တကယ်လို့ သင်က လောလောဆယ်မှာ လမ်းကြမ်း မောင်းရမယ့် စွန့်စားခန်း အရသာအပြည့်နဲ့ Camp ထွက်ဖို့ ပြင်နေတဲ့ သူဆိုရင်တော့ Boreas Campers က အသစ် ထုတ်လုပ်ပေးလိုက်တဲ့ Camper Trailer အသစ်က သင့် အတွက်ဆိုတာ သေချာပါတယ်။ အဆိုပါ Trailer နောက်တွဲ အပိုင်းကိုတော့ Eos-12 လို့ အမည်ပေးထားပြီး လိုအပ် သမျှ အကုန်ပါမယ့်အပြင် လမ်းကြမ်းပိုင်းအတွက် မှန်းထားတာ မှန်သမျှ အကုန် လက်ညိုးထိုး မလွဲ ထည့်ပေးထား ပါတယ်။ ယခင်တုန်းကတော့ XT-12 လို့ အမည်ရခဲ့ဖူးတဲ့ အဆိုပါ Trailer အဟောင်းလေးကတော့ ဂရိ နတ်သမီး တစ်ပါးရဲ့အမည်ကို ပြန်ယူသုံးထားတာပါ။ အဆိုပါ နောက်တွဲယာဉ် လေးကတော့ ထူးထူးခြားခြားပဲ Power စနစ်သုံးထားတဲ့ Steel Chassis ၊ ဘယ်လမ်း ဘယ်ရာသီမဆို စိတ်ကြိုက်သုံးနိုင်တဲ့ တာယာတွေအပြင် လက်မ ၂၀ လောက် အထိကို မြေပြင်ကင်းလွတ်အမြင့်ပေးနိုင်တဲ့ Cruisemaster အသစ်ကိုလည်း ထည့်ပေးထား ပါသေးတယ်။ ဒါ့အပြင် သစ်သားတွေထည့်သုံးပေးထားတဲ့ အပြင်အဆင်တွေကြောင့်လည်း ဘယ်လိုခရီးစဉ်မျိုး အတွက် မဆို ဆွဲဆောင်မှု ရှိနေတာ အမှန်ပါပဲ။

Photo Credit: motor 1.com

အဆိုပါ နောက်တွဲယာဉ်လေး ကတော့ အရှည် ၁၉ ပေ ၊ အကျယ် ၇.၁ ပေ နဲ့ အမြင့် ၇.၆ ပေ အထိ ရှိခဲ့ကာ တော်တော် လေး ကျစ်ကျစ်လစ်လစ်နဲ့ ကိုပဲ ကြီးမားတယ်လို့ ဆိုရမှာပါ။ အလေးချိန်ပိုင်းကလည်း ပေါင် ၃,၇၀၀ ပဲ ကျသင့်တာ ကြောင့် ပေါ့ပါးသလို Pickup Truck ဒါမှမဟုတ် SUV တစ်စီးစီး နောက်မှာတော့ အေးဆေး လိုက်ပါနိုင်ပါတယ်။ Boreas Campers ရဲ့ ပိုင်ရှင်ဖြစ်သူ Matt Reichel ကတော့ အခု Eoc-12 Hybrid လေးကို စတင်ပွဲထုတ် နိုင်ခဲ့တာဟာ ဈေးကွက် အသစ်တွေအတွက် စိတ်လှုပ်ရှားစွာ ကောင်းနေတဲ့ အပြင် စိန်ခေါ်မှုပြင်းပြင်းနဲ့ သွားရတဲ့ လမ်းတွေကို ကြိုက်သူတွေ အတွက် သတင်းကောင်းဖြစ်စေမှာ ပါလို့ ဆိုထားပါတယ်။ ဒါတင်မကသေးပဲ အတွင်းခန်းထဲမှာလည်း ကောင်းကောင်း မတ်တပ်ရပ်လို့ရပြီး အေးဆေး ရေချိုးလို့ရတဲ့ အနေအထားကြောင့်ကို အတော်လေးအဆင်ပြေ နိုင်ပါတယ်။

Photo Credit: motor 1.com

အခု နောက်တွဲကား‌လေးရဲ့ အခြားသော အသေးစိတ်တွေကိုတော့ ဆက်လက် ကြည့်ကြရဦးမှာ ဖြစ်ပေမယ့် အသိသာ ဆုံးသော အချက်တွေကတော့ အမြင့် ၆ ပေ အထိ ရှိတဲ့ မတ်တပ်ရပ်လို့ ကောင်းကောင်းရတဲ့ အခန်းရယ် နောက်ထပ် အမိုးပေါ် ထပ်တင်ဖို့ ၆ ပေ အထိ ရတာတွေပဲ ဖြစ်ပါတယ်။ အိပ်ဖို့ နေရာအပြင် ညစာတွေ မနက်စာဖို့ နေရာထိုင်ခင်း ကိုပါ ရအောင် သေချာပြင်ဆင်ပေးထားပြီး အမြဲတမ်းတင်ထားလို့တဲ့ Queen Size အိပ်ယာကြီးနဲ့ အတူ ခေါက်လို့ ရတဲ့ နှစ်ယောက် အိပ်ခေါက်ကုတင်တစ်လုံးလည်း ပါဝင်ပါ သေးတယ်။ ဒါ့အပြင် ပုံထဲမှာ မြင်ရတဲ့အတိုင်း ရေချိုးခန်း ကလည်း အတော်လေး ကျယ်တာကိုတွေ့ရမှာပါ။ အဆိုပါနောက်တွဲ Boreas Eos-12 Off-Road Camper Trailer လေးကိုတော့ $ 74,990 နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး အခုနှစ်ရဲ့ စတုတ္ထ သုံးလပတ်လောက်မှာ စတင်ဝယ်ယူလို့ ရနိုင်မှာဖြစ်ပါတယ်။

Ref: motor 1.com