တကယ်လို့ သင်က Cadillac CT4-V Blackwing ကားကိုလည်း ကြိုက်တယ် ငွေလည်း အတိုင်းအတာ တစ်ခုထိ လိုက် မမှီသေးဘူး ဆိုရင်တော့ နောက်ထပ် ရွေးချယ်လို့ ကောင်းမယ့် ကားမျိုးကွဲတစ်မျိုးကို Cadillac တို့က ပြင်ဆင် ပေးတော့မှာပါ။ အခု တနင်္လာ နေ့မှာပဲ ကုမ္ပဏီကနေ အဆိုပါ CT4-V  ကားကိုမှ Blackwing Track Edition ဆိုပြီး ‌ပြိုင်ကားပြေးလမ်းကြောင်းတွေက ကားတွေကို မှီငြမ်းထားမယ့် နောက် ထပ် ကားသစ်တစ်မျိုး ထွက်လာတော့မှာဖြစ်ကြောင်း ချပြလာခဲ့ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ လာ မယ့် ဇူလိုင်လမှာ စတင်မိတ်ဆက် ပေးမယ်လို့ သိရပြီး ၂၀၂၃ မော်ဒယ် အနေနဲ့တော့ ရောင်းချလာနိုင်ပါ တယ်။

Photo Credit: MotorAuthority

လက်ရှိ မြင်ရတဲ့ ‌Teaser Video အတို လေးမှာတော့ လက်ရှိမှာ ရနိုင်နေတဲ့ Carbon Fiber 1 နဲ့ Carbon Fiber 2 Package တွေပါ ကားသစ် မှာ ပါလာတာ တွေ့ ရပြီး IMSA ပြိုင်ပွဲတွေမှာ Cadillac တို့ အောင်မြင်မှု ရလေ့ ရှိတဲ့ Decals လေးတွေကိုလည်း ထည့်ပေးထားတာ တွေ့ရပါတယ်။ အဆိုပါ စတေကာ လို Decal လေးတွေမှာတော့ ယခင် အောင်မြင်မှုရခဲ့တဲ့ ပြိုင်ပွဲတွေရဲ့ လမ်းကြောင်းတွေကိုလည်း ဖော်ပြ ထားပါတယ်။ အဆိုပါ လမ်းကြောင်းတွေထဲမှာ တော့ Watkins Glen ၊ Road Atlanta နဲ့ Sebring ‌တွေ ပါဝင်လာမှာဖြစ် တယ်လို့ Cadillac ရဲ့ ကြောငြာပို့စ်လေးထဲမှာ သေချာဖော်ပြထားတာ ဖြစ်ပါတယ်။

 

Carbon Fiber 1 Package မှာ ဆိုရင်တော့ အရှေ့ဘက်က Splitter ၊ Dive Planes တွေနဲ့ အနောက်ဘက် က Spoiler တွေ ထပ်ထည့် ပေးထားတာဖြစ်ပြီး Carbon Fiber 2 Package မှာဆိုရင်တော့ Side Skirts တွေနဲ့ အနောက်ဘက် မှာ Diffuser တို့ ထပ်မံ ပါဝင်လာပါတယ်။ အဆိုပါပစ္စည်း တွေကတော့ CT4-V Blackwing ကားရဲ့တန်ဖိုးကိုမှ $ 7,000 လောက် အထိ ထပ်မံကျသင့် နိုင်တာပဲ ဖြစ်ပါတယ်။ တစ်ခု စောင့် ကြည့်ချင်စရာ ကောင်းတာကတော့ အဆိုပါ Track Edition Package အသစ်မှာ Standard Version ထက် ပိုကောင်းမယ့် ဘယ်လို စွမ်းဆောင်ရည် အဆင့်မြှင့်တင်မှုတွေ ပါဝင်လာမလဲ ဆိုတာပါပဲ။ CT4-V Blackwing ကားသစ်ကိုတော့ Twin-Turbocharged 3.6 Liter V 6 အင်ဂျင်ကို တပ်ဆင်ထားပြီး 472 hp နဲ့ 445 lb-ft Torque အနေနဲ့ စွမ်းဆောင်နိုင်တာပါ။ ကားကတော့ Rear-Wheel Drive နဲ့ ထွက် ထားခဲ့ပြီး 6-Speed Manual Transmission လည်း ပါဝင်ထားတာကြောင့် အခု ကားသစ်မှာရော ဘယ်လိုတွေ ပါလာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။

Ref: MotorAuthority