လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက် တုန်းကဆိုရင် Cadillac Escalade ဆိုတာက တကယ့်ကို ဇိမ်ခံ လို့ ကောင်း တဲ့ အကောင်းစား SUV ကားကြီးတွေအဖြစ် သတ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အပြင် ပိုင်း က ကြည့်ကောင်းတဲ့ ဒီဇိုင်းတစ်ချို့ ၊ အတွင်းခန်းက သားရေခုံတွေနဲ့ ခန့်ညားမှုတွေအပြင် ကားရဲ့ V8 Engine စွမ်းဆောင်ရည် ကောင်းတွေကြောင့် ပိုပြီး လူကြိုက်များ ကြပါတယ်။ အခုခေတ် Escalade SUV တွေ ဆိုတာကတော့ အဆိုပါ အချက် တွေအပြင် နည်းပညာ အသုံးချနိုင်မှုအပိုင်းမှာပါ အံ့မခန်း တိုးတက်လာ ခဲ့ ပြန်တာပါ။ အထူးသဖြင့် Cadillac ရဲ့ Semi Autonomous Driving System လိုမျိုး နောက်ဆုံးပေါ် ခေတ်မှီလွန်းပါတယ် ဆိုတဲ့ ယာဉ်မောင်းအကူ နည်းပညာတွေ ကို ပိုပြီး ဆွဲဆောင်မှု ရှိနေတော့တာ ဖြစ်ပါ တယ်။ မနှစ်က နှစ်ကုန်ခါနီးလောက်မှာပဲ အခုလို ကောင်းမွန်တဲ့ လုပ်ဆောင် ချက်တွေနဲ့ အတူ Escalade ကား အသစ်တွေကို မိတ်ဆက်ခဲ့ပြီး Semiconductor Chip ပြား ပြတ်လပ်မှု ပြဿနာတစ်ချို့ ကြောင့်တော့ အနည်းငယ် အဟန့်အတား ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခု ဆိုရင်တော့ Escalade အတွက် ပိုကောင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်တွေမှုတွေကိုပါ ကုမ္ပဏီဘက်က ထပ်မံပေးဆောင်လာနိုင်ခဲ့ ပြန်ပါပြီ။
GM Authority က ဖော်ပြချက်အရတော့ ၅ ခုမြောက်မျိုးဆက် Escalade ကား တွေကိုပိုင်ဆိုင်ထားသူတွေ အနေနဲ့ Super Cruise Trailer Feature ကို OTA Update ကနေတစ်ဆင့် အလွယ်တကူပဲ ရရှိနိုင်တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Super Cruise နည်းပညာကိုတော့ Cadillac CT 6 Sedan ကား တွေမှာ စမိတ်ဆက်ခဲ့တာ ဖြစ်ပြီး Semi Autonomous Driving System ကို စတင်ခဲ့တဲ့ စနစ်လည်း ဖြစ်ပါ တယ်။ ယာဉ်မောင်းတွေ အနေနဲ့ အဆိုပါ စနစ် ရှိထားမယ်ဆိုရင် မြောက်အမေရိကရဲ့ အဝေးပြေးလမ်းမ ပေါင်း ၂၀၀,၀၀၀ လောက်ကို ထိန်းချုပ်စရာ မလိုပဲ လက်လွှတ်ပြီး အေးဆေးမောင်းနိုင်တယ်လို့ သိရပါ တယ်။ ဒါတင်မကသေးပဲ အဆိုပါ စနစ်ကနေအရှိန် အနိမ့်အမြင့် တို့ကအစ အလိုအလျောက် ထိန်းနိုင်သေး တာကြောင့် အတော်လေး ဟန်ကျနေပြီလို့ ဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် လည်း အခြားသော မောင်းသူမဲ့ နည်းပညာတွေလိုပဲ လုံးဝတော့ ဂရုမစိုက် မလွှတ်ထားပဲနဲ့ အခြေအနေတွေတော့ စောင့်ကြည့် သင့်ပါသေး တယ်။ အခု အသစ်ထပ်ထည့် ပေးလာမယ်ဆိုတဲ့ Super Cruise Trailering စနစ်ဆိုတာ ကတော့ ခုနက မောင်းသူမဲ့ စနစ်နဲ့ သဘောတရားခြင်း အတူတူပဲ ဖြစ်ပေမယ့် သူ့ အနေနဲ့ကတော့ နောက်တွဲ Trailer ကို မတင်နေရင်းတောင် ကားမောင်းလို့ ရနိုင်မယ့် စနစ် ဖြစ်ပါတယ်။
အခုလို လုပ်ပေးရတဲ့ အကြောင်းကတော့ အမေရိကလို ဈေးကွက်ထဲမှာ ဆိုရင် အခု ကားကိုအတွင်းခန်း ၊ အပြင်ပိုင်း ကြိုက်လို့ပဲ မဟုတ်ပဲ ပိုကောင်းတဲ့ နောက်တွဲတွေ ဆွဲအားကို ကြံ့ကြံ့ ခံနိုင်လို့ပါ။ RWD V8 ကား တွေ ဆိုရင် မိုင် ၈,၂၀၀၀ လောက် အထိသ ဆွဲနိုင် ၊ မနိုင်ပြီး ဒီဇယ်မော်ဒယ် ဆိုရင်တော့ ၈,၁၀၀ လောက် အထိကိုဆွဲနိုင်ပါတယ်။ ဒါကြောင့်အခု Super Cruise Trailering Feature အသစ်နဲ့ဆိုရင်တော့ အမေရိက လမ်းမထက်က Cadillac ပိုင်ရှင်တွေ အနေနဲ့ အေးဆေးပဲ နောက်တွဲကိုပါ အသာအယာ ဆွဲသွားနိုင်တော့မှာ ပါ။ အဆိုပါ OTA Update မှာတော့ အခုစနစ်အသစ် အပြင် အလိုအလျောက် လမ်းကြောင်း ပြောင်းစနစ် လည်း ထည့်ပေးထားမယ်လို့ သိရပါတယ်။ အခု အလိုအလျောက် လမ်းကြောင်းပြောင်း စနစ်ကို ဖွင့်ထား လိုက်တာနဲ့ တစ်ခြားကားတွေ လမ်းညွှန်စနစ်တွေကို အလိုအလျောက် သိရှိ နေမှာဖြစ်ပြီး သင့်တော်မယ့် လမ်းကြောင်းကို ချိတ်ဆက်ကာ ပြောင်းပေးနေနိုင်မှာ ဖြစ်ပါတယ်။ အခုကားရဲ့ နောက်တွဲ တွေဆွဲတဲ့ နေရာ မှာရလာမယ့် Update အသစ်ကြောင့်ယာဉ်မောင်းအနေနဲ့ မပင်မပန်းပဲ အလိုအလျောက် စနစ်နဲ့တင် အဆင် ပြေနေစေမယ်လို့ ကုမ္ပဏီဘက်က ဖော်ပြထားပါတယ်။ ဒ့ါအပြင် လမ်းကြောင်းပြောင်းပေးတဲ့ စနစ်ကိုလည်း Cadillac CT 4 နဲ့ CT 5 ကား တို့မှာပါ တစ်ပါတည်း ရလာနိုင်တော့မှာ ဖြစ်ပါတယ်။
Ref: carbuzz.com