ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းကပဲ တရုတ်ပြည်ကားဈေးကွက်ထဲက ထုတ်လုပ်ထားတဲ့ GAC Empow ဆိုတဲ့ Sports Car တစ်စီးအကြောင်း ကို သတင်းတွေမှာ လူကြိုက်များမှု ရှိလာတာ တွေ့ခဲ့ကြရပါတယ်။ အဆိုပါ ကားကတော့ Honda Civic Si နဲ့တောင် ပြိုင်ဘက်ဖြစ်လာနိုင် တဲ့ ကားတစ်စီး အဖြစ် ထင်ကြေးပေးခံခဲ့ကြရပြီး အခုဆိုရင်လည်း နောက်ထပ် တရုတ်ပြည်တွင်းဖြစ် ကားသစ်တစ်စီး ဖြစ်တဲ့ Changan UNI-V ဆိုတဲ့ ကားက သတင်းတွေ ထွက်ကို ရောက်ရှိ လာခဲ့ပြန်ပါပြီ။ Changan ဆိုတဲ့ ကားကုမ္ပဏီကတော့ တရုတ်အစိုးရပိုင် ဖြစ်ပြီး Chongqing မြို့လယ် ခေါင်မှာ ရုံးစိုက်ကာ Sport Sedan ကားအသစ် တစ်စီးကို ခပ်လန်းလန်းပဲ ချပြလာခဲ့တာ ဖြစ်ပါတယ်။ အခုကားက မြင်ရသလောက် Aggressiveဆန် တဲ့ အသွင်ကို တွေ့ရပြီး အထူးသဖြင့် အရှေ့ ဘက်မှာ ပိုလို့သိသာနေတာပါ။ ပုံမှန် မဟုတ်တဲ့ ကားအရှေ့ ဘက် ဒီဇိုင်းကို ဖော်ကျူးထားပြီး Fascia ကိုမှ ဘေးဘက် လေပေါက်နှစ်ပေါက်နဲ့ ဝန်းရံ ထားကာ တစ်ဝက်တစ်ပျက်ပဲ ပိတ်ထားတဲ့ ဒီဇိုင်းနဲ့ Radiator Grille ကိုလည်း တွေ့မြင်ရတာ ဖြစ်ပါတယ်။
ဘေးဘက်ကနေ ကြည့်မယ် ဆိုရင်တော့ အဆိုပါကားက Liftback ပုံစံတစ်စီးလို့ ထင်ရနိုင်ပြီး အမိုးက အနောက်ဘက်ကို နိမ့်ဆင်းသွားတဲ့ ပုံစံနဲ့အတူ ပိုကြီးတဲ့ အနောက်ဘက် ပြတင်းပေါက်ကိုလည်း မြင်နေရတာ ကြောင့် ဖြစ်ပါတယ်။ အနောက်ဘက်မှာတော့ အလိုအလျောက် ထိန်းချုပ်ထားတဲ့ Spoiler ပါရှိပြီး အနောက်ဘက် Fascia မှာ ဆိုရင်လည်း ကားကိုယ်ထည် အပြည့်ထည့်ပေးထားတဲ့ LED Lights တွေ ၊ ကြီးမားတဲ့ Diffuser ကြီးကိုမှ Tailpipe တွေနဲ့ မြင်ရမှာပါ။ ကားကို ခြုံကြည့်ရမယ် ဆိုရင်တော့ ခေတ်မှီပြီး ပါးလျလှပတဲ့ ကားတစ်စီး အဖြစ် မြင်ရမှာ ဖြစ်ကာ တစ်ချို့နေရာ လေးတွေမှာတော့ နာမည်ကြီး ဥရောပ ကားကုမ္ပဏီ တစ်ချို့ဖြစ်တဲ့ Peugeot နဲ့ Audi တို့ရဲ့ ပုံစံလေး တွေကိုတော့ နည်းနည်း မှီငြမ်းထားတာ သတိပြုမိနိုင်ပါတယ်။ Peugeot ကားရဲ့ အရသာ တစ်ချို့ကိုတော့ ကား အတွင်းခန်းထဲ ဝင်ကြည့် ရင် ပိုသိသာနိုင်ပြီး Dashboard ကို နှစ်ဆင့် လုပ်ထားတာမျိုးက ပိုပြီး ဆင်တူနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စတီယာတိုင်ကလည်း နည်းနည်း ပိုသေးတဲ့ ဘဲဥပုံ ဆန်ဆန် ဖြစ်နေကာ Screen ၄ ခုထက် မနည်း ထည့်သွင်းပေးထားပြီး အသေး ၂ ခု ကိုတော့ Instrument Cluster၊ အကြီး ၂ ခု ကို တော့ Infotainment System အတွက် ဆိုပြီး ခွဲပေးထားပါတယ်။
ဒါပေမယ့် ကားရဲ့ စွမ်းဆောင်ရည်ပိုင်းမှာကတော့ အားနည်းချက် တစ်ချို့ရှိနေပြီး အနည်းငယ်သေးတဲ့ 1.5 Liter Engine ကိုပဲ မြင်ရမှာ ဖြစ်ကာ အပြင်ပန်း Aggressive Design ကြီးနဲ့တောင် မလိုက်ဖက်ဘူးလို့ ပြောလို့ ရပါတယ်။ စွမ်းဆောင်ရည် ကလည်း အဆိုပါ အင်ဂျင် ကြောင့် 188 hp နဲ့ 222 lb-ft Torque အထိပဲ ရှိမှာဖြစ်ကာ Seven- Speed Dual-Clutch Transmission စနစ်ကို သုံးပေးထားပါတယ်။ ဒါ့အပြင် Front-Wheel Drive စနစ် ကိုလည်း ရရှိနိုင်ဖို့တော့ စီစဉ်ပေးထားပြီး ယခင်မြင်ခဲ့ရတဲ့ GAC Empow နဲ့ စွမ်းဆောင်ရည် အတူ တူလောက်တော့ ရှိလာ လိမ့်မယ် မျှော်လင့်ရပါတယ်။
Ref: motor 1.com