လက်ရှိ အနေအထား တွေကြောင့် ပြီးခဲ့တဲ့ တစ်လကတည်းက ယူကရိန်းအစိုးရ အနေနဲ့ ပြည်သူတွေကို ကယ်ထုတ်ရာ မှာ ပိုပြီးကြီးမား အသုံးတည့်တဲ့ ကားကြီးတွေ လိုအပ်နေတယ်ဆိုပြီး နာမည်ကြီး GM ကုမ္ပဏီ ကြီးကို အကြောင်းကြား လာ ခဲ့ပါတယ်။ ကျေးဇူးတင်စရာ ကောင်းစွာနဲ့ပဲ GM ကုမ္ပဏီ ဘက်ကလည်း လှိုက် လှိုက်လှဲလှဲကို ကူညီခဲ့တာပါ။ အခု ဆိုရင်လည်း ဧပြီလ ၂၂ ရက်နေ့ကစလို့ GM ဆီကနေ Chevy Tahoe ကား အမျိုးအစား အစီးရေ ၅၀ ကို ယူကရိန်း နယ်စပ်ဆီ ထောက်ပံ့ ပို့ဆောင်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ နေရာအထိ ဘေးကင်းကင်း ရောက်နိုင်ဖို့ အတွက် ပိုလန် နိုင်ငံ ၊ Rzeszow မှာ ရှိတဲ့ စစ်အခြေစိုက် စခန်းကနေ မှတစ်ဆင့် ယူကရိန်း နိုင်ငံထဲရအောင် ပို့ဆောင်ပေးမှာပါ။ ‌ကုမ္ပဏီရဲ့ ပြောရေး ဆိုခွင့်ရသူ George Svigos ကတော့ GM အနေနဲ့ကမ္ဘာ့သယ်ယူပို့ဆောင်ရေး သင်္ဘောကုမ္ပဏီကြီး Maersk နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပြီး အမေရိက ပြင်ပက GMC Yukon ၂ စီးကိုပါ ယူကရိန်းထဲ ရောက်အောင် ပြင်ဆင် ပေးနေပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ကားတွေကိုတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတွက်အဓိက သုံးသွား မှာ ဖြစ်ပြီး ဝါရှင်တန်မှာ ရှိတဲ့ ယူကရိန်းနိုင်ငံ သံရုံးရဲ့ တောင်းဆိုချက်နဲ့လည်း ဆက်စပ်ဆောင်ရွက်ခဲ့တာ ဖြစ် တယ်လို့ Detroit Free Press ကို Svigos က ‌ဖြေကြားခဲ့ပါတယ်။ အဆိုပါ ကားတွေကိုကတော့ အမေရိက ဈေးကွက် အပြင်မှာ ထုတ်ထားတာနဲ့တင် လုံလောက်တာကြောင့် အမေရိက ဈေးကွက်ထဲမှာ သီးသန့် ထုတ် လုပ်နေဖို့လည်း မလိုအပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို အခက်အခဲတွေ ရှိနေပါစေ အခုလို ပြဿနာ တွေရဲ့ အခက်အခဲတွေကို ကူညီပေးနိုင် ဖို့အတွက် ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ် ဆိုင်တိုင်းကလည်း အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ ယူကရိန်းနိုင်ငံ အရေးမှာ GM တို့ ကူညီပေးခဲ့တာ ဒီတစ်ကြိမ်က ပထမဆုံး မဟုတ်တော့ပဲ ရုရှားမှာရှိတဲ့ ကုမ္ပဏီ ပိုင် စက်ရုံတွေနဲ့ ထုတ်လုပ်ရေး နေရာ‌တွေကိုပါ ရပ်တန့်ပေး ထား ခဲ့ပါသေးတယ်။

Photo Credit: CARBUZZ

ကားတွေအပြင် $ 250,000 ကိုလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီ အနေနဲ့ ယူကရိန်း ဆီ ကို GM က ထောက်ပံ့ပေးဦးမှာ ဖြစ်ပြီး အမေရိက စက်ရုံ လုပ်သားတွေရဲ့ အလှူအားကလည်း ဒေါ်လာ ၅၀,၀၀၀ လောက် အထိ ရှိခဲ့တာပါ။ Svigos ကတော့ အခုလို အလှူငွေ ပမာဏရောက် ရှိဖို့ အတွက် အချိန် လေးရက်ပဲ ကြာမြင့်ခဲ့ပါတယ်။ အခု လို ပြဿနာတွေရဲ့ မူလအစကတော့ ယူကရန်း မြေအပေါ် ရုရှားတို့ရဲ့ ကျူးကျော် စစ်ဆင်နွှဲလာခဲ့ကြ‌တာ ကြောင့်ပဲ ဖြစ်ပါတယ်။ Tesla ရဲ့ပိုင်ရှင် Elon Musk ကိုယ်တိုင်ကလည်း ယူကရိန်းနိုင်ငံအတွက်  ကောင်းကောင်းကူညီပေးနေပြီး အဆိုပါနိုင်ငံအတွင်းက Supercharger နေရာတွေ ကပါ အခမဲ့ အားသွင်းခွင့် ပေးထားပါသေးတယ်။ ဒါတင် မကသေးပဲ Elon Musk ကတော့ ယူကရိန်းနိုင်ငံ အတွင်း Starlink ဂြိုလ်တု အင်တာနက် စနစ်ရဖို့ပါ ဖန်တီး ‌ပေးထားသေးတာပါ။ ဒ့ါအပြင် ရုရှားမှာ နဂိုတုန်း က ကျင်းပဖို့ စီစဉ်ထားတဲ့ Formula 1 ပြိုင်ပွဲကြီးကိုလည်း ဖျက်သိမ်းခဲ့ပြီး Haas F1 ပြိုင်ပွဲဝင်အသစ်က လည်း သူတို့ရဲ့ ရုရှားလူမျိုး ကားမောင်းသမားနဲ့အတူ သူနဲ့ဆက်စပ်တဲ့ အခြားသော Sponsorship တွေကိုပါ ဖျက်သိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။

Ref: carbuzz.com