ခေတ်ဟောင်း ကားအရသာ ဒီဇိုင်းလေးတွေကိုလည်း သဘောကျပြီး ခေတ်သစ်နည်းပညာ အထိအတွေ့ကိုလည်း ခံစားချင်တယ် ဆိုရင်တော့ အခု Van ကားလေးက တော်တော် အဆင်ပြေစေမှာပါ။ အီတလီရဲ့ နာမည်ကျော် Coachbuilder ကုမ္ပဏီကြီး Caselani ကတော့ အခု Van ကားကို အပြင်ဘက်ကနေ အုပ်ပေးထားမယ့် Fiberglass Body Kit ထုတ်ပေး ထားတာ ဖြစ်ပါတယ်။ စက်ပိုင်းဆိုင်ရာနဲ့ အခြားသော နည်း ပညာသစ်တွေတော့ ယခင်အတိုင်း ဆက်ရှိနေတဲ့ အဆိုပါကားကို မူလ Citroen ကုမ္ပဏီ ကိုယ်တိုင်ကိုက တရားဝင် ကားတစ်စီးအဖြစ် အတည်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားပုံစံ အသစ်ကိုတော့ Caselani ရဲ့ ဒီဇိုင်နာဖြစ်သူ David Obendorfer က ဖန်တီး ပေးထား ပြီး အရှေ့ဘက်က M ပုံစံနဲ့ Grille ၊ Citroen Chrome အရသာတွေနဲ့ အတူ ပေါင်းစပ်ပေးထားပါတယ်။ ကားရဲ့ စက်ဖုံး ကိုလည်း ပုံပြောင်းပေးထားပြီး ပိုကြီးပြီး အလုံးပုံစံ Headlights တွေကလည်း ရှည်လျားတဲ့ Fender တွေနဲ့ လိုက်ဖက်စွာ နေရာယူထားတာကို တွေ့ရမှာပါ။

Photo Credit: motor 1.com

ကားရဲ့ ဘေးဘက် တစ်လျှောက်မှာ မူလကားကိုယ်ထည်အတိုင်း တပ်ပေးထားတဲ့ Corrugated Panel တွေကိုလည်း တွေ့ရပြီး ကိုယ်ထည်ကို ပိုပြီး မာကျောသွားသယောင် ခံစားရစေပါတယ်။ ကားရဲ့ အနောက်ဘက် တံခါးတွေကလည်း ဘဲဥပုံအဖြစ် ထူးထူးခြားခြား ဖန်တီးပေးထားပြီး နောက်မီး Taillight အသစ်တွေမှာဆိုရင်လည်း ပိုကြီးတဲ့ မီးလုံး အဝိုင်း ပုံတွေ ထည့်ပေးထား ပါသေးတယ်။ အခု Body Kit အသစ်ကိုတော့ Berlingo Panel Van ကားနဲ့ ခရီးသည်တင် Version ကားတွေအတွက် ထုတ်လုပ်ပေးထားပါတယ်။ အပြင်ပိုင်း အမြင်လောက်ပဲ ပြောင်းထားတာဖြစ်လို့ အထဲက အင်ဂျင်ပိုင်းတွေ ဘာမှမထိခိုက်ပဲ လျှပ်စစ်ကား တွေအတွက်တောင် ပြောင်းတပ်လို့ ရနိုင်ပါတယ်။ အဆိုပါ ခေတ်ဟောင်း ဒီဇိုင်းရဲ့ မူလ 2CV Fourgonnette AU ဆိုတဲ့ ကားကိုတော့ ၁၉၅၁ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး အမျိုးမျိုးသော မျိုးကွဲကားတွေ နဲ့အတူ ၁၉၈၇ အထိကို ထုတ်လုပ်ခဲ့သေးတာ ဖြစ်ပါတယ်။ ဈေးကွက် အတွင်းမှာလည်း အဆိုပါ ကားအစီးရေ ပေါင်း ၁.၂၅ သန်း အထိကို ရောင်းချခဲ့ရပြီးပြီလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု Body Kit အသစ်ကိုတော့ လာမယ့်အောက်တိုဘာ လ ၁ ရက်နေ့က စတင်ကာ ကြိုတင်မှာယူနိုင်တော့မှာ ဖြစ်ပြီး ထုတ်လုပ်မှုတွေကိုတော့ လာမယ့် ဇန်နဝါရီ ၂၀၂၃ မှာ စတင်လာမှာပါ။ ကုမ္ပဏီရဲ့ စာရင်းတွေ အရတော့ လတ်တလော မှာ ဈေးနှုန်းကိုမဖော်ပြထားသေးပါဘူး။ အဆိုပါ ကားအနေနဲ့ Caselani ရဲ့ အခြားသော Retro-Theme Van ကား ၂ စီးနဲ့လည်း တွဲဖက်ကာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ၂၀၂၀ ကတည်းက Type HG Kit အဖြစ် Space Tourer နဲ့ Jumpy ကားတွေအတွက်ကို ထုတ်လုပ်ပေးထားဖူးပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် တုန်းကတော့ Type H အနေနဲ့ Jumper ကားတစ်စီးအဖြစ်ကို ကူးပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com