Truck ကားတွေ နဲ့ ပတ်သက်လာရင် သမိုင်းကြောင်း ကောင်းပြီးသားဖြစ်တဲ့ Chevrolet တို့ကတော့ လွန်ခဲ့တဲ့ ရာစုနှစ် လောက်ကတည်းကကို Chevrolet Series 490 ကို စတင် မိတ်ဆက်နေခဲ့ပြီးတာ ဖြစ်ပါ တယ်။ ‌အဆိုပါ အချိန်ကစလို့ တောက်လျှောက်ဆိုသလို အမေရိက ဈေးကွက်အကြိုက် Truck ကားတွေအပြင် အမျိုးမျိုးသော Version အစုံ ကားမျိုးကွဲတွေပါ ဆက်တိုက် ထုတ်လာခဲ့တာပါ။ လာမယ့် အနာဂတ်မှာတော့ Chevrolet အနေနဲ့ အခုလို Truck ကားကောင်းတွေအပြင် လျှပ်စစ်စွမ်းအင်နဲ့ ကားတွေလည်း ရှိလာတော့မှာ သေချာပါတယ်။ တကယ် လို့ အနာဂတ်ရဲ့ ခေတ်လွန် Chevy Truck ဒီဇိုင်းတွေကို ကြိုတင်မှန်းဆ မြင်ချင်တယ် ဆိုရင်တော့ Independent Design ကနေ ဖန်တီးပေးထားတဲ့ Concept ကားက တကယ်ကို ပုံဖော်ပေးနိုင်မှာ သေချာပါတယ်။ အဆိုပါ ဒီဇိုင်း ပုံရိပ်တွေကိုတော့ General Motors မှာလက်ရှိ Creative Designer တာဝန်ယူထားသူ Ben Wilkins က ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အရှေ့ဘက် Fascia ကို ကြည့်လိုက်မယ် ဆိုရင်တော့ Silverado Design ကို မျက်မှန်းတန်းမိနိုင်ကာ တစ်ချို့ သော သိသိသာသာ အပြောင်းအလဲလေးတွေတော့ ပါဝင်လာ နိုင်ပါသေးတယ်။ ကားရဲ့ Grille ကလည်း ပိုကြီးပြီး ရှေ့မီးကြီးတွေကတော့ ပိုပါးတဲ့ အနေအထား ဖြစ်ပါတယ်။ အရှေ့ဘက် Fascia တစ်လျှောက်မှာတော့ LED Daytime Running Lights တွေကို ပိုနေရာယူထားစေပြီး ပုံစံကတော့ မြင်ဖူးနေ ကျ အသွင်မျိုးပါပဲ။ ကားရဲ့ ဘန်ဘာကတော့ သာမန် ကားတွေထက် ပိုပြီး ထုနဲ့ထည်နဲ့ရှိတာ မြင်ရသလို ငွေရောင် Protection လေးကိုလည်း အပေါ်ကနေ အုပ်ပေးထား သေးတာကြောင့် သိသိသာသာ ကွဲထွက် နေစေပါတယ်။ တိတိကျကျ သေချာကြည့်မယ်ဆိုရင်တော့ အခုကားက Silverado ရဲ့ လမ်းကြမ်းမောင်း Off-Road Version နဲ့တောင် တူနေသေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ နောက်ထပ် ပုံရိပ်တစ်ရပ်မှာ ဆိုရင်တော့ ကားကို ဘေးဘက်ကနေ ဖော်ပြထားပြီး အရှေ့ဘက်က ခပ်ချွန်ချွန် Fascia ကနေ ထုကြီးကြီး ကိုယ်ထည်ကို ဆက်သွားထားတာ တွေ့ရမှာပါ။ အဆိုပါ ဒီဇိုင်းကို ပိုကြွတက်သွားစေမယ့် တံခါး လိုင်း အဖြောင့်တွေနဲ့ ခပ်ကြီးကြီး ဘီးဖုံးတွေကလည်း အားဖြည့် ပေးထားပါသေးတယ်။ ကားရဲ့ ခပ်ကြမ်းကြမ်း ဒီဇိုင်း နဲ့ နောက်ထပ် လိုက်ဖက်နေတာကတော့ ဘေးဘက်ကနေ ကြီးကြီးမားမား သိသာနေစေနဲ့ ဘက်မှန် ကြီးတွေပဲ ဖြစ်ပြီး ဘီး ဒီဇိုင်းကတော့ အတော်လေး ခေတ်လွန်ဆန်ပါတယ်။ Suspension ကောင်းကောင်းနဲ့ ပိုကောင်းမယ့် တာယာ အသွင်မျိုးကလည်း ကားကို ပိုပြီးကြည့်ရကောင်းစေသလို Fenders တွေက လည်း တော်တော် တောင့်တောင့်တင်းတင်း ရှိတာကို တွေ့ရမှာပါ။ အခုဒီဇိုင်းက တကယ်ကို ခေတ်လွန်အသွင် မြင်နေရသလို တစ်ချိန်တည်းမှာပဲ Chevrolet တို့ ကလည်း ပထမဆုံးသော Silverado လျှပ်စစ် ကားကို ဖန်တီး ပေးနေပါတယ်။ အဆိုပါကား မှာတော့ 754 hp နဲ့ 785 lb-ft Torque လောက် အထိကို စွမ်းဆောင်လာနိုင်မှာဖြစ်ပြီး Chevrolet က ထုတ်ဖူးသမျှစွမ်းဆောင်ရည် အကောင်းဆုံးလည်း ဖြစ်လာနိုင် ပါတယ်။

Ref: motor 1.com