2024 Model အသစ်အနေနဲ့ မထွက်လာသေးမချင်း Chevrolet Silverado EV ကားကတော့ ကြားထဲမှာ ခပ်ကြမ်းကြမ်းတွေ ချပြနိုင်ဉီး မှာ မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် အကြိုမြင်တွေ့လာရတဲ့ Teaser Video တွေ အနီးကပ် ရိုက်ချက်တစ်ချို့ကနေ ခန့်မှန်းလို့ ရနိုင်တာကတော့ ကားရဲ့ထူးခြားတဲ့ Chassis ဒီဇိုင်း ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားမလာခင် Chevrolet Silverado EV RST First Edition ဆိုတဲ့ အထူးထုတ် ကားရဲ့ ပုံရိပ်တွေကို အံ့အားသင့်ဖွယ်မြင်ရမှာဖြစ်ပြီး ပိုထူးခြားတာကတော့ ဘယ် သူနဲ့မှမတူ တဲ့  အောက်ဘက် အပြားဒီဇိုင်းနဲ့ စတီယာတိုင် ကိုတွေ့ရမှာပါ။ အဆိုပါ ဒီဇိုင်းနဲ့ စတီယာတိုင်တွေက ကြည့်လိုက်တာနဲ့ ဒီဇိုင်း လန်းတယ် ဆိုတာကို မြင်နိုင်ပေမယ့်လည်း ပုံမှန်အားဖြင့်တော့ အလှအပ အတွက်သာ သုံး ကြတာမျိုးပါ။ မူလ အစတုန်းကတော့ အဆိုပါ စတီယာတိုင် ဒီဇိုင်းကို ပြိုင်ကား မောင်းသမားတွေ ဂီယာအထိုး လက်အချိုး အကွေ့နဲ့ စတီယာတိုင် အလှည့်တို့မှာ လွတ်လွတ်လပ်လပ်နဲ့ ပိုအဆင်ပြေစေဖို့ ဖြစ်ပါတယ်။ အဆိုပါ အထူးထုတ် ကားသစ်မှာတော့ ငွေရောင် Accents လေးတွေနဲ့ လယ်သာပတ် စတီယာတိုင်အပြင် RST ဆိုတဲ့ အနီရောင် တံဆိပ်လေးကိုလည်း ထင်ထင်ရှားရှား ထည့်ပေးထားပါသေးတယ်။ ပုံထဲမှာ မြင်ရသလောက်ကတော့ စတီယာတိုင် ရဲ့ အပေါ်ဘက် ပလတ်စတစ် ကာဗာလေးထဲမှာ Super Cruise စနစ်နဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်း တစ်ချို့ကို ထည့်ထားဟန် တူပါတယ်။

Photo Credit: CARBUZZ

2024 Chevrolet Silverado EV အကြောင်း ဆက်ရမယ်ဆိုရင်တော့ RST နဲ့ WT (Work Truck လုပ်ငန်းခွင်သုံး) တို့ဆိုပြီး ၂ မျိုး ခွဲခြား ထားနိုင်ပါတယ်။ ဒါကြောင့် RST Trim ကတော့ နေ့စဉ် လှုပ်ရှားသွားလာမှု လမ်းကြောင်းတွေ အတွက် သက်တောင့်သက်သာ ပိုရှိစေခဲ့ပြီး WT Models တွေကတော့ စီးပွားရေး သမားတွေနဲ့ လုပ်ငန်းခွင် မှာ သုံးချင်သူတွေ အဓိက ရွေးချယ် ဝယ်ယူလာနိုင်ပါလိမ့်မယ်။ အဆိုပါ ကားမှာတော့ အောက်ဘက် အပြား ဒီဇိုင်းကြီးနဲ့ စတီယာတိုင် မပါဝင်လာပေမယ့် အတွင်းခန်းပိုင်းကတော့ အသုံးတည့်မယ့်ပုံ ပိုပေါက်လို့ နေပါတယ်။ အဆိုပါ အထူးထုတ် Silverado EV RST First Edition ကားမှာတော့ 664 hp နဲ့ 780 lb-ft Torque ဆိုတဲ့ စွမ်းဆောင်ရည် တွေရှိတာ ဖြစ်ပါတယ်။ Four-Wheel Drive စနစ်ကတော့ စံ အနေနဲ့ ထည့်ပေးထားတာ ဖြစ်ပေမယ့် ကားရဲ့ ရုန်းအားကိုက တစ်နာရီ မိုင် ၆၀ လောက် ရဖို့ကို ၄.၅ စက္ကန့်အတွင်း အရှိန်တင်မောင်းနိုင်နေတာပါ။

Photo Credit: CARBUZZ

ဒါ့အပြင် ပုံမှန် Silverado EV တွေမှာ လုံးဝ မပါဝင်ခဲ့ဖူးတဲ့ ထူးထူးခြားခြားသော အားအမြန်သွင်း စနစ်ကိုလည်း ထည့်ပေးထားမှာ ဖြစ်ပါ တယ်။ ပြိုင်ဘက် တွေထဲမှာတော့ အခုနှစ်နှောင်းပိုင်းမှာ အသစ် ရောက်လာမယ့် Rivian R1 T ၊ ပြီးခဲ့တဲ့ အပတ်ကတည်းက စတင် ထုတ် လုပ်နေခဲ့တဲ့ Ford F-150 Lightning တို့ကလည်း ဈေးကွက် ပိုရနိုင် နေတာ တွေ့နေရပါတယ်။ Tesla ကလည်း သူတို့ရဲ့ Cybertruck ကားကြီးနဲ့ ဒီဈေးကွက်ထဲ ဝင်လာနိုင်သလို Chevrolet ရဲ့ GMC Hummer EV ဆိုတာကလည်း Silverado EV နဲ့ Platform အတူတူ ဖြစ်တာကြောင့် ယှဉ်လို့ ကောင်းစရာ ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။ Chevrolet အနေနဲ့ကတော့ သူတို့ရဲ့ Silverado EV တွေက လက်ရှိ မှာတင် စိတ်ဝင်စားမှု အများအပြားရနေပြီလို့ ဆိုထားပြီး WT နဲ့ RST first edition ကားတွေအတွက် အစီးရေ ၁၄၀,၀၀၀ ‌လောက် အထိ ကို မှာယူထားပြီးပြီလို့ သိရပါတယ်။ EST First Edition ကားအသစ်ကတော့ $ 105,000 လောက်အထိ ဈေးရှိမှာ ဖြစ်ပြီး $ 40,000 ကတော့ WT Version အတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဈေးလည်း ပိုသက်သာမယ့် နောက်ထပ် ကားမျိုးကွဲတွေကို ပိုပြီး ချပြပေးလာ နိုင်လိမ့်မယ်လို့ ယုံကြည် ရပါတယ်။

Ref: carbuzz.com