အခုနှစ် ဧပြီ လတုန်းကပဲ တရုတ်နိုင်ငံရဲ့ စက်မှုနည်းပညာ ဝန်ကြီးဌာန ဆီကနေ Chevrolet ရဲ့ တရုတ်စျေးကွက် သီးသန့် Crossover ကားမော်ဒယ်တစ်မျိုး ပေါက်ကြားလာခဲ့ပြီး အတော်လေးလည်း ကြည့်ကောင်းတဲ့ ကားသစ် တစ်စီး ဖြစ်လိုစိတ်ဝင်စားစရာ ကောင်းနေခဲ့ ပါတယ်။ အဆိုပါ ကားကိုတော့ အခု ဆိုရင် Seeker ဆိုတဲ့ နာမည်နဲ့ အတူ တရားဝင် ထွက်ပေါ်လာတာမြင်ရပြီဖြစ်ပြီး ဒီဇိုင်းပိုင်းတင် ဆွဲဆောင်မှုရှိနေတာမဟုတ်ပဲ အတော်လေး အသုံးတည့်မယ့် နည်းပညာတွေလည်း ပါဝင်လာခဲ့တာ တွေ့ရပါတယ်။ အခု မြင်ရသလောက် ကတော့ နဂို ကြိုတင် ပေါက်ကြားခဲ့တဲ့ ကားပုံရိပ်တွေနဲ့လည်း အတော်လေး ဆင်တူတာတွေ့ရပြီး ခပ်ပြတ်ပြတ် ကားပုံစံကိုမှ အင်ဂျင် စက်ဖုံး ရှည်ရှည် ၊ Overhangs အတိုတွေနဲ့ ဖန်တီး ပေးထားတာပဲဖြစ်ပါတယ်။ ၁၈ လက်မ ဘီးကြီးတွေကို သုံးထားတဲ့ အခု ကားကို သေချာကြည့်မယ် ဆိုရင်တော့ ရင်းနှီးနေတဲ့ ပုံစံလိုလို ခံစားမိနေစေနိုင်မှာပါ။ အကြောင်းကတော့ အဆိုပါကား ပုံစံ က လက်ရှိ SAIC-GM ပူးပေါင်း ကုမ္ပဏီကနေ ထုတ်လုပ်ထားတဲ့ မျိုးဆက်သစ် Buick Envision ကား ကို အနည်းငယ် မှီငြမ်းထားလိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါကား ၂ မျိုးကတော့ အပြင်ဘက် အပြင်အဆင် ဒီဇိုင်းလေး ဆင်တူတာကလွဲလို ကျန်အပိုင်းတွေမှာတော့ ကွဲပြားနေတာပါ။

Photo Credit: motor 1.com

ကားသစ် ရဲ့ အတွင်းခန်းထဲ ကြည့်မယ်ဆိုရင်တော့ နည်းပညာ အသစ်တွေ ပြည့်နေတဲ့ Cabin ပိုင်းကို အရင်ခံစားမိမှာ ဖြစ်ပြီး  ၁၀.၂၅ လက်မ အရွယ် Screen ၂ ခုကို တွဲပြီး သုံးပေးထားတာပါ။ Dashboard အလယ်ပိုင်းက Screen တစ်ခု ကတော့ ယာဉ်မောင်းဘက် ပိုမြင်ကွင်း ကောင်းအောင်လို့ ၉ ဒီဂရီ လောက်ကို စောင်းလှည့်ပေးထားပြီး Infotainment အပိုင်းကလည်း တရုတ် စျေးကွက် သီးသန့် ဖြစ်တဲ့ နောက်ဆုံး ပေါ် All-New Xiaoxue စနစ်ကို သုံးပေးထား ပါတယ်။ အဆိုပါ စနစ်ကတော့ နောက်ပိုင်းမှာ Software Updates တွေ ဆက်ရသွားမှာ ဖြစ်တဲ့အပြင် ကြိုးမဲ့ Apple CarPlay စနစ်လည်း ရရှိနိုင်ပါသေးတယ်။ ပိုကောင်းတာ တစ်ခုကတော့ Display ပတ်ပတ်လည်မှာ လယ်သာ ရေမြုပ်လေးတွေ ထည့်ပေးထားတာကြောင့် ဖြစ်ပြီး ကိုင်တွယ်ထိတွေ့ ခံစားရတာလည်း ပိုကောင်းစေမှာ ဖြစ်ပါတယ်။ အရှေ့ဘက် ထိုင်ခုံတွေကတော့ စိတ်ကြိုက် ချိန်ညှိလို့ ရတဲ့အပြင် အပူအအေးစနစ်လည်း ပါဝင်ဦးမှာပါ။ အဆင့်မြင့် ကားတစ်စီး ဆိုတဲ့ အရသာကိုပို ပြီးပြည့်စုံစေဖို့အတွက် ကြိုးမဲ့ဖုန်းအားသွင်း စနစ်နဲ့ နောက်ဖုံးကို ခလုတ်နဲ့ အလိုအလျောက် ဖွင့်မယ် လုပ်ဆောင်ချက်တွေပါ ထည့်ပေးထား လိုက်တာဖြစ်ပါတယ်။ အသံစနစ်မှာတော့ ဝယ်သူတွေ အနေနဲ့ Chevrolet ရဲ့ နောက်ဆုံးပေါ် Tune Dynamic Premium စနစ်ကို ‌ရွေးချယ်နိုင်ပြီး ခရီးသည်တွေအတွက်ရော ယာဥ်မောင်း အတွက်ပါ အတော်လေး ခံစားလို့ ကောင်းမယ့် အသံစနစ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် SAIC-GM ရဲ့ ကားတွေ ထဲမှာလည်း အခု အသံစနစ် ပါဝင်လာတဲ့ ပထမဆုံးသော ကားတစ်စီးလည်း ဖြစ်လာ ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အင်ဂျင်အနေနဲ့ကတော့ 1.5 Liter Turbocharged Four-Cylinder Engine ကို သုံးပေးထားပြီး အသေးစိတ် စွမ်းဆောင်ရည် အချက်အလက်တွေကို ချပြထားခြင်း မရှိသေးပေမယ့်လည်း အမြင့်ဆုံးစွမ်းဆောင်ရည် အနေနဲ့ ကတော့ 180  hp လောက် အထိကို ရှိလာနိုင်ပါတယ်။ Seeker ကားသစ်အနေနဲ့တော့ အခု အင်ဂျင်အတိုင်းအတာနဲ့ ဆိုရင် အမြင့်ဆုံးတစ်နာရီကို ၁၂၇ မိုင်လောက် အထိကို မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(19) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube