Changan Oshan ကတော့ မော်ဒယ်အသစ်ဖြစ်တဲ့ Z6 ကားရဲ့ အတွင်းပိုင်းတွေကို တရားဝင်ထုတ်ဖော်ပြသ လာခဲ့ပါပြီ။ Changan Oshan Z6 ကားကတော့ ခေတ်မီအသွင်အပြင်နဲ့ D-SUV ကားတစ်စီးဖြစ်ကာ ဓါတ် ဆီနဲ့ PHEV Version ဆိုပြီး ၂ မျိုး ထွက်ရှိထားတာပါ။ အဆိုပါကားက Oshan Car Brand ရဲ့ ထုတ်လုပ် အသစ် အနေနဲ့ ထွက်ရှိလာတာ ဖြစ်ပြီး Sport ဆန်တဲ့ အရသာနဲ့ Screen ၃ ခုပါဝင်တဲ့ ခေတ်မီ အတွင်းခန်း တွေပါဝင်လာပါတယ်။ Z6 ကားမှာတော့ ထောင့်ချိုးလိုင်းအများအပြားနဲ့ Sport ဆန်တဲ့အသွင်ရှိသလိုအရှေ့ ဖက်က ကြီးမားတဲ့ Grille နဲ့ ပါးလွှာတဲ့ Headlights တွေက Oshan ရဲ့ အသစ်လွင်ဆုံး Design Language တစ်ခုအဖြစ်ကိုယ်စားပြုနေပါတယ်။ ဒါပေမယ့်လည်း အချို့သော သူတွေကတော့ Oshan Z4 ကားက Changan Uni Series ကားတွေနဲ့ အတော်လေးကို ဆင်တူနေတယ်လို့ ထင်နေကြမှာမလွဲပါဘူး။

Photo Credit: CarNewsChina

Oshan Z6 ကားက Wheelbase 2795 mm ရှိပြီး ဓါတ်ဆီ အင်ဂျင် ၂ မျိုးနဲ့ PHEV Version ဆိုပြီး ရရှိနိုင် မှာ ဖြစ်ကာ Base Model မှာတော့ 1.5 Liter turbocharged Petrol Engine ကို တပ်ဆင်ထားသလို 188 hp နဲ့ 300 Nm Torque အထိစွမ်းဆောင်နိုင်မှာပါ။ ပိုမိုမြင့်မားတဲ့ Trim မှာတော့ 2.0 Liter Turbo-charged Petrol ICE အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် 233 hp နဲ့ 390 Nm Torque အထိစွမ်း ဆောင်နိုင်မှာ ဖြစ်ပြီး PHEV Version ရဲ့ စွမ်းဆောင်ရည်ကိုတော့ မသိရသေးတာပဲ ဖြစ်ပါတယ်။ အဆိုပါ Version က Changan Uni-K iDD နဲ့ စနစ်တူညီနိုင်မယ်လို့ ခန့်မှန်းရတာကြောင့် 1.5 Liter Turbocharged ICE အင်ဂျင်ကို တပ်ဆင်ပေးထားကာ 166 hp နဲ့ 255 Nm Torque အထိစွမ်းဆောင်နိုင် ပြီး 116 hp နဲ့ 330 Nm Torque စွမ်းဆောင်ရည်ရှိမယ့် လျှပ်စစ်မော်တာ တစ်လုံး ပါဝင်လာမယ်လို့ ခန့်မှန်း ရပါတယ်။

Photo Credit: CarNewsChina

ကားရဲ့ အတွင်းပိုင်းမှာတော့ Screen ၃ ခုပါဝင်လာပြီး Instrument Panel အတွက် 3D နည်းပညာပါဝင်တဲ့ ၁၀.၂၅ လက်မ Screen၊ Central အတွက်တော့ OnStyle 5.0 စနစ်နဲ့ မိုက်ခရိုဖုန်းမဲ့ ကာရာအိုကေ စနစ် အပြင် အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်မယ့် စနစ်ပါဝင်လာတဲ့ ၁၂.၃ လက်မ Screen တွေပါဝင်လာပါတယ်။ ဒါတင်မကသေးပဲ EaglePilot 7.0 Driving System လည်းပါဝင်လာပြီး ရေဒါ ၁၂ ခု၊ 3 Milimeter-Wave ရေဒါတွေ နဲ့ကင်မရာ ၅ လုံးပါဝင်လာပါသေးတယ်။ Oshan Z6 ကားက အလိုအလျောက် ပါကင်ထိုးနိုင်အုံး မှာဖြစ်ပေမယ့် အလိုအလျောက် မောင်းနှင်စနစ်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားထားခြင်း မရှိသေး ပါဘူး။ Center Panel ပေါ်မှာတော့ ၉.၁ လက်မရှိတဲ့ Screen တစ်ခု ထပ်မံပါဝင်လာပြီး အဓိက အားဖြင့် Navigation စနစ်အတွက် အဓိက အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ Screen ၃ ခုက Base Model ကနေ စတင်ပါဝင်လာမှာဖြစ်ပြီး ပိုမိုမြင့်မားတဲ့ မော်ဒယ်တွေမှာ တော့ AR-HUD ကို ရရှိနိုင်မှာဖြစ်တာကြောင့် Huawei ၊ Xiaomi ၊ Oppo နဲ့ Vivo ဖုန်းတွေနဲ့ HUD ကနေတဆင့် မော်နီတာတွေကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

ဒါတင်မကသေးပဲ ကားရဲ့ Center Tunnel မှာ ခွက်ထည့်စရာ ၂ ခုပါဝင်လာသလို ၊ Monostable Gear Selector တစ်ခု နဲ့ ကြိုးမဲ့ဖုန်းအားသွင်းစရာ Pad တစ်ခု၊ 12V Plug တစ်ခု နဲ့ USB Port တစ်ခုလည်း ပါဝင် လာအုံးမှာပါ။ အနောက်ဖက်မှာလည်း USB Port ၂ ခုအပိုပါဝင်လာတဲ့အပြင် ၀.၈၃ စတုရန်းမီတာ ရှိတဲ့ Sunroof တစ်ခုလည်း ပါဝင်လာပါသေးတယ်။ Z6 ကားရဲ့ ဆီတိုင်ကီကတော့ ၃၆၀ လီတာ သာ ဆန့်တာ ကြောင့် သေးငယ်တယ်လို့ ဆိုနိုင်ပြီး တရုတ်ဈေးကွက်အတွင်းကို ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ ဝင်ရောက် လာတော့မှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina