Citroen My Ami Buggy ကားသေးလေး ကိုတော့ ဒီဇင်ဘာ ၂၀၂၁ တုန်းက Concept အနေနဲ့ စတင် ချပြခဲ့ပြီး အခု ဆိုရင်တော့ ထုတ်လုပ်တဲ့ အဆင့်ကို ရောက်လာခဲ့ပါပြီ။ ပြင်သစ် အခြေစိုက် ကုမ္ပဏီအနေနဲ့ အဆိုပါ ကားလေးတွေ ကို တော့ လာမယ့် ဇွန်လ ၂၁ ရက်ကစလို့ အွန်လိုင်းက နေသီးသန့် ရောင်းချပေးသွား တော့မှာပါ။ အခု ထုတ်လုပ်တဲ့ အဆင့်ကို ရောက်လာတဲ့ ကားလေးကတော့ အစိမ်းရင့်ရောင်ကိုမှ အဝါ တောက်တောက် Accents လေးတွေ ပေါင်းပေးထားတဲ့ ပုံစံဖြစ်ပြီး ကြေးနီရောင် ဘီးတွေကို အနက်ရောင်နဲ့ ပေါင်းပေးထား ပါတယ်။ Concept မှာ တုန်းက မြင်ခဲ့ရတဲ့ အကုန်အပွင့် ဒီဇိုင်းထက် စာရင်တော့ Tubular Doors ဆိုတဲ့ တံခါးလေးတွေ ပါဝင်လာပါတယ်။ အမိုး ကလည်း မီးခိုးရောင် ခပ်ရင့်ရင့်ကို သုံးထားပြီး အကာ အုပ်ပေးထားတဲ့ အပိုင်းကိုလည်း လိုသလိုဖယ်ပြီး အမိုးဖွင့် မောင်းလို့ ရနိုင်ပါသေးတယ်။

Photo Credit: motor 1.com

သာမန် Ami ကားလေးတွေနဲ့ ယှဉ်မယ်ဆိုရင်တော့ အခု Version က ပိုပြီး အကြမ်းခံတဲ့ ပုံပေါက်လာခဲ့ပြီး အရှေ့နဲ့ အနောက် ဘန်ဘာတွေ‌ကို ပုံစံ ပြန်ပြောင်းထားတာက အတော်ကွာခြား စေခဲ့ပါတယ်။ ဒါ့အပြင် ဘီး Arches တွေနဲ့ ဘေးဘက်က အဆင့်တွေ မှာအနက်ရောင် Trim တွေ ထည့်ပေးထားတာကလည်း အတော် လေးလှပပြီး ကားအမိုး အနောက်ဘက် မှာလည်း Spoiler ထည့်ပေးထားသေးတာပါ။ အတွင်းမှာတော့ အနက်ရောင် ထိုင်ခုံတွေကိုမှ အဝါရောင် အစင်းကြောင်းလေးတွေ ထည့်ပေးထားတဲ့အပြင် Dashboard အပေါ်က ပစ္စည်းထည့်စရာ နေရာ လေးတွေ ကိုလည်း အဝါရောင်အစင်းလေးတွေနဲ့ ထင်းနေအောင် ပြင်ပေး ထားပါတယ်။ အခု ပုံထဲမှာမြင်ရတဲ့ ‌ကားမော်ဒယ်မှာ တော့ My Ami Buggy Ultra Special Limited Edition အနေနဲ့ ဖော်ပြထားပြီး အစီးရေ ၅၀ ပဲ ထုတ်လုပ်မယ်လို့ သိထား ရပါတယ်။

Photo Credit: motor 1.com

ယခင် Concept တုန်းကတော့ ပိုကြမ်းတဲ့ အစိတ်အပိုင်း တစ်ချို့ကို ယခုထက် ပိုထည့်ထားတာပါ။ အထူး သဖြင့် Headlight အကာတွေ ၊ Tubular Brush Bars ‌တွေနဲ့ All Terrain တာယာ အသစ်တွေအပြင် ၊ Light Bar နဲ့ Full Size တာယာ အပိုတို့ကိုလည်း အမိုးပေါ်တင် ပေးထားနိုင်တာတို့ တွေ့ခဲ့ရတာဖြစ်ပါ တယ်။ အခု ကားလေးကတော့ အခြေခံ ဈေးအနေနဲ့ ၉,၇၉၀ ယူရို ကျသင့်မှာဖြစ်ပြီး အစီးရေ ၅၀ ပဲ သီးသန့် ထုတ်မယ့် အခြေအနေမှာတော့ လာမယ့် ဩဂုတ်လ ၈ ရက်နေ့ ကစလို့ မှာယူထားသူတွေ ရနိုင်မယ်လို့တော့ သိရပါတယ်။ Ami မှာတော့ 8 hp အထိ စွမ်းဆောင်နိုင်မယ့် လျှပ်စစ် မော်တာကို 5.5 Kwh Battery နဲ့ တွဲပေးထားပြီး အမြင့်ဆုံး ကတော့ တစ်နာရီကို ၂၈ မိုင် မောင်းနှင်နိုင်မှာပါ။ တစ်ခါ အားသွင်းထားရင်တော့ ၄၃.၅ မိုင် မောင်းနှင်နိုင်ပြီး အရှိန်နှုန်း ခပ်နှေးနှေးပဲ ထားရခြင်းကတော့ ပြင်သစ်မှာ ဆိုရင် အသက် ၁၄ နှစ် ပြည့်ပြီးသား သူတွေကို လျှပ်စစ် ကားသေးလေးတွေစပြီး ပေးမောင်းထားလို့ ပိုဖြစ်နိုင်ပါတယ်။ အခုလိုမျိုး ခပ်ကြမ်းကြမ်း အသွင် ကားလေးအပြင် Citroen တို့ကတော့ ကုန်တင်သီးသန့် Ami လေးကိုလည်း ထုတ် ပေးထား ပါသေးတယ်။ Opel Rocks-E လို့ အမည်ပေးထားတဲ့ ကားလေးဖြစ်ပြီး Fiat ရဲ့ နောက်ထပ် ကား Version တစ်မျိုးနဲ့လည်း တူတူပဲ ဖြစ်ပါတယ်။

Ref: motor 1.com