အခုလ အစောပိုင်း လောက်တုန်းကပဲ General Motors ကားကုမ္ပဏီကြီးဆီကနေ အံ့ဩလောက်စရာ သတင်း တစ်ချို့ ကြားသိခဲ့ ရပါတယ်။ အဆိုပါ သတင်းကတော့ ကုမ္ပဏီ ရဲ့ Escalade နဲ့ Camaro ကားတွေ ကို သီးသန့် Brand ခွဲတစ်ခု အနေနဲ့ ခွဲထုတ်မယ် ဆိုတာပါပဲ။ Escalade ကား မော်ဒယ်ကလည်း ပိုသေးတဲ့ ထိုင်ခုံ ၃ တန်းပါ Crossover နဲ့ Minivan တစ်စီးအဖြစ် ထွက်ပေါ်လာမယ်ဆိုတဲ့ သတင်းတွေ ရှိထားပြီး လက်ရှိ ရှိပြီးသား Escalade ဇိမ်ခံ SUV ထက် ပိုသေးနိုင်မယ့် ကားလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ Escalade Brand အခွဲကနေ ဖြစ်လာနိုင်တဲ့ ကားပုံစံတစ်မျိုးကို Kolesa.ru ကနေ ဒီဂျစ်တယ် ပုံကြမ်းအနေနဲ့ ထုတ်လုပ်ပေးလာ ခဲ့ပါပြီ။ Escalade ကားကို SUV တစ်စီး အနေနဲ့ အစောပိုင်း မြင်ရသလောက်ကတော့ မဆိုးဘူးလို့ ဆိုလို့ရနိုင်ပြီး အရှေ့ဘက် Fascia မှာ ခပ်ကြီးကြီး Grille ကလည်း ခေတ်ပေါ် အလားတူ MPV ကားတွေရဲ့ လေးထောင့် ဆန်ဆန် ကိုယ်ထည် နဲ့လည်း လိုက်ဖက်နေပါတယ်။ အခုလို ကားမျိုးတွေထဲမှာမှ အထူးသဖြင့် တရုတ်ဈေးကွက်ထဲမှာ ဆိုရင် Zeekr 009 နဲ့ Trumpchi M8 ကားတွေ ဆိုရင်လည်း အဆိုပါ ပုံစံအတိုင်း ထုကြီး ကြီးနဲ့ ဖြစ်လာနေကြတာပါ။ တရုတ် ဈေးကွက်ထဲ မှာ အခုလို ကားအမျိုးအစားတွေလည်း နေရာရလာ နေတာကြောင့် Escalade Brand ခွဲ အနေနဲ့ သာ တကယ်ဖြစ်လာ မယ် ဆိုရင်လည်း တရုတ် ဈေးကွက် အတွင်းကို သီးသန့် ဝင်ရောက်လာဖို့ ဖြစ်နိုင်ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ Buick နဲ့ Lexus တို့လို Brand တွေကအစ ဇိမ်ခံ Minivan တွေ ကို အဆိုပါ ဈေးကွက်ထဲ ဝင်ရောက် ရောင်းချနေပြီ ဖြစ်ပြီး ပြိုင်ဆိုင် မှုကတော့ ပြင်းထန်နေနှင့်ပြီးသားပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် Escalade Minivan အတွက်ကတော့ အခုချိန်မှာ ဘာမှ အတိအကျ မပြောနိုင်သေးတဲ့ အခြေအနေပဲရှိသေးတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ပြိုင်ဘက် Buick ကလည်း မကြာသေးမီကမှ ဈေးကွက် ထဲ ချပြထားတဲ့ Buick GL8 Century ကားနဲ့အတူ ဈေးကွက်နေရာ ဦးထားပါပြီ။ အဆိုပါ ကားကတော့ Maybach အဆင့်လောက် အထိ ရှိတဲ့ အတွင်းခန်း ကျယ်ဝန်းမှုအပြင် Bose Speaker တွေ တပ်ဆင်ထား တဲ့ အဆင့်မြင့် အသံစနစ် ၊ အနောက်ဘက်က အလိုအလျောက် ထိုးတံခါးတွေနဲ့ အတော်လေးကို Premium ဆန်တာ တွေ့ရပါတယ်။ တကယ်သာ တရုတ် ဈေးကွက် ထဲ ဝင်လာဖြစ်မယ် ဆိုရင်တော့ Escalade ကားသစ်တွေက GL8 ထက် ပိုဈေးသက်သာတဲ့ ကားတွေအဖြစ် ဝင်ရောက်လာ နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက် တုန်းက Car And Driver မဂ္ဂဇင်း ကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေ အရ ဆိုရင် တော့ ထိုင်ခုံ ၃ တန်းပါ နောက်ထပ် SUV တစ်စီး နဲ့ နောက်ထပ် Minivan တစ်မျိုးကိုပါ တွဲဖက် ဖန်တီး နေတာမျိုးဖြစ်နိုင်သေးတယ်လို့ သိရပြန်ပါတယ်။ ဖြစ်နိုင်တာကတော့ Toyota Crown လိုမျိုး ခပ်မြင့်မြင့် Sedan ဒါမှမဟုတ် Wagon ပုံစံလိုမျိုးလည်း ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: motor 1.com