Chevrolet ဟာ ယခုဆိုရင် Bolt EV နဲ့ Bolt EUV တို့ရဲ့ Battery Packs  တွေကို တောက်လျှောက် အစား ထိုး လဲလှယ်နေရပါတယ်။ ထို မော်ဒယ်နှစ်ခုရဲ့ Original ဘက်ထရီ Pack ကတော့ မီးလောင်မှုတွေကို ဖြစ် စေခဲ့ပြီး ဆက်စပ် မီးလောင်မှုပေါင်းကလည်း ၁၈ မှုအထိကို ရှိခဲ့တာပါ ။ ၎င်းမတော်တဆမှုတွေက အသုံးပြု ပြီးသား Battery ရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ သက်ဆိုင်နေတယ်လို့ အတိအလင်း လက်ခံ ထားပါတယ် ။ ဒါကြောင့် ကုမ္ပဏီ ဘက်က လည်း 2017-2022 နှစ်အထိ ထုတ်လုပ်ပြီးခဲ့တဲ့ ယာဉ်အမျိုးအစားတွေရဲ့ Battery Packs တွေကို အစားထိုးပေးနေပြီး သက်တမ်း ပိုကြာတဲ့ ကားတွေကို ပိုဉီးစားပေး နေတာပါ။ NHTSA ရဲ့ အချက်အလက်တွေ အရတော့ ၂၀၁၇ ကနေ ၂၀၁၉ အထိ ထုတ်လုပ်ထားခဲ့တဲ့ Bolt ကားတွေ ရဲ့ စုစုပေါင်း ၆၂% အထိကို လဲလှယ်ပေးထား ပြီးပြီလို့ သိရပြီး Chevrolet ဘက်က လည်း အခု နောက်ဆုံး လေးလပတ်ကာလထဲမှာ ဘက်ထရီ စုစုပေါင်း ၂၆,၉၅၂  အထိကို လဲလှယ်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုထား ပါတယ်။

Photo Credit: InsideEvs

တကယ်လို့ အခုအတိုင်းသာဆက်ပြီး ပြင်ဆင်လဲလှယ်ပေးသွားမယ်ဆိုရင် 2019 နှစ်ရဲ့ Bolts ကား‌တွေ အားလုံး (50,413 စီးစာ ) တပ်ဆင် ပြီးစီးသွားမှာပဲ ဖြစ်ပါတယ်။ တစ်ခြားသော အချက်အလက် များအရက တော့ 2021-2022 နှစ်ထုတ် Chevy Bolt ကားအသစ်တွေက Battery အသစ်တွေလက်ခံလဲလှယ်မှု မလုပ် ရသေးပဲ လိုအပ်ချက် များနေတဲ့ ကားအစီးရေ  ၅၂,၄၁၄ စီး ထဲကမှ ၇၀၁ စီးကိုပဲ လဲလှယ်ရပါ သေးတယ်။ Battery အစားထိုးရတဲ့ ကုန်ကျ စရိတ်တွေအနက် ( ခန့်မှန်း ၂ ဘီလီယံ ဒေါ်လာ ထဲကမှ ၁.၉ ဘီလီယံ အထိ ) ကို LG ကုမ္ပဏီ ကြီးက အဓိက ကျောထောက် နောက်ခံ ပြုထားတာပါ။ LG ကတော့ အဆိုပါ ဘက်ထရီ တွေ ထုတ်ခဲ့တဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ စုံစမ်းမှုတွေပါ ပြုလုပ်နေကာ Anode ငုတ်ခေါင်းလေးတွေ ကျိုးနေတာမျိုး ရှိမရှိပါ စစ်ဆေးလို့ နေပါတယ်။

Photo Credit: InsideEvs

အခု ဘက်ထရီ အသစ်ကို ရလာမယ့် ကားပိုင်ရှင်တွေ အဖို့ကတော့ နည်းပညာသစ်ကြောင့် Range တွေပါ ပိုတိုးလာ စေတာ တွေ့ရမှာ ဖြစ် ပါတယ်။  အဆိုပါ အစားထိုး စမ်းသပ်ထားတဲ့ ဘက်ထရီနဲ့ မောင်းနှင်ကြည့် ကြရမှာတော့ ယခင် ခရီးစဉ်တွေထက်  13.5% လောက် ပို ခရီး ရောက်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ယခင် ကြေညာချက်မှာ တော့  Chevrolet က Battery Pack တွေကိုတစ်ပါတည်း ထည့်ပေးထားမယ့် Bolt EV တဲ့ Bolt EUV ကားတွေကို ဧပြီလ လောက်မှာ ပြန်လည် စတင် ထုတ်လုပ်တော့မှာဖြစ်ပြီး အခုလက်ရှိ လဲလှယ်တပ်ဆင်ပေးနေတဲ့ ဘက်ထရီ အသစ်စက်စက်တွေကို ရလာနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs