အခုနှစ် ကျင်းပခဲ့တဲ့ CES 2022 ပွဲကြီးမှာတော့ Chevrolet ကုမ္ပဏီကြီးအနေနဲ့ ကြီးကြီးမားမား အသစ်နှစ်မျိုးကို ချပြ ခဲ့ပြီး အဲ့ဒါကတော့ Equinox နဲ့ Blazer ကားတွေကို လျှပ်စစ်ကားတွေ အဖြစ် ကူးပြောင်းတော့မှာပဲ ဖြစ်ပါတယ်။ ချက်ချင်းတော့ အခု အပြောင်းအလဲတွေ ဖြစ်လာမှာ မဟုတ်သေးပဲ Blazer ဆိုရင် ၂၀၂၄ မော်ဒယ်ကစလို့ လျှပ်စစ် ကားဖြစ်လာတော့မှာပါ။ ဒါ‌ပေမယ့် အခုလို လျှပ်စစ်ကားတစ်စီး အဖြစ် မပြောင်းသွားသေးခင်မှာတော့ အဆိုပါ ကားကလည်း 2023 အတွက် နောက်ဆုံးတစ်ကြိမ် Update ရလာခဲ့ပြီး အရှေ့ဘက် Fascia ၊ Grille အသစ်တို့ပါဝင် လာခဲ့ကာ LED Headlight တွေနဲ့ Taillight တွေကလည်း ပိုပြီး ပါးလျနေတာ ဖြစ်ပါတယ်။ Chevy ကတော့ ဘီးတွေ အစ ပြန်ပြီး ဒီဇိုင်းပြန်ဆန်းသစ်ထားကာ ၁၈ လက်မကနေ ၂၁ လက်အရွယ်တွေအကြား ရွေးချယ်နိုင်ပါလိမ့်မယ်။ အရောင်တွေ ကိုလည်း လာမယ့် ၂၀၂၃ မော်ဒယ်အတွက် ၅ ရောင်အထိ ထပ်မံရွေးချယ်နိုင်အောင် စီစဉ်ပေးလာပြီး Fountain Blue ၊ Sterling Gray Metallic ၊ Copper Bronze Metallic နဲ့ Radiant Red Tintcoat တို့ဆိုပြီး ပါဝင် လာမှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အင်ဂျင်ပိုင်း အနေနဲ့ဆိုရင်တော့ 2.0 Liter Turbocharged Four-Cylinder ကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး 228 hp အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ‌နောင်တစ်မျိုး ပိုကောင်းတာမှ လိုချင်သေးတယ်ဆိုရင်လည်း 308 hp စွမ်းဆောင်ရည် နဲ့ 3.6 Liter V6 Engine ကို ရရှိနိုင် ဦးမှာပါ။ ဒါပေမယ့် တစ်ချို့ အစိတ်အပိုင်းတွေကတော့ မနှစ်က ကားမော်ဒယ် အတိုင်းပဲ ဆက်ရှိလာနိုင်ပြီး ဂီယာပိုင်းကလည်း Nine-Speed Automatic Transmission စနစ်ကိုပဲ သုံး ပေးထားမှာ ဖြစ်ပါတယ်။ 2.0 Liter Engine မှာဆိုရင်  LT၊ 2LT၊ 3LT နဲ့ Premium Trim တွေဆိုပြီး ကွဲပြား ခြားနား လာနိုင်ပေမယ့် 3.6 Liter V6 Engine ကတော့ RS Version မှာပဲ Standard အနေနဲ့ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ကား ရဲ့ အတွင်းခန်းမှာကတော့ Chevrolet ရဲ့ Infotainment System ကိုပဲ ၁၀ လက်မအရွယ် Screen က Standard အနေနဲ့ကို ပါဝင်လာခဲ့ ပြီ ဖြစ်ပြီး ယခင် ၈ လက်မ အရွယ်ထက် ပိုကောင်းလာခဲ့ပါပြီ။ Trims အကုန်လုံးမှာလည်း ကြိုးမဲ့ အားသွင်းစနစ်ကို ထည့်ပေးလာခဲ့ပြီဖြစ်ပြီး 4G LTE Wifi ကိုလည်း တစ်လ Data စမ်းသပ်သုံးခွင့် ဒါမှမဟုတ် 3 GB ပမာဏတို့ ထည့်ပေးထားမှာပါ။ ကျန် တဲ့ အတွင်းခန်းပိုင်း တွေကတော့ ယခင်နှစ် မော်ဒယ်နဲ့ အတူတူပဲ ဖြစ်ပြီး Nightshift Blue ဆိုတဲ့ အရောင်ရွေးချယ်စရာအသစ်ကိုတော့ RS Trim မှာ ထပ်ရလာသေးတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု သတင်းကတော့ အများမျှော်လင့်နေကြတဲ့ Blazer EV ကားအသစ် ကြေညာတာမျိုး မဟုတ်ပေမယ့်လည်း အခု လက်ရှိ Blazer ကား တွေရဲ့ လစ်ဟာချက် တစ်ရပ်ကိုတော့ ကောင်းကောင်း ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒါကတော့ လုံခြုံစိတ်ချရတဲ့ နည်းပညာပိုင်းတွေ မပါ ဝင်လာ ခဲ့သေးပဲ အခုဆိုရင်တော့ Blazer Trim Level တွေနဲ့ အထက်မှာ ဆိုရင် Adaptive Cruise Control စနစ်ကိုပါ ထည့်သွင်းပေး လိုက်နိုင်ပြီ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ကားသစ် အတွက် ဆိုရင်တော့ Chevy Safety Assist စနစ်က Trim Level အကုန်လုံး အတွက် ပါဝင်လာပြီဖြစ်ပြီး အလို အလျောက် အရေးပေါ် ဘရိတ်စနစ် ၊ ယာဉ်တိုက်မှု ဖြစ်မှာကို ကြိုတင်သတိ ပေးတားဆီးနိုင်တဲ့ စနစ် ၊ လမ်းသွား လမ်းလာတွေကို ကြိုတင်ထောက်လှမ်းသိရှိနိုင်တဲ့ စနစ်တွေအပြင် Lane Departure Warning နဲ့ Intelligent High Beam တို့လို စနစ် တွေ အထိ ပါဝင်လာနိုင်ခဲ့ပါပြီ။ အခုလို ပြန်လည် ဆန်းသစ်‌မှုပေါင်းများစွာနဲ့ လျှပ်စစ်ကားမတိုင်ခင် မြင်လာရတဲ့ Blazer ကားသစ်ကိုတော့ အခုလာမယ့် နွေရာသီလောက်မှာ စတင်ရောင်းချလာဖို့ ရှိပါတယ်။

Ref: carbuzz.com