Cadillac ကား ကုမ္ပဏီကတော့ အခု ဆယ်စုနှစ် အကုန်မှာပဲ လျှပ်စစ် ကားသီးသန့်ထုတ်လုပ်တဲ့ Brand တစ်ခု ဖြစ်လာ တော့မှာပါ။ အခု ဆိုရင်တော့ အဆိုပါ ရည်မှန်းချက် အထမြောက်လာအောင် စတင်ကြိုးစားနေတဲ့ အဆင့်ကို ရောက်လာပြီ ဖြစ်ပြီး Lyriq ဆိုတဲ့ လျှပ်စစ်ကား ကို စတင် ထုတ်လုပ်နေပြီ ဖြစ်ကာ နောက်ပိုင်းမှာတော့ Celestiq Sedan ဆိုတဲ့ ကားလည်း ဆက်တိုက်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ဒါပေ မယ့် အဆိုပါ ကားသစ်နှစ်စီး ပြီးရင် ဘာတွေ ဆက်မြင်ရဦးမှာလည်း ဆိုတာကိုတော့ အသေအချာ မပြောပြထားသေးပေမယ့် အခုဆိုရင် တော့ အနာဂါတ် ကားမော်ဒယ်တွေနဲ့ ပတ်သက်တဲ့ ခေတ်လွန် ဒီဇိုင်းတစ်ချို့နဲ့အတူ သဲလွန်စတွေကိုပါ ချပြလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ Concept ကား ပုံစံအသစ်တွေထဲမှာ ဆိုရင်တော့ ဒီဇိုင်းခပ်လန်းလန်းနဲ့ ခရီးသည် တစ်ယောက်စီး ဒေါင်လိုက်ပဲ ထောင်တက်နိုင် မယ့် ကားပျံအထိကို ပါဝင်လာသလို ၊ မောင်းသူမဲ့ Shuttle ၊ မောင်းသူမဲ့ လျှပ်စစ် Coupe ကားတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ အဆိုပါ အနာဂါတ် ထုတ်ကုန် အသစ်တွေမှာ အဓိက အားသာချက် ဖြစ်လာနိုင်တာကတော့ အတွင်းခန်း ပုံစံတွေ ဖြစ်ပြီး မောင်းသူမဲ့တွေ ချည်း ဖြစ်တာကြောင့် အတော် လေးကို ကျယ်ဝန်းတဲ့ ခေတ်လွန် ဒီဇိုင်းတွေကို မြင်ရမှာပါ။ Cadillac ကတော့အနာဂါတ်ရဲ့ ကားတွေထဲမှာ ခရီးသည် တွေအဖို့ ကားလည်း မောင်းစရာမလို ဒီတိုင်းထိုင်လိုက်ရုံပဲ ဆိုရင် တစ်ခြားဘာတွေများ လုပ်စရာရှိဦးမလဲ ဆိုတဲ့ ထူးထူးခြားခြား အိုင်ဒီယာတွေကို ဆန်းသစ် စဉ်းစားထားပုံ ရပါတယ်။

Photo Credit: motor 1.com

GM ရဲ့ အဆင့်မြင့် ဒီဇိုင်း အဖွဲ့မှ ကားအတွင်းခန်း ဒီဇိုင်းပိုင်း မန်နေဂျာဖြစ်သူ Joe Baker ကတော့ သူတို့ ကုမ္ပဏီ အနေနဲ့ အနာဂါတ်မှာ ခရီးသည်တွေအဖို့ လုံးဝမတူညီတဲ့ လျှပ်စစ်ကား အရသာအသစ်တွေကို ခံစားနိုင်အောင် စီစဉ် ထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်  အခု နောက်ပိုင်းမှာလည်း ကားကုမ္ပဏီ အတော်များများကတော့ သူတို့ရဲ့ကားသစ်တွေကို ပိုပြီးခေတ်လွန်လာအောင် အနာဂါတ် ဒီဇိုင်းတွေအဖြစ် အတွင်းခန်းမှာလည်း Screen အကြီးကြီးတွေ ထည့်ပေးလာခဲ့တာပါ။ Cadillac မှာ ဆိုရင်တော့ အဆိုပါ အခြေခံ ဒီဇိုင်း သဘော တရားတွေကိုပဲ PersonalSpace၊ SocialSpace နဲ့ အထူးသဖြင့် InnerSpace Concept တွေကို အခုကား Concept တွေမှာ သေချာချပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Cadillac ရဲ့ InnerSpace Concept မှာ ဆိုရင်တော့ အတွင်းခန်းက ဇိမ်ခံအသွင် အနှစ်သာရတွေနဲ့ အတော်လေး နေချင်စဖွယ်ကောင်းမှာ ဖြစ်ပြီး အဆိုပါ နည်းပညာဒီဇိုင်းရဲ့ အရေးကြီးဆုံးသော အစိတ်အပိုင်းအဖြစ်တော့ AI ကို အဓိက အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးမျိုးသော ခရီးသည်တွေအဖို့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံ တွေကို စိတ်ကြိုက် အလိုအလျောက်ပြောင်းပေးထားနိုင်မှာ ဖြစ်ကာ သီချင်း တွေ ၊ အခန်းတွင်း အပူချိန်တွေက ကွက်တိဖြစ်နေစေမှာပါ။ ဒါတင်မကသေးပဲ အဆိုပါ ကားထဲကို ဝင်လိုက်တာနဲ့ ခရီးသည်ရဲ့ နှလုံးခုန်နှုန်း ၊ သွေးပေါင်ချိန် တွေအထိ အလိုအလျောက် တိုင်းတာပြီး ခရီးသည်ရဲ့ စိတ်ကြိုက်ကို ခန့်မှန်းကာ လိုတာမှန်သမျှ ဖြည့်ဆည်း တပ်ဆင်ပေး မှာ ဖြစ်ပါတယ်။ Cadillac ကတော့ အခု ကားတွေကို အနာဂါတ် အတွက် ရည်ရွယ် ထားတယ် ဆိုတဲ့ အဆင့်တစ်ခုမှာပဲ ချပြထားသေးတာ ကြောင့် ထုတ်လုပ်ဖို့ ဆိုတာ အခုချိန်မှာ ဘယ်လိုမှ မျှော်လင့်လို့ မရသေးပါဘူး။ တကယ် ထုတ်လုပ်မယ်ဆိုရင်တောင်မှ လက်ရှိ ကမ္ဘာမှာ ဘယ်လိုမှ အဆင်မပြေနိုင် သေးတာကြောင့် အနာဂါတ် အတွက် ကြိုမျှော်လင့်ထားတာ ပိုအဆင်ပြေပြီးလာမယ့် နှစ်ပေါင်း ၁၀၀ လောက် အတွင်းမှာတော့ မောင်းသူမဲ့ ယာဉ်တွေနဲ့ အတူ အခုကားတွေကို ရင်းရင်း နှီးနှီး မြင်တွေ့လာရနိုင်တာပဲဖြစ်ပါတယ်။

Ref: motor 1.com