Citroen ကတော့ C5 Aircross ကားသစ်တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပြီး ရွေးချယ်စရာ အင်ဂျင်သစ် တစ်မျိုးပါ ပါလာခဲ့တာကြောင့် လက်ရှိ C5 X ကားနဲ့ Aircross Plug-In Hybrid ကားတွေရဲ့ စွမ်းဆောင်ရည်ကို ၁၅% လောက် အထိ ပိုမိုတိုးမြှင့်လာစေပါတယ်။ အခု C5 Aircross ကားသစ်မှာ အသစ်ရွေးချယ်လို့ ရလာမယ့် အင်ဂျင်ကတော့ 180 e-EAT8 Plug-In Hybrid အင်ဂျင် ဖြစ်ပါတယ်။ အဆိုပါ အတွဲအစပ်ထဲမှာ ဆိုရင်တော့ 1.6 Liter Engine နဲ့ လျှပ်စစ် မော်တာတို့ ပါဝင်လာတာကြောင့် ယခင် PureTech 180 Internal Combustion Engine နေရာမှာ အစားထိုး လိုက်နိုင်တာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းကလည်း 180 hp နဲ့ 265 lb-ft Torque အထိကို ရှိလာခဲ့ပါတယ်။

Photo Credit: AllAutoExperts

ဒါ့အပြင် လျှပ်စစ် မော်တာတစ်လုံးတည်း သီးသန့် ကိုပဲ 109 hp အထိ စွမ်းဆောင်ထားနိုင်တာ ဖြစ်တာကြောင့် ကားရဲ့ အမြင့်ဆုံး မြန်နှုန်းကလည်း တစ်နာရီကို ၈၄ မိုင် အထိ ရှိတာကြောင့် တော်တော်လေး မြန်ဆန် လာတယ်လို့ ဆိုရမှာ ပါ။ အခု အင်ဂျင်သစ်နဲ့ C5 Aircross ကားမှာတော့ 12.4 kWh ဘက်ထရီ ကိုပါ တွဲဖက်ပေးထားတာကြောင့် တစ်ကြိမ် အားသွင်းထားရုံနဲ့ လျှပ်စစ်သီးသန့်ပဲ မောင်းမယ်ဆိုရင်ကို ၃၆ မိုင်အထိ ရနိုင်မှာ ဖြစ်ပါတယ်။ အခု အင်ဂျင်နဲ့ ကားအသစ်ကိုတော့ $ 42,563 အထိ ကျသင့်မှာပါ။ ဒါ့အပြင် C5 Aircross SUV နဲ့ C5 X ကားတွေကိုလည်း 225 e-EAT 8 Plug-In Hybrid အင်ဂျင် အမျိုးအစားရအောင် ဖန်တီးပေးထားပါတယ်။ အဆိုပါ ပမာဏတွေက ယခင် မျိုးဆက် ရဲ့ အင်ဂျင်နဲ့ အတူတူပဲ ဆိုပေမယ့်လည်း ဘက်ထရီပိုင်းကတော့ 13.2 kWh ကနေ 14.2 kWh အထိ တိုးမြှင့်လာ ခဲ့ပါတယ်။

Photo Credit: AllAutoExperts

ရလဒ် တွေကတော့ အခုအင်ဂျင်အသစ်တွေကြောင့် ကားသစ်တိုင်းမှာ စွမ်းဆောင်ရည်တွေ ၁၅% လောက်အထိ တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် C5 X ကားကတော့ လျှပ်စစ်သီးသန့်ကို ယခင်က ၃၄ မိုင်ပဲ ရတယ် ဆိုပေမယ့် အခု ဆိုရင် ၃၉ မိုင် အထိ တိုးတက်လာ ခဲ့ပါတယ်။ C5 Aircross ကားသစ်ဆိုရင်လည်း လျှပ်စစ်သီးသန့်ကို တစ်ကြိမ် အားသွင်းထားရင် ၃၄ မိုင်ပဲ ရတာကနေ အခုဆိုရင် မိုင် ၄၀ အထိ ရလာပါတယ်။ ကားတွေရဲ့ အခြားသော စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကတော့ မပြောင်းလဲ သွားခဲ့ပဲ ကားသစ်နှစ်မျိုးလုံးရဲ့ စွမ်းဆောင်ရည်က 225 hp အထိ ရှိလာပါတယ်။

Ref: AllAutoExperts