NASA ရဲ့ ပို့ဆောင်ရေး ယာဉ်လေးတွေအဖြစ် စတင်အသုံးတော်ခံနေပြီ ဖြစ်တဲ့ Canoo ရဲ့ ယာဉ်လေးတွေ ကိုတော့ Instagram စာမျက်နှာတွေထက်မှာ မြင်တွေ့လာရပါပြီ။ ပုံထဲမှာတော့ NASA ရဲ့ Exploration Ground System အပိုင်းက ပညာရှင်တွေက လေယာဉ်ဝတ်စုံတွေဝတ်ကာ အခု ကားလေးတွေကို ကနေဒီ အာကာသစခန်းမှာစမ်းသပ်နေကြတာ တွေ့ရမှာပဲဖြစ်ပါတယ်။ ကားတွေကတော့  NASA ရဲ့ အမှတ်တံဆိပ် ပါတာကလွဲလို့ သာမန် Canoo Lifestyle Vehicle နဲ့ အတော်လေးကို အတူတူပဲ ဖြစ်ပါတယ်။ NASA ကတော့အာကာသယာဉ်မှူး ၄ ယောက်၊ နောက်ထပ် ဝန်ထမ်း ၃ ယောက်နဲ့ ယာဉ်မောင်း တစ်ယောက်စာ တွေ အတွက်ကို အခု ကားလေးတွေကို မှာယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ပစ္စည်းထည့်တဲ့ အပိုအိတ် ၅ လုံးစာ ၊ Cooling Unit ၄ ခုစာ နဲ့ Pad Transfer Bag အိတ်တစ်လုံးစာ ကောင်းကောင်း တင် နိုင် ဖို့လည်း အလိုရှိထား သေးတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

NASA ကလည်း ကာဗွန်ထုတ်လုပ်မှုလုံးဝမရှိတဲ့ လျှပ်စစ်ကားလေးတွေကိုပဲ အလိုရှိတာပါ။ ဒါပေမယ့် တစ်ခု ရှိတာ ကတော့ အခု ကားလေးတွေရဲ့ Range က တစ်ခါ အားသွင်းထားရင် မိုင် ၅၀ ပဲ ရမှာဖြစ်ပြီး နေရာက နေ ဒုံးကျည်ပစ်လွှတ်စင်ဆီ ပို့ဆောင်ရမယ့် လမ်းကြောင်းကလည်း ၉ မိနစ်ပဲကြာတာကြောင့် အဆင်တော့ ပြေပြန်ပါတယ်။ အဆိုပါ ကားလေးတွေကို အာကာသအေဂျင်စီ ဆီ ပို့ဆောင်ပေးဖို့ကတော့ လာမယ့် ၂၀၂၃ ဇွန်လ နောက်ဆုံး ထားပေး ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ အဆင့်ရောက်လာမယ့် Canoo Lifestyle Vehicle လေးတွေကိုတော့ အခုနှစ်ကုန်ပိုင်း လောက်မှာတင် $ 34,750 နဲ့ စတင်ကာ ရောင်းချလာ နိုင်ပါ တယ်။ Trim Level တွေ အနေနဲ့ ကတော့ Base ၊ Premium ၊ Adventure နဲ့ Delivery Trim တွေဆိုပြီး ရရှိ နိုင်မှာပါ။ စွမ်းဆောင်ရည် အမြင့်ဆုံး Version မှာ ဆိုရင်တော့ 300 hp နဲ့ 332 lb-ft Torque အထိ ရှိထားပြီး အမြင့်ဆုံး Range ကတော့ တစ်ခါအားသွင်းထားရင် မိုင် ၂၅၀ အထိ ရောက်နိုင်မယ်လို့ ခန့်မှန်း ရပါတယ်။

Photo Credit: motor 1.com

အခု Canoo ယာဉ် လေးတွေကတော့ NASA ရဲ့ လနဲ့ ကမ္ဘာဆီ အပို့အကြို လုပ်ပေးမယ့် Project Artemis ရဲ့ တစ်စိတ် တစ်ပိုင်း အဖြစ်လည်း ပါဝင်လို့ နေပါတယ်။ လဆင်းယာဉ် အပိုင်းကိုတော့ SpaceX တို့က ဦးဆောင် ဖန်တီးနေတာ ဖြစ်ပြီး ပထမဆုံး စမ်းသပ်ချက်ကိုတော့ လူမပါသေးပဲ လကို ပတ်နိုင်ဖို့ ဖြစ်ကာ ၊ ဒုတိယ တစ်ဆင့်မှာတော့ လူလိုက်ပါ နိုင်ဖို့ဖြစ်ပြီး လာမယ့် ၂၀၂၄ မေ လထက် နောက်မကျနိုင်ဘူးလို့တောင် သိရပါတယ်။ တတိယအဆင့် ကတော့လူ မလိုက်ပါသေးမယ့် လဆင်းယာဉ် သရုပ်ပြ စမ်းသပ်မှာ ဖြစ်ပြီး နောက်ဆုံး အဆင့်မှာတော့ လမျက်နှာပြင်ပေါ်ကို အာကာသ ယာဉ်မှုးတွေ ပြန်လည် ပို့ဆောင်ပေးနိုင်တော့ မှာ ဖြစ်ပါတယ်။ လူသား အများအပြားကို လမျက်နှာပြင်ပေါ် ပို့ဆောင်ပေးနိုင်မယ့် လဆင်းယာဉ် ဒီဇိုင်းကို တော့ General Motors နဲ့ Lockheed Martin တို့က ပူးပေါင်း ဖန်တီး နေပြီး ပုံကြမ်းတွေအရတော့ Roll Hoop နဲ့ ပစ္စည်းတင်စရာ နောက်တွဲပါတဲ့ Open Vehicle လို ပုံစံမျိုး ဖြစ်ပါတယ်။ အဆိုပါ ယာဉ်လေးမှာ ကတော့ မောင်းသူမဲ့ နည်းစနစ်ပါလာမှာ ဖြစ်လို့ အနာဂါတ် အာကာသယာဉ်တွေ အပိုင်း ကလည်း စိတ်လှုပ် ရှားစရာ ကောင်းလာနေပါပြီ။

Ref: motor 1.com