အနေနဲ့ ရုတ်တရတ် တစ်နာရီ မိုင် ၈၀ အထိကို ထိုးတက် သွားတာပါ။ နောက်ပိုင်းမှာတော့ ကားရဲ့ အနောက်ပိုင်းက ဘယ်ဘက်ကို ရမ်းသွားခဲ့ပြီး ကားကို ပြေး လမ်းရဲ့ ညာဘက်လမ်း အစွန်ထိတွန်းပို့ သလို ဖြစ်သွားခဲ့ ကာ နှစ်ပတ်လောက် အထိကို လည်ထွက်သွားတာ မြင်လိုက်ရပါတယ်။ ရုတ်တ ရတ် ဖြစ်သွားပုံကို မြင်ရသလောက် တော့ ကားရဲ့ တာယာတွေပဲ Pressure လျော့သွားသလား ဒါမှမဟုတ် လမ်းပေါ်မှာပဲ တစ်ခုခုချော်စရာ ရှိသွား သလား ဆိုတာတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Video ရဲ့ နောက်တစ်ပိုင်းမှာတော့ အတော်လေး ထိတ်လန့်စရာကောင်းပြီး မှန်ကွဲသံတွေ ၊ ကား လည်ထွက်သွားတဲ့ အသံတွေကိုလည်း ကြား နေရပါတယ်။ တစ်ယောက်ယောက်ရဲ့ အထိတ်တလန့် အော်သံကြောင့်လည်း စိတ်ပူစရာ ဖြစ်ခဲ့ရပေမယ့် နောက်ပိုင်း Video မှာတော့ ကားထဲက လူတွေ အဆင်ပြေတယ်ဆိုတာ သိလိုက် ရပါတယ်။ ကား က နောက်တစ်ပတ်လိမ့်ပြီး မှောက်သွားတဲ့ အချိန်မှာတော့ Steve ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် မတော်တဆမှု ရဲ့ အဖြေကို အကြမ်းတော့ သိလိုက်ရပါတယ်။ အဲ့ဒါကတော့ ကားရဲ့ Power များလွန်း သွားပြီး ကုပ်အား နည်းသွားလို့ ထိန်းချုပ်လို့ မရတော့တဲ့ အခြေအနေပါပဲ။ C7 Z06 ကားမှာ ဆိုရင်တော့ 650 hp အထိ စွမ်းဆောင်ရည် ရှိပြီး ဘာမှထပ်ပြီး ပြင်ဆင်ထားတာမျိုး မလုပ်ဖူးဆိုရင်တော့ ထိန်းချုပ်လို့ ရနိုင်တဲ့ အနေအထားပါပဲ။ အခု ကားကို ပိုင်ဆိုင်ခဲ့တာ Steve အဖို့ ဘယ်လောက်အထိ ကြာ‌ခဲ့ပြီလဲ မသိပေမယ့် ကံကောင်းတာကတော့ အခု မှောက်သွားတဲ့ ကားထဲက နှစ်ယောက်လုံး ဒဏ်ရာမရပဲ ထွက်လာနိုင်ခဲ့တာကကို တော်သေးတယ်လို့ ပြောရမှာပါ။ ပြေးလမ်း ပေါ်မှာ မောင်းသူတွေပဲ ဖြစ်ဖြစ်၊ သာမန် ကားလမ်းပေါ်မှာ နေ့စဉ် သွားလာနေရသူတွေပဲ ဖြစ်ဖြစ် ကားမောင်းတာ ကိုတော့ အတော်လေး လုံခြုံစိတ်ချရအောင် ပြင်ဆင် သတိထား ရမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com