General Motors Design Studios ကတော့ Chevrolet Blazer လို အရသာမျိုး ရစေမယ့် တံခါး ၂ ပေါက်ပါ Off-Road လမ်းကြမ်း မောင်းကားတစ်စီး ပုံကြမ်းဖန်တီး ပေးလိုက်ပါတယ်။ ဒီကားကို Blazer လို့ အများက ‌သုံးသပ် နေကြပေမယ့်လည်း ခပ်ကြမ်းကြမ်း ကားတစ်စီးအတွက် ဒီဇိုင်းသစ်သာ ဖြစ်တယ်လို့ ဖန်တီးသူ Brian Malczewski က ဆိုထား ပါတယ်။ ဒါပေမယ့် အဆိုပါ ဒီဇိုင်နာရဲ့ တရားဝင် Instagram Account မှာဆိုရင်တော့ Blazer လို့ပဲ နာမည် တပ် ပေးထားတာကြောင့် တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းလာတာပါ။ ဒါပေမယ့် သူ့အနေနဲ့တော့ ၂၀၁၅ တုန်းက ချပြဖူးတဲ့ Blazer ကား ပုံရိပ်နဲ့ နည်းနည်း လေး ကွဲပြားတဲ့ ပုံစံအသစ် ကားအသစ် ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

အခု ကားဒီဇိုင်းကို Blazer အရာသာနဲ့ပဲ ကြည့်မယ်ဆိုရင်တောင် တော်တော်လေး မိုက်တဲ့ ဒီဇိုင်းဆိုတာသိသာစေမှာပါ။ နောက်တစ်ချက်ကတော့ လမ်းကြမ်းပိုင်းအတွက် အဆင်သင့်ဖြစ်နေမယ့် တာယာကြီးတွေ အတွက် ဖုံးအုပ်ပေးထားတဲ့ ဘီးဖုံးကိုလည်း ခပ်လန်းလန်း မြင်ရမှာဖြစ်ပါတယ်။ ကားရဲ့ ကိုယ်ထည် Line တွေကတော့ ခပ်ပြတ်ပြတ်နဲ့ကြီးမားတဲ့ ပုံစံဖြစ်ပြီး ပုံကြမ်းထဲမှာတော့ တံခါးတွေကို မမြင်ရသေးပဲ တံခါး ၂ ပေါက်ပဲ ပါမယ့် SUV အသွင်ဖန်တီးထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကတော့ အမေရိက ကားဈေးကွက်ထဲမှာကိုပဲ တံခါး ၂ ပေါက်နဲ့ လမ်းကြမ်းပိုင်းဆိုင်လို့ Jeep Wrangler ပဲ ရှိထားခဲ့တာပါ။ အဆိုပါ ဒီဇိုင်း မျိုးနဲ့ Ford Bronco ကတော့ ၂၀၂၀ တုန်းက အောင်မြင်ခဲ့ပြီး တကယ်လို့ အလားတူပုံစံမျိုးကို Chevrolet က အခုဒီဇိုင်းနဲ့ ဖန်တီးလာအုံးမယ် ဆိုရင်တော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းသွားမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

လက်ရှိ အချိန်အထိတော့ ပုံပြောင်း Blazer ကားသစ်က ထင်ထားသလောက် မအောင်မြင်သေးဘူးလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ အအောင်မြင်ဆုံးလို့ ဆိုရမယ့် ၂၀၂၀ တုန်းက အစီးရေ ၉၄,၅၉၉ စီး အထိ ရောင်းချ ခဲ့ရပြီး အခု ၂၀၂၂ မှာ တော့ အစီးရေ ၆၇,၂၄၆ စီး အထိပဲ ရောင်းရသေးတာ ဖြစ်ပါတယ်။ မနှစ် တုန်းကတော့ GM ရဲ့ အလားတူ အခြားသော ကားတွေအနေနဲ့ အစီးရေ ၁၁၇,၅၀၇ စီးရောင်းရတဲ့ Bronco နဲ့ ၁၈၁,၄၀၉ စီး အထိ ရောင်းရတဲ့ Wrangler တို့ ရှိနေတာပဲ ဖြစ်ပါတယ်။ အခု အတိုင်းသာ ဆိုရင်တော့ အဆိုပါ ကားနှစ်စီးနဲ့ ခပ်ဆင်ဆင် နောက်ထပ် တံခါး ၂ ပေါက်ပါ လမ်းကြမ်းကားကို မြင်လာရနိုင်မယ့် သဘောရှိနေပါပြီ။

Ref: motor 1.com