Mini အနေနဲ့ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကား Cooper SE ကို စတင် မိတ်ဆက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ကားလေးကိုပဲ မကြာသေးမီကမှ ‌အမိုးဖွင့် Version အနေနဲ့ မိတ်ဆက်ပေးခဲ့သေးပြီး အခုဆိုရင်လည်း နောက်ထပ် Cooper SE ကား အသစ်အဆန်းလေး တစ်မျိုး ထုတ်လုပ် ပေးလာခဲ့ပြန်ပါပြီ။ Mini ရဲ့ ယာဉ်မောင်းနှင်မှု ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေနဲ့အတူ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းတဲ့သူတွေပါ ကားကို ကိုယ်တိုင် မောင်းနှင်နိုင်မယ့် ကားသစ် တစ်မျိုး ကို မိတ်ဆက် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ Mini ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Stefanie Wurst ကတော့ မတူကွဲပြားမှုတွေ နဲ့ ရှိနေတဲ့ လူသားအားလုံး အတွက် Mini ကား မောင်းနှင်ရတဲ့ အရသာလေးကို ခံစားစေချင်တာဖြစ်ပြီး ဒါကြောင့် အခု Mini လျှပ်စစ်ကား လေးကိုလည်း ဘယ်သူမဆို အကန့်အသတ်မဲ့ မောင်းနှင်နိုင် အောင် စီစဉ်ပေးဖြစ်တာလို့ ဆိုထား ပါတယ်။

Photo Credit: motor 1.com

ကိုယ်တိုင်လည်း မသန်စွမ်းသူ တစ်ဦးဖြစ်ပြီး ယာဉ်မောင်းပိုင်းဆိုင်ရာ ညွှန်ကြားပေးသူလည်း ဖြစ်တဲ့ Tina Schmidt-Kiendl ကိုယ်တိုင်ကတော့ Mini Cooper SE အသစ်မှာ ယာဉ်မောင်းနှင်မှု အကူအညီ ပစ္စည်းတွေနဲ့ အဆင်ပြေပြေ‌ မောင်းနှင် နိုင်တာကို သရုပ်ပြခဲ့ပါတယ်။ ကားရဲ့ အရှိန်မြှင့်ဖို့ အတွက် လီဘာနင်းဖို့ရာ အဆင်မပြေဘူးဆိုရင်တောင် စတီယာတိုင်‌ပေါ်မှာ ထည့်ပေးထားမယ့် ကြိုးမဲ့ Ring စနစ်ကနေတဆင့် အလုပ်လုပ်နိုင်ဦးမှာပါ။ ဒါ့အပြင် သေချာ လျှော့ချ စီစဉ် ပေးထားတဲ့ Throttle စနစ် တွေကြောင့်လည်း ကားကို ပါကင်ထိုးတာနဲ့ လမ်းကြပ်တဲ့ အပိုင်းတွေမှာပါ ကောင်းကောင်း ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ Pedal ခြေနင်း Cover တွေကိုလည်း ထည့်ပေးထားတာကြောင့် မူလကားတွေရဲ့ ဘရိတ် ၊ လီဘာ စတာတွေကို မတော်တဆ ထိမိ နင်းမိ တာမျိုး မဖြစ်ရအောင်ပါ ပြင်ဆင် ပေးထားပါသေးတယ်။

Photo Credit: motor 1.com

ဒါပေမယ့် တစ်ခုတည်းသော ရှိနေသေးတဲ့ အခက်အခဲ တစ်ရပ်ကတော့ ဂျာမနီရဲ့ တစ်ချို့‌သော အားသွင်းရုံ တွေက Wheelchair နဲ့ မသန်စွမ်းတွေ အတွက် အဆင်မပြေနိုင်သေးဖြစ်နေတာပါ။ ပုံမှန်အားဖြင့် အားသွင်းတဲ့နေရာတွေမှာ Wheelchair နဲ့ အဆင်မပြေသေးပေမယ့်လည်း မတူကွဲပြားတဲ့ လူသားတွေ အချင်း ချင်း အားလုံး ပြည့်စုံအောင် စီစဉ် ပေးရမှာ ဖြစ်ပြီး ခေတ်သစ် နည်းပညာနဲ့ ကြိုးစားဖြေရှင်းရမယ်ဆိုပြီး Wurst က ဆိုထားခဲ့ပါတယ်။ အခုလို သီးသန့် ထုတ်လုပ် ပေးထားတဲ့ Cooper SE ကားကို လက်ကနေပဲ ကောင်းကောင်း ထိန်းချုပ် မောင်းနှင်နိုင်ဖို့ အတွက်လည်း Mini ဘက်ကနေ အထူးယာဉ်မောင်း လေ့ကျင့်သင် တန်းကို ပေးသွားဦးမှာပါ။ အဆိုပါ သင်တန်းကိုတော့ မြူးနစ် အပြင် ဘက်က Maisach မှာရှိတဲ့ BMW နဲ့ Mini တို့ရဲ့ Driving Experience Center မှာ လေ့ကျင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အဆိုပါ ‌သင်တန်းမှာတော့ အခု နည်းပညာအသစ်ကိုသုံးပြီး ဘရိတ်ကိုအသုံးပြုနည်း၊ လမ်းပေါ်က အတားအဆီး တွေကို ကောင်းကောင်းထိန်းသိမ်း ကျော်ဖြတ်နည်းနဲ့ လမ်းကြောင်းပြောင်းတာတွေ အရှိန်မလျှော့ပဲ လိုသလို မောင်းနှင် နိုင်တာတွေကို ကျွမ်းကျင်သွားအောင် သေချာ သင်ကြားပေးမှာပါ။ ဒါ့အပြင် Sport ဆန်တဲ့ အရသာကို မောင်းနှင်နိုင်ဖို့ အတွက်ပါ သီးသန့် သင်ကြားပေးဦးမှာလည်းဖြစ်လို့ မသန်စွမ်းသူတွေအတွက် ယာဉ်မောင်းနိုင်မယ့် အတွေ့အကြုံ သစ်တွေကို ရရှိကြတော့မှာပါ။

Ref: motor 1.com