Chevrolet ကတော့ သူတို့ရဲ့ ပထမဦးဆုံးသော စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကားတစ်စီး ဖြစ်လာမယ့် ကား ကို ကြေညာ ချပြလိုက်ပြီ ဖြစ်ပြီး အဆိုပါကားကတော့ 2024 Chevrolet Blazer SS EV ပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ အခုလို ပထမဆုံးသော Sport ဆန်ဆန် လျှပ်စစ်ကားကို Crossover ကိုယ် ထည်နဲ့ ဖန်တီးပေးလာခဲ့တာ ဖြစ်ပြီး နာမည် ရထားပြီးသား Model နာမည်ကိုပဲ ပြန်သုံး ပေးလာခဲ့တာပါ။ ဒါကတော့ Ford တို့လည်း Mustang ကို သေချာပြန်သုံး ကာ Mustang Mach-E ဆိုပြီး လျှပ်စစ် ကားချပြ ခဲ့တာနဲ့ ဆင်တူပါတယ်။ လက်ရှိမှာတော့ အဆိုပါ ကားကို Video Clip အတို လေးအနေနဲ့သာ အကြမ်းဖျဉ်း လောက် Brand ရဲ့ Social Media တွေအပေါ်မှာ ချပြထားတာပါ။ Video အရတော့ ကားကို အနီရောင် တောက်တောက်နဲ့ မြင်တွေ့ရပြီး အရှေ့ဘက် Fender မှာ ယာဉ်ရဲ့ အားသွင်းစရာ အပေါက်ကို မြင်ထားရပါ တယ်။ တစ်ခု မိုက်တာကတော့ အဆိုပါ အပေါက်လေးကနေ ကြိုးနဲ့ အားသွင်းပြီးကြိုးကို ဖြုတ်လိုက်တာနဲ့ တင် အားသွင်းပေါက် အလိုအလျောက် ပြန်အုပ်ပေးထားပြီး ဖြစ်သွားမှာပါပဲ။

Photo Credit: MotorTrend

အဆိုပါကားအကြောင်း တစ်ခုတည်းသော မြင်ထားရတဲ့  Video ကတော့ စက္ကန့် ၂၀ လောက် လေးသာ ကြာမြင့်ပြီး ဘာမှကို ရေရေရာရာ ချပြထားခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အခု မြင်လိုက်ရသမျှ အရာအားလုံး ကလည်း ကားရဲ့ ထုတ်လုပ်မယ့် အဆင့်ရောက်ရင် အကုန်ပြောင်းလဲနိုင်ခြေရှိ သေးတယ်ဆို တာကိုတော့ သတိပြု သင့်ပါသေး တယ်။ အသေးစိတ် အချက်အလက်တွေကို မသိရသေးတာ မှန်ပေမယ့် လည်း GM ရဲ့ အရေးပါသူတစ်ဦးဖြစ်တဲ့ Mark Reuss ကတော့ မနှစ်တုန်းက ရင်းနှီး မြုပ်နှံမှုပွဲတစ်ခုမှာ အခု Blazer EV အနေနဲ့ ဈေးသက်သက်သာသာ နဲ့ ဈေးကွက် အတွက် များများဖြန့်ချီ နိုင်မယ်ဆိုတာကို‌တော့ တရားဝင် ပြောကြားထားပြီးပါပြီ။ လက်ရှိ Blazer ကားကတော့ Camaro ဒီဇိုင်းနဲ့ သာမန် Crossover ကား ပဲဖြစ်ပြီး  Turbocharged 4-Cylinder အင်ဂျင်ကြောင့် 288 hp အထိ စွမ်းဆောင် ထားနိုင်ခဲ့ကာ Naturally Aspirated V6 Engine နဲ့ ဆိုရင်တော့ 308 hp လောက် အထိကို မောင်းနှင် နိုင်မှာ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု အသစ်ထွက်လာမယ်လို့ သိထားရပြီး ဖြစ်တဲ့ Blazer SS EV ကားကတော့ သာ မန် Blazer ရဲ့ နောက်မျိုးဆက် အင်ဂျင်ကားကို ဘာမှ အနှောက်အယှက်မပြုပဲ သီးသန့် ထွက်လာဖို့ အတွက် ကများပါတယ်။ တကယ်တမ်းမှာလည်း အဆိုပါမျိုးဆက်သစ်ကားနဲ့ လျှပ်စစ်ကားတွေစတဲ့ အနာဂါတ် ထုတ် ကုန်တွေ အကြောင်းကို သေချာ မသိရသေးတာကြောင့် ဆက်လက် စောင့်ကြည့်ရ ဦးမှာပါ။

Photo Credit: MotorTrend

တကယ် လို့ 2024 Blazer SS EV ကားသာ တကယ် ထွက်လာရင်တော့ General Motors ရဲ့ Ultium လျှပ်စစ်ကား Platform ပေါ်မှာ ထုတ်လုပ်လာမယ် ဆိုရင် ပိုကောင်းပါလိမ့်မယ်။ အဆိုပါ Platform နဲ့ဆိုရင် ယခင်သာမန် ဘက်ထရီ တွေထက် ၆၀ % လောက်ကို ပိုကောင်းပိုမြန်တဲ့ ဘက်ထရီ GM ရဲ့ Lordstown စက်ရုံ ကြီးဆီက ဘက်ထရီ အသစ် တွေကို ကားအသစ်မှာ ထည့်သွင်း ပေးလာနိုင်ပါတယ်။ အဆိုပါကားက Chevy အဖို့ပထမဆုံးသော စွမ်းဆောင် ရည်မြင့် လျှစ်စစ် SUV တစ်စီးအဖြစ် ရှိနေပေမယ့်လည်း GM ရဲ့ လက်အောက် တိုက်ရိုက်က ကားတော့ မဟုတ်ပြန်ပါဘူး။ GM အနေနဲ့ကတော့ Hummer EV ကို စတင် ချပြကြေညာထားပြီး ဖြစ်ကာ နောက်ပိုင်းမှာလည်း Cadillac EV အသစ်နဲ့ Buick EV တွေကိုပါ ဆက်တိုက် ကြေညာ‌တာတွေ တွေ့နေရပါတယ်။ Buick Model အောက်က ကြေညာထားတဲ့ လျှပ်စစ် ကားတွေမှာ တော့ ကိုယ်ထည် ခပ်နိမ့်နိမ့် Sports ဆန်ဆန် လျှပ်စစ်ကားတွေ မြင်ထား ရတာ ကြောင့် အခု Blazer SS ကလည်း အဆိုပါ ကားမော်ဒယ်တွေထဲက တစ်စီးတစ်လေ လောက် ဖြစ်လာနိုင်ပြန်ပါတယ်။ ဒါ့အပြင် အခြေ အနေတွေကို ဖြစ်နိုင်ဖို့ ပိုတွန်းပို့နေတာကတော့ ဂတ်စ် စွမ်းအင်သုံး Camaro တွေ  အဆုံးသတ်ပြီး လျှပ်စစ် ကားတွေနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေအစပြုလာတာပါပဲ။ Video အရ ဆိုရင်တော့ အဆိုပါ လျှပ်စစ် ကား အသစ်လေးကို အခုနှစ် နှောင်းပိုင်းလောက်မှာ စတင်ထုတ်လုပ်လာနိုင်ပြီး ၂၀၂၃ နွေရာသီ လောက်မှာ တော့ ရောက်လာဖို့ ရှိပါတယ်။

Ref: MotorTrend