Citroen C1 ကားလေးတွေကိုတော့ဆက်လက် ထုတ်လုပ်တော့မှာမဟုတ်ဘူးလို့ ကားထုတ်လုပ်သူက ကြေညာလိုက်ပါတယ်။ သေးငယ်တဲ့ မြို့ပြကားဈေးကွက်မှာ ရင်ဆိုင်ရတဲ့အခက်အခဲတွေ တိုးပွားလာရုံမက ယာဉ်ကြောပိတ်ဆို့မှု နဲ့ စွမ်းအင် ကူးပြောင်းမှုတွေအရှိန်မြင့်လာတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရခြင်း ဖြစ်တယ်လို့ ပြင်သစ်ကားထုတ်သူက ဆိုထားတာပါ။ Citroen C1 ကားကိုတော့ ၂၀၀၅ ခုနှစ်မှာ စတင်မိတ် ဆက်ခဲ့တာ ဖြစ်ပြီး Peugeot 107 နဲ့ Toyota Aygo တို့နဲ့အတူ တွဲဖက်ကားအဖြစ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ Platform တူ ၊ မော်တာ အတူ ၊ အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာ အတော်များများတူညီကြပါတယ်။ ၂၀၀၉ ခုနှစ် မှာတော့ အဆိုပါ မော်ဒယ် ၃ မျိုးက ဒီဇိုင်းပြန်လည် ဖန်တီးခဲ့သလို ၂၀၁၂ မှာလဲ တစ်ကြိမ် ဒီဇိုင်းပြင်ဆင်ပေး ခဲ့ပြီးနောက်မှာတော့ ၂၀၁၄ မှာ ဒုတိယ မျိုးဆက်အနေနဲ့ အတော်များများ အဆင့်မြှင့်တင်ပေးခဲ့တာဖြစ်ပါ တယ်။
၂၀၁၈ အရောက်မှာတော့ PSA Group နဲ့ Toyota တို့က သူတို့ကားမော်ဒယ်တွေရဲ့ သက်တမ်းကုန်ဆုံး တာ နဲ့ ချက်နိုင်ငံမှာရှိတဲ့ Kolin စက်ရုံမှာ မော်တော်ယာဉ်ပူးပေါင်း ထုတ်လုပ်မှုကိုရပ်ဆိုင်းတော့မယ်လို့ ကြေညာ ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Citroen နဲ့ Peugeot တို့က ဓါတ်ဆီစွမ်းအင်သုံး A-Segment ကားတွေရဲ့ မျိုးဆက်ကို ဆက်လက် မဖန်တီးကြတော့ပေမယ့် Toyota ကုမ္ပဏီ တစ်ခုထဲကသာ TNGA-B Chassis ကို အခြေခံထားတဲ့ All-New Aygo X ကားကို ထပ်မံ ဖန်တီးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ Citroen ကို ရပ် နားလိုက်ပြီးနောက် နောက်နှစ်အနည်းငယ်အထိတော့ အစားထိုးထုတ်လုပ်လာဖို့ အစီအစဉ်မရှိသေးကြောင်း ပြောထားပါတယ်။ မြို့တွင်းမောင်း ကားတွေကို ဝယ်ယူသူတွေက Compact Ami လျှပ်စစ် Quadricycle နဲ့ ပိုကြီးပြီး ပိုကောင်းတဲ့ C3 Supermini ကားတို့အကြား ရွေးချယ်နိုင်တာကြောင့် အဆိုပါ ကား ၂ မျိုးက Citroen C1 နေရာ အစားထိုးထားတဲ့ ကားတွေလို့ ယူဆနိုင်မှာပါ။
Citroen ကတော့ UK နိုင်ငံ အတွင်း လက်ရှိ C3 အပေါ် ဝယ်ယူသူတွေ ပိုနှစ်ခြိုက်စေဖို့ You လို့အမည်ပေး ထားတဲ့ ကားမော်ဒယ် အသစ်ကို ထုတ်လုပ်ပေးလိုက်ပြီး စတာလင်ပေါင် 12,995 ကနေ စတင်ကျသင့်မှာ ဖြစ်တာကြောင့် ဈေးနှုန်းလည်း ပိုမိုသင့်တင့်တယ်လို့ ဆိုရမှာပါ။ C3 ကားက ပိုမိုကြီးမားပြီး လေအေးပေး စက်၊ Heated Mirrors ၊ Cruise Control ၊ Lane Departure Warning ၊ နှင်းခွဲမီး အစရှိသဖြင့် ပိုမို ခေတ်မီတဲ့ စနစ်တွေ ပါဝင်လာသလို ဈေးနှုန်းကလည်း အနားပေးလိုက်တဲ့ Citroen C1 ထက် ပိုမိုသာသာ သေးတာပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts