တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ Chery ကတော့ သူ့ရဲ့ Exeed LX ET-i 1.5T PHEV Crossover ကားကို အကြိုရောင်းချမှုတွေ စတင်လာပြီဖြစ်ကာ ဒေါ်လာ 23,600 ကနေ စတင်ကျသင့်မှာပါ။ Exceed ကတော့ Chery ရဲ့ Premium Brand ဖြစ်ကာ နိုင်ငံတကာ ဈေးကွက်ထဲကို ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ LX PHEV မှာတော့ Starcore ET-I Full Engine Super Hybrid Technology လို့ခေါ်တဲ့ PHEV စနစ် အသစ်တပ်ဆင်ပေးထားပြီး DHT Gearbox နဲ့အတူ 3 Engine၊ 3 Gears ၊ 9 Modes ၊ 11 Speeds နဲ့ Solid Power ၊ Ultra-Smoothness ၊ ကြာရှည်ခံ ဘက်ထရီသက်တမ်း နဲ့ ဆီစားအလွန်သက်သာမှု ဆိုတဲ့အချက်တွေ အပြည့်အဝ ရရှိခံစားနိုင်မှာ ပါ။ အဆိုပါကားမှာတော့ 19.27 kWh Ternary Lithium ဘက်ထရီ တပ်ဆင်ထားပြီး ဆီအပြည့်ထည့်ထား မယ်ဆိုရင် ကီလိုမီတာ ၁၀၀၀ အထိ မောင်းနှင်နိုင်မှာဖြစ်ကာ ဆီစားနှုန်းကတော့ 4.8L/100 km ရှိမှာဖြစ် ပြီး လျှပ်စစ် Mode နဲ့ဆိုရင်တော့ ဆီစားနှုန်းက 1L/100km အထိ သက်သာသွားမှာပါ။
3 Engine ဆိုတာကတော့ Dual Electric Drive Motors နဲ့ 1.5T Internal Combustion Engine ကို ရည်ညွှန်းတာဖြစ်ပြီး 156 hp နဲ့ 230 Nm Torque အထိစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ 9 Modes ဆိုတာ ကတော့ Single-Motor Pure Electric ၊ Dual-Motor Pure Electric ၊ Direct Engine Drive ၊ Parallel Drive ၊ Parking Charging နဲ့ Driving Charging တွေအပါအဝင် Driving Modes ၉ မျိုးကို ရည်ညွှန်းတာပါ။ Driving Modes တွေကိုတော့ မတူညီတဲ့ လမ်းအခြေအနေတွေပေါ်မူတည်ပြီး ပြောင်းလဲ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ 11 Speeds ဆိုတာကတော့ Driving Road Conditions ၁၁ မျိုးကို ဆိုလို တာ ဖြစ်ပြီး Starting ၊ Medium ၊ Low Speed ၊ Overpass Road ၊ Overtaking ၊ Red Light ၊ Congestion ၊ Highway ၊ Long-Distance Travel ၊ Mountain Road ၊ High-Speed Steering နဲ့ Ice/Snow/Mud/Gravel ဆိုတဲ့ ရောက်ရှိရာဒေသနဲ့ ရာသီဥတု ၊ လမ်းအခြေအနေတွေအပေါ် မူတည်ပြီး မောင်းနှင်နိုင်မယ့် စနစ်တွေကို ဆိုလိုတာပါ။
အတွင်းပိုင်းမှာတော့ ၁၂.၃ လက်မ ရှိ LCD Central Control Screen ဒီဇိုင်း ၊ အနက်ရောင်သားရေတွေ၊ လူသားနဲ့ စက်တွေ ရင်းနှီးပေါင်းစပ်မှုကိုခံစားနိုင်မယ့် အဆင့်မြှင့်တင်ထားတဲ့ အဝေးထိန်း FOTA Remote စနစ်ပါဝင်တဲ့ နောက်ဆုံးပေါ် 4.0 Smart Cloud စနစ်တွေ၊ AR Navigation စနစ်နဲ့ မျက်နှာပြင်ကို မှတ် သားထားနိုင်တဲ့ စနစ်တွေပါဝင်လာပါတယ်။ Starcore ET-I Full Engine Super Hybrid Technology က တကယ့်ကို ဆန်းသစ်လွန်းတာကြောင့် အဆက်မပြတ်ပေါ်ထွက်လာနေတဲ့ စွမ်းအင်အသစ်သုံးစွဲတဲ့ ယာဉ် တွေနဲ့ ရေရှည်ခရီးသွားနိုင်စွမ်းတွေအပေါ် ဘယ်လောက်အထိ စိန်ခေါ်လာနိုင်မလဲဆိုတာ စောင့်ကြည့်သွားရ တော့မှာပဲ ဖြစ်ပါတယ်။
Ref: CarNewsChina