လွန်ခဲ့တဲ့ ၂ နှစ် လောက် တုန်းကတော့ Airflow Vision ဆိုတဲ့ ခပ်ဆန်းဆန်း Concept ကား တစ်စီးရဲ့ ပုံကြမ်းတွေကို Chrysler ကုမ္ပဏီတို့ ဆီကနေ ချပြလာခဲ့ဖူးပါတယ်။ နောက်ပိုင်း တစ်နှစ်လောက် အကြာမှာ တော့ ထုတ်လုပ်ဖို့ ပိုနီးစပ် လာတဲ့ ပုံရိပ်တွေကို မြင်လာရပြီး နောက်တစ်နှစ်အကြာ အခု ၂၀၂၂ ရဲ့ ဇန်နဝါရီ မှာ ကျင်းပခဲ့တဲ့ Consumer Electronics Show ပြပွဲကြီးမှာတော့ နောက်ဆုံးအဆင့် Concept ကားကို ထုတ်ပြနိုင်ခဲ့တဲ့ အထိ တိုးတက်လာခဲ့ ပါတယ်။ အခုပွဲမှာ မြင်ခဲ့ရတဲ့ ကားက အကောင်းဆုံး အနေအထား ရောက်လာတယ် ဆိုပေမယ့်လည်း တကယ့် ထုတ်လုပ်မယ့် အဆင့်က ကား အထိတော့ မဖြစ်နိုင်သေးတာ ကြောင့် အခုဆိုရင် ကားရဲ့ နောက်ထပ် ဖြစ်နိုင်ချေရှိတဲ့ ပုံရိပ်တွေကို ခန့်မှန်းနိုင်ဖို့ ကုမ္ပဏီဘက်ကနေ Teaser ပုံရိပ် အသစ်တွေကို ချပြလာခဲ့ပြန်ပါတယ်။ အခု လက်ရှိ မြင်ရသလောက်ကတော့ Chrysler Airflow Concept ကားရဲ့ လျှပ်စစ် ကားသီးသန့် အနာဂါတ်  ပိုပြီး ပုံဖော်ပြလာနိုင် ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း စိတ်မကောင်းစရာတစ်ခုကတော့ အခုမြင်ရတဲ့ Teaser ပုံရိပ်ကလည်း ကားရဲ့ စိတ်ဝင်စားစ ရာ အပိုင်း တွေကို ကောင်းကောင်း ခန့်မှန်းလို့ ရလောက် အထိ မပေါ်လွင်သေးပဲ ဖြစ်နေသေးတာပါ။ တစ်ခု တိတိကျကျ နီးပါး မြင်နိုင် ၊ ခန့်မှန်းနိုင်တာကတော့ ကားအသစ်မှာ Full-Width အပြည့် LED Daytime Running Lights တွေကို ထည့်ပေးလာနိုင်တာ ဖြစ်ပြီး ထည့်ထားမယ့် နေရာကလည်း Faux Grille ကြီး တစ်လျှောက်မှာ ဖြစ်ဖို့များပါတယ်။ လက်ရှိ မှာတော့ အခု ဒီဇိုင်းကို အတည်ပြုဖို့ ခက်နေသေးပေမယ့်လည်း Concept ကိုတော့ နည်းနည်းပြန်ပြီး ဒီဇိုင်း တွေ ပြောင်းလဲလာမယ် ဆိုတာ တကယ်ကို ဖြစ်နိုင်ချေရှိပြီး လွန်ခဲ့တဲ့ ၂ နှစ် က Concept အတိုင်းဆိုရင် အခု အနေအထားမှာ နည်းနည်းတောင် ခေတ်နောက်ကျသလို ဖြစ်နိုင်နေလို့ပဲ ဖြစ်ပါတယ်။ ဘာပဲပြောပြော အခု ကားအသစ် အတွက် Stellantis စုပေါင်း ကုမ္ပဏီ ကြီးက ဘယ်လမ်းကြောင်း ကို ရွေးချယ် ဖန်တီးဖို့ စီစဉ် နေလဲဆိုတာ အခုလ ၁၃ ရက် နေ့မှာ စတင် ကျင်းပတော့ မယ့် 2022 နယူးယောက်နိုင်ငံတကာ ကားပြပွဲကြီးထဲမှာ ပဲ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

Photo Credit: CARBUZZ

ဒီဇိုင်းပိုင်း အပြောင်းအလဲတွေက လွဲလို့ ကျန်တဲ့ အချက်အလက် တွေကတော့ အတူတူလောက်ပဲ ဆက်ရှိ လာနိုင်ပြီး တစ်ကြိမ် အားသွင်းရုံနဲ့ မိုင် ၄၀၀ အထိ မောင်းနိုင်မယ် ဆိုတာကလည်း ဖြစ်လာနိုင်ပါတယ်။ ဒါတင်မကသေးပဲ 201 hp စီ ရှိကြမယ့် လျှပ်စစ်မော်တာ ၂ လုံးကြောင့် စွမ်းဆောင်ရည် ပိုကောင်းလာနိုင် သလို Level 3 အဆင့် မောင်းသူမဲ့ စနစ် ကိုလည်း ထည့်သွင်းပေးလာဖို့များပါတယ်။ ကားရဲ့ အတွင်းခန်းက တော့ လေးယောက်စီး ဒီဇိုင်းနဲ့ပဲဖြစ်ပြီး STLA SmartCockpit နည်းပညာကို အသုံးပြုကာ စိတ်ကြိုက် ချိန်ညှိနိုင်တဲ့ Display တွေကိုလည်း ထည့်ပေးထားဖို့ ရှိပါတယ်။ အတွင်းခန်း အနေနဲ့ကတော့ ဘယ်လောက် အထိ ကြီးကြီးမားမား ပြောင်းလဲသွားမလဲ ဆိုတာ မခန့်မှန်းနိုင် သေးပဲ Stellantis တို့ကတော့ အကောင်းဆုံး လုပ်ပေးလာလိမ့်မယ်ဆိုတာ သေချာပါတယ်။ ဒါတင်မကသေးပဲ Pacifica Model နဲ့ Chrysler ရဲ့ ပထမဆုံး လျှပ်စစ်ကားတွေကိုပါ လာမယ့် ၂၀၂၅ ရောက်ရင် စတင်ထုတ်လုပ်ချပြတော့မှာဖြစ်လို့ ရှေ့ဆက်‌ခြေလှမ်း တွေကို သေချာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com